ယူနိုက်တက် ၂ – ၁ အက်စတွန်ဗီလာ ပွဲစဉ်မှာ ပြောစရာဖြစ်ခဲ့တဲ့ အချက် ၅ချက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းဟာ နှစ်သစ်ကူးနေ့မှာ အက်စတွန်ဗီလာကို ၂-၁ဂိုးနဲ့ အနိုင်ကစားကာ လီဗာပူးနဲ့ အမှတ်တူအနေအထား ဖြစ်လာခဲ့ပါတယ်။

ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို မာရှယ်က သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာ ဂရီလစ်ချ်ရဲ့ ပေးပို့မှုကနေ ဘာထရန် ထရာအိုရေးက ဗီလာအတွက် ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ်။ ဒါပေမဲ့ ၁မိနစ်အကြာမှာဘဲ ပေါ့ဂ်ဘာကို ဧရိယာထဲ လူးဝစ် ကစားပုံကြမ်းတယ်ဆိုပြီး ယူနိုက်တက်တို့ ပင်နယ်တီကန်ခွင့်ရခဲ့ကာ ဖာနန်ဒက်စ်က အဆိုပါ ပင်နယ်တီက အပိုင်ကန်သွင်းသွားခဲ့ပါတယ်။

ယနေ့ပွဲစဉ်မှာ ပြောစရာ ဖြစ်ခဲ့တဲ့ အချက်၅ချက်ကို ဖော်ပြပေးလိုက်ပါတယ်။


အမှတ်ပေးဇယား ပြိုင်ဆိုင်မှု

ယူနိုက်တက်အသင်းဟာ ယခုအချိန် ပရီးမီးယားလိဂ်ကို လီဗာပူနဲ့ အမှတ်တူအနေအထားနဲ့အတူ ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လီဗာပူးက ဂိုးကွာခြားချက် သာနေပေမဲ့ ယူနိုက်တက်မှာ လက်ကျန် ၁ပွဲ ကျန်နေသလို လက်ရှိ အကောင်းဆုံး အနေအထားအရ နိုင်ပွဲရဖို့ များနေပါတယ်။

ယူနိုက်တက်ဟာ နောက်ပွဲအဖြစ် ဘန်လေနဲ့ အဝေးကွင်းပွဲစဉ် ကစားရမှာဖြစ်ပြီး ၅ရက်အကြာမှာ ဇယားထိပ်က လီဗပာူးကို အန်ဖီးလ်မှာ ဆက်ကစားရမှာပါ။ ယူနိုက်တက်က နောက်ဆုံး ၅ပွဲမှာ ၄ပွဲနိုင်နေချိန် လီဗာပူးကတော့ နောက်ဆုံး ၂ပွဲဆက် သရေကျကာ အမှတ်လျော့နခဲ့ပြီး အန်ဖီးလ် ပွဲစဉ်က အရေးပါတဲ့ ပွဲ ဖြစ်လာနိုင်ပါတယ်။

ပေါ့ဂ်ဘာရဲ့ နေရာ

ပေါ့ဂ်ဘာရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကောလာဟာလမျိုးစုံ ထွက်ပေါ်နေချိန် ဆိုးလ်ရှားက သူ့ကို မတူညီတဲ့နေရာမှာ ကစားခိုင်းခဲ့ပါတယ်။ ဝုဗ်နဲ့ ပွဲစဉ်မှာ ပေါ့ဂ်ဘာတစ်ယောက် ခံစစ်ကို ပိုကူရတဲ့ ကွင်းလယ်လူတစ်ဦးအဖြစ် ကစားခဲ့ရပြီး ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့ပါဘူး။

ဒါပေမဲ့ ဗီလာနဲ့ ပွဲမှာတော့ ဆိုးလ်ရှားက ဘယ်တောင်ပံမှာ ထားကစားခဲ့ပြီး ပြင်သစ်သားတစ်ယောက် အထူး ခြေစွမ်းပြခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ မာရှယ်ရဲ့ ဦးဆောင်ဂိုး သွင်းယူမှုမှာ တိုက်စစ်စတဲ့ထဲ ပါဝင်ခဲ့သလို ဒုတိယပိုင်းမှာလည်း အသင်းအနိုင်ရစေမယ့် ပင်နယ်တီမှာ အဓိကကျခဲ့ပါတယ်။

ခံစစ်ပိုင်း ပြဿနာတွေ ရှိနေဆဲ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ယခုနှစ်ရာသီအတွင်း ခံစစ်ပိုင်း ပြဿနာတွေ ရှိနေခဲ့ပြီး နှစ်သစ်မှာလည်း အဆိုပါ ပြဿနာတွေ ပျောက်ကွယ်သွားခြင်း မရှိသေးပါဘူး။ မိနစ်၆၀မတိုင်ခင် ဂိုးပေးလိုက်ရချိန်မှာလည်း လိုအပ်တဲ့ ခံစစ်ပိုင်းအနေအထား ပုံစံမှာ ရှိမနေခဲ့ပါဘူး။

ဗီလာရဲ့ ဖရီးကစ်ကန်သွင်းမှုကို ကာကွယ်ဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက်ကို အငိုက်ဖမ်းသွားခဲ့ပြီး ဂရီလစ်ချ်က ဝမ်ဘစ်ဆာကို ကျော်ပြီး ထရာအိုရေးကို ပေးပို့နိုင်ခဲ့တာပါ။ ကံကောင်းတာကတော့ တိုက်စစ်က ဖာနန်ဒက်စ်၊ မာရှယ်၊ ရက်ရှ်ဖို့ဒ်တို့က ဂိုးတွေ ဆက်တိုက်သွင်းနေနိုင်လို့ပါပဲ။

ခြေစွမ်းကောင်းတွေ ပြသနေဆဲ ဂရီလစ်ချ်

ဂရီလစ်ချ် ထရာအိုရေးကို ဂိုးဖန်တီးပေးခဲ့ချိန်က ယူနိုက်တက် လူကပ်ထားမှုကနေ ပထမဆုံး လွတ်မြောက်ခဲ့ချိန်လည်း ဖြစ်ပါတယ်။ ဂရီလစ်ချ်က ဒုတိယပိုင်းအစောပိုင်းမှာတင် ဗီလာကို ချေပဂိုး ရရှိစေဖို့ ခြေစွမ်းကောင်းတွေနဲ့အတူ ရုန်းပေးခဲ့ပါတယ်။ ထရာအိုရေးရဲ့ ဂိုးမတိုင်ခင် ဝက်ကင်းစ် ခေါင်းပေါ်ကို ၁လုံးတင်ပေးခဲ့ပေမဲ့ တိုက်စစ်မှူးရဲ့ ခေါင်းတိုက်ချက်ကို ဒီဂီယာ လက်စွမ်းပြ ကာကွယ်သွားခဲ့ပါတယ်။

အရန်ခုံက လင်ဂတ်

ဗီလာနဲ့ပွဲအပြီး လင်ဂတ် ပရီးမီးယားလိဂ်မှာ မကစားရတာ ယမန်နှစ်ရာသီကုန်ကတည်းကပဲ ဖြစ်ပါတယ်။ ၂၈နှစ်သားဟာ ခြေစွမ်းကောင်း ပျောက်ဆုံးမှုနဲ့အတူ ပွဲထွက်ခွင့်တွေပါ ပျောက်ဆုံးလာတာကြောင့် အသင်းက ထွက်ခွာဖို့ ကြိုးစားလျက် ရှိနေပါတယ်။ လင်ဂတ်ကို အရန်ခုံမှာ ပြန်ထည့်လာတယ်ဆိုတာက ဆိုးလ်ရှား သူ့ကို ပြန်သုံးဖို့ အစီအစဉ်ရှိလို့ ဖြစ်နိုင်သလို အငှားချဖို့ မျှော်လင့်ထားလို့လည်း ဖြစ်နိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏုိက္တက္ ၂ – ၁ အက္စတြန္ဗီလာမွာ ပဲြစဥ္မွာ ေျပာစရာျဖစ္ခဲ့တဲ့ အခ်က္ ၅ခ်က္

ယူႏိုက္တက္အသင္းဟာ ႏွစ္သစ္ကူးေန႔မွာ အက္စတြန္ဗီလာကို ၂-၁ဂိုးနဲ႔ အႏိုင္ကစားကာ လီဗာပူးနဲ႔ အမွတ္တူအေနအထား ျဖစ္လာခဲ့ပါတယ္။ ယူႏိုက္တက္အတြက္ ဦးေဆာင္ဂိုးကို မာရွယ္က သြင္းယူေပးခဲ့ျပီး ဒုတိယပုိင္းမွာ ဂရီလစ္ခ်္ရဲ႕ ေပးပို႔မႈကေန ဘာထရန္ ထရာအုိေရးက ဗီလာအတြက္ ေခ်ပဂိုး ျပန္သြင္းေပးခဲ့ပါတယ္။ ဒါေပမဲ့ ၁မိနစ္အၾကာမွာဘဲ ေပါ့ဂ္ဘာကို ဧရိယာထဲ လူး၀စ္ ကစားပံုၾကမ္းတယ္ဆိုျပီး ယူႏိုက္တက္တို႔ ပင္နယ္တီကန္ခြင့္ရခဲ့ကာ ဖာနန္ဒက္စ္က အဆုိပါ ပင္နယ္တီက အပုိင္ကန္သြင္းသြားခဲ့ပါတယ္။ ယေန႔ပြဲစဥ္မွာ ေျပာစရာ ျဖစ္ခဲ့တဲ့ အခ်က္၅ခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္။

အမွတ္ေပးဇယား ျပိဳင္ဆုိင္မႈ
ယူႏုိက္တက္အသင္းဟာ ယခုအခ်ိန္ ပရီးမီးယားလိဂ္ကို လီဗာပူန႔ဲ အမွတ္တူအေနအထားန႔ဲအတူ ဦးေဆာင္ႏုိင္ခဲ့ျပီ ျဖစ္ပါတယ္။ လီဗာပူးက ဂိုးကြာျခားခ်က္ သာေနေပမဲ့ ယူႏိုက္တက္မွာ လက္က်န္ ၁ပဲြ က်န္ေနသလို လက္ရွိ အေကာင္းဆံုး အေနအထားအရ ႏုိင္ပဲြရဖို႔ မ်ားေနပါတယ္။ ယူႏိုက္တက္ဟာ ေနာက္ပဲြအျဖစ္ ဘန္ေလနဲ႔ အေ၀းကြင္းပဲြစဥ္ ကစားရမွာျဖစ္ျပီး ၅ရက္အၾကာမွာ ဇယားထိပ္က လီဗပာူးကို အန္ဖီးလ္မွာ ဆက္ကစားရမွာပါ။

ယူႏုိက္တက္က ေနာက္ဆံုး ၅ပဲြမွာ ၄ပဲြႏုိင္ေနခ်ိန္ လီဗာပူးကေတာ့ ေနာက္ဆံုး ၂ပဲြဆက္ သေရက်ကာ အမွတ္ေလ်ာ့နခဲ့ျပီး အန္ဖီးလ္ ပဲြစဥ္က အေရးပါတဲ့ ပဲြ ျဖစ္လာႏို္င္ပါတယ္။

ေပါ့ဂ္ဘာရဲ႕ ေနရာ

ေပါ့ဂ္ဘာရဲ႕ အနာဂတ္နဲ႔ ပတ္သက္ျပီး ေကာလာဟာလမ်ိဳးစံု ထြက္ေပၚေနခ်ိန္ ဆုိးလ္ရွားက သူ႕ကို မတူညီတဲ့ေနရာမွာ ကစားခုိင္းခဲ့ပါတယ္။ ၀ုဗ္နဲ႔ ပြဲစဥ္မွာ ေပါ့ဂ္ဘာတစ္ေယာက္ ခံစစ္ကို ပုိကူရတဲ့ ကြင္းလယ္လူတစ္ဦးအျဖစ္ ကစားခဲ့ရျပီး ေျခစြမ္းျပသႏိုင္ျခင္း မရွိခဲ့ပါဘူး။ ဒါေပမဲ့ ဗီလာနဲ႔ ပြဲမွာေတာ့ ဆုိးလ္ရွားက ဘယ္ေတာင္ပံမွာ ထားကစားခဲ့ျပီး ျပင္သစ္သားတစ္ေယာက္ အထူး ေျခစြမ္းျပခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

မာရွယ္ရဲ႕ ဦးေဆာင္ဂိုး သြင္းယူမႈမွာ တိုက္စစ္စတဲ့ထဲ ပါ၀င္ခဲ့သလို ဒုတိယပုိင္းမွာလည္း အသင္းအႏုိင္ရေစမယ့္ ပင္နယ္တီမွာ အဓိကက်ခဲ့ပါတယ္

ခံစစ္ပုိင္း ျပႆနာေတြ ရွိေနဆဲ ယူႏိုက္တက္

ယူႏုိက္တက္အသင္းဟာ ယခုႏွစ္ရာသီအတြင္း ခံစစ္ပုိင္း ျပႆနာေတြ ရွိေနခဲ့ျပီး ႏွစ္သစ္မွာလည္း အဆုိပါ ျပႆနာေတြ ေပ်ာက္ကြယ္သြားျခင္း မရွိေသးပါဘူး။ မိနစ္၆၀မတုိင္ခင္ ဂိုးေပးလိုက္ရခ်ိန္မွာလည္း လိုအပ္တဲ့ ခံစစ္ပုိင္းအေနအထား ပုံစံမွာ ရွိမေနခဲ့ပါဘူး။ ဗီလာရဲ႕ ဖရီးကစ္ကန္သြင္းမႈကို ကာကြယ္ဖုိ႔ ျပင္ဆင္ေနတဲ့ ယူႏုိက္တက္ကို အငိုက္ဖမ္းသြားခဲ့ျပီး ဂရီလစ္ခ်္က ၀မ္ဘစ္ဆာကို ေက်ာ္ျပီး ထရာအိုေရးကို ေပးပုိ႔ႏိုင္ခဲ့တာပါ။

ကံေကာင္းတာကေတာ့ တုိက္စစ္က ဖာနန္ဒက္စ္၊ မာရွယ္၊ ရက္ရွ္ဖို႔ဒ္တုိ႔က ဂိုးေတြ ဆက္တိုက္သြင္းေနႏိုင္လို႔ပါပဲ

ေျခစြမ္းေကာင္းေတြ ျပသေနဆဲ ဂရီလစ္ခ်္

ဂရီလစ္ခ်္ ထရာအုိေရးကို ဂုိးဖန္တီးေပးခဲ့ခ်ိန္က ယူႏုိ္က္တက္ လူကပ္ထားမႈကေန ပထမဆံုး လြတ္ေျမာက္ခဲ့ခ်ိန္လည္း ျဖစ္ပါတယ္။ ဂရီလစ္ခ်္က ဒုတိယပုိင္းအေစာပိုင္းမွာတင္ ဗီလာကို ေခ်ပဂိုး ရရွိေစဖို႔ ေျခစြမ္းေကာင္းေတြနဲ႔အတူ ရုန္းေပးခဲ့ပါတယ္။

ထရာအုိေရးရဲ႕ ဂိုးမတိုင္ခင္ ၀က္ကင္းစ္ ေခါင္းေပၚကို ၁လံုးတင္ေပးခဲ့ေပမဲ့ တုိက္စစ္မွဴးရဲ႕ ေခါင္းတုိက္ခ်က္ကို ဒီဂီယာ လက္စြမ္းျပ ကာကြယ္သြားခဲ့ပါတယ္။

အရန္ခံုက လင္ဂတ္

ဗီလာနဲ႔ပဲြအျပီး လင္ဂတ္ ပရီးမီးယားလိဂ္မွာ မကစားရတာ ယမန္ႏွစ္ရာသီကုန္ကတည္းကပဲ ျဖစ္ပါတယ္။ ၂၈ႏွစ္သားဟာ ေျခစြမ္းေကာင္း ေပ်ာက္ဆံုးမႈနဲ႔အတူ ပဲြထြက္ခြင့္ေတြပါ ေပ်ာက္ဆံုးလာတာေၾကာင့္ အသင္းက ထြက္ခြာဖုိ႔ ၾကိဳးစားလ်က္ ရွိေနပါတယ္။ လင္ဂတ္ကို အရန္ခုံမွာ ျပန္ထည့္လာတယ္ဆုိတာက ဆုိးလ္ရွား သူ႕ကို ျပန္သံုးဖို႔ အစီအစဥ္ရွိလို႔ ျဖစ္ႏိုင္သလို အငွားခ်ဖုိ႔ ေမွ်ာ္လင့္ထားလို႔လည္း ျဖစ္ႏုိင္ပါတယ္။