ယူနိုက်တက် ၆ -၂ လိဒ်ယူနိုက်တက်ပွဲစဉ်မှာ ပြောစရာ ဖြစ်ခဲ့တဲ့ အချက်(၅)ချက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ


ယူနိုက်တက်အသင်းဟာ ရာသီအစ အထနှေးမှုတွေကို လိဒ်ယူနိုက်တက်အား ၆-၂နဲ့ အနိုင်ယူခဲ့တဲ့ ပွဲစဉ်မှာ ပထမပိုင်းအတွင်း ၄ဂိုး သွင်းပြီး ထားရစ်ခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်မှာ ကွင်းလယ်လူ တော်မီနေးက ၂မိနစ်နဲ့ ၃မိနစ်တို့မှာ ဦးဆောင်ဂိုးတွေ ဆက်တိုက်သွင်းယူခဲ့ပြီး ဖာနန်ဒက်စ်က မိနစ် ၂၀မှာ တတိယဂိုး ထပ်သွင်းခဲ့ပါတယ်။
လိဒ်က ပထမပိုင်းပြီးခါနီးမှာ ချေပဂိုး ၁ဂိုး ပြန်သွင်းခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ဖာနန်ဒက်စ်၊ ဂျိမ်းစ်တို့က ဂိုးတွေ ထပ်သွင်းခဲ့တာကြောင့် ၆-၂ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။
အဆိုပါ ပွဲစဉ်မှာ ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ချက်ကို သုံးသပ် ဖော်ပြပေးလိုက်ပါတယ်။

တော်မီနေးရဲ့ ဆရာကျတဲ့ ခြေစွမ်း
=================
တော်မီနေး ဒုတိယဂိုး သွင်းပြီးတဲ့နောက် ဂယ်ရီနဗီးလ်က “တော်မီနေးက ပေါလ်စခိုးလ်၊ ရွိုင်ကိန်းတို့လို ပုံစံ ဖြစ်သွားတာပဲ”လို့ ပြောခဲ့ပါတယ်။
ဒါက ပိုပိုသာသာ မြှောက်ပြောတာ ဖြစ်နိုင်ပေမဲ့ စကော့တလန်သားရဲ့ ခြေစွမ်းက တကယ်ကို ဂန္တဝင် ကွင်းလယ်လူ ၂ဦးရဲ့ ခြေစွမ်းနီးပါး ကောင်းမွန်ခဲ့တာ တွေ့နိုင်ပါတယ်။
၂၄နှစ်သားဟာ ဒီနှစ်ရာသီမှာ နေရာရဖို့ ရုန်းကန်နေရပေမဲ့ ယနေ့ပွဲမှာတော့ ၃မိနစ်အတွင်း ၂ဂိုးသွင်းကာ ပုံမှန်ပွဲထွက်ခွင့်နဲ့ ထိုက်တန်ကြောင်း ပြသသွားခဲ့ပါတယ်။

ဒါ့အပြင် ဒုတိယပိုင်းမှာလည်း လိဒ် နောက်ခံလူ ၁ဦးရဲ့ ဖြတ်ထုတ်မှုကို ကျော်ဖြတ်ကာ ဒန်နီရယ်ဂျိမ်းစ်ကို သွင်းဂိုး ၁ဂိုး ဖန်တီးပေးခဲ့ပါသေးတယ်။
ဘယ်အသင်းက အထနှေးတာလဲ?

ဘယ်အသင်းက အထနှေးတာလဲ?

===============

ဆိုးလ်ရှားအနေနဲ့ ပထမပိုင်းပွဲစကတည်းက ယူနိုက်တက်ရဲ့ ထိုးဖောက်ကစားဖို့ ပြင်ဆင်မှုတွေအပေါ် ကျေနပ်နေမယ်လို့ ထင်ပါတယ်။
ယူနိုက်တက်အသင်းဟာ ယခုနှစ်ရာသီ ပြိုင်ဘက်ကို အစောပိုင်းမှာ ဂိုးတွေခွင့်ပြုခဲ့ရပြီး အထလေးတယ်လို့ နာမည်ကြီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရှက်ဖီးယူနိုက်တက်နဲ့ ပွဲမှာလည်း မက်ဂိုဒရစ်ရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရတာ သက်သေပဲ ဖြစ်ပါတယ်။
ယူနိုက်တက်က ၃-၂နဲ့ ပြန်နိုင်ခဲ့ပေမဲ့ ဆိုးလ်ရှားက အစပိုင်း အထလေးမှုအပေါ် စိုးရိမ်မိကြောင်း ပြောခဲ့ပါတယ်။
ဒါပေမဲ့ ယနေ့မှာတော့ အိမ်ကွင်းမှာ အကောင်းဆုံး စတင်နိုင်ခဲ့ပြီး ၃မိနစ် အတွင်း ၂ဂိုးသွင်းကာ အထမလေးဘူးဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်

ဘီယဲလ်ဆာရဲ့ စွန့်စားမှုက ပေးဆပ်မှု ကြီးမားခဲ့
=================
ဘီယဲလ်ဆာဟာ ပွဲတွေအတွင်း ကစားပုံကို ချပြတတ်သူအဖြစ် နာမည်ကြီးပြီး ယခုလအစောပိုင်းဆိုရင် ဝက်စ်ဟမ်းနဲ့ ပွဲမှာ ကစားမယ့် ကစားသမား ၁၁ယောက်လုံးကို ပြောပြခဲ့ပါတယ်
အလားတူ ယူနိုက်တက်နဲ့ ပွဲမတိုင်ခင်မှာလည်း တန်ပြန်တိုက်စစ် ကစားတဲ့ အသင်းကို တိုက်စစ်ဆင့်ဖွင့်ပြီး ကစားသွားမှာသာ ဖြစ်ကြောင်း ကြွေးကြော်ခဲ့ပါတယ်။
ပွဲက လုံးဝကို အကြိတ်အနယ် ရှိခဲ့ပြီး ကြည့်ရတာ ရသမြောက်ခဲ့ပေမဲ့ ဘီယဲလ်ဆာရဲ့ စွန့်စားမှုက လိဒ်ကို ထိုးနှက်ချက် ဖြစ်စေခဲ့ပြီး ၃၇မိနစ်မှာတင် ၄ဂိုး ရှုံးစေခဲ့ပါတယ်။


ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းကောင်းတွေ ထပ်မြင်ရတဲ့ပွဲ

=================
ဘရူနို ဖာနန်ဒက်စ်ဟာ ယနေ့ညပွဲမှာလည်း ၂ဂိုးသွင်း ၁ဂိုးဖန်တီးကာ ယခုနှစ်ရာသီ ပွဲ၂၀ ကစားချိန် ဂိုးတွေ ပါဝင်ပတ်သက်မှုက အကြိမ် ၂၀အထိ ရှိခဲ့ပါတယ်။
ဖာနန်ဒက်စ်က တော်မီနေးရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့သလို ကိုယ်တိုင်လည်း ထောင့်ဖြတ်အနေအထားကနေ ၁လုံး၊ ပင်နယ်တီကနေ ၁လုံး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒီနှစ်ရာသီအစ ယူနိုက်တက်က မတည်မငြိမ် ဖြစ်ခဲ့ပေမဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၇ပွဲမှာ ၆ပွဲနိုင်ခဲ့ပြီး ဖာနန်ဒက်စ်လည်း ကွင်းတွင်း ကွင်းပြင် အဓိက ကစားသမားအဖြစ် ဆက်ရှိနေခဲ့ကာ အသင်ဖော်တွေကို စိတ်ဓာတ်မြင့်တင်ပေးမှုတွေ ပြုုလုပ်ပေးခဲ့ပါတယ်။


ယူနိုက်တက်က ဆုဖလား စိန်ခေါ်နိုင်ပြီလား
==================
ပြီးခဲ့တဲ့လတုန်းက ချလ်ဆီးနည်းပြ လမ်းပတ်ရော၊ တော့တင်ဟမ်နည်းပြ မော်ရင်ဟိုပါ ဆုဖလားအတွက် စိန်ခေါ်သူဆိုတဲ့ ပြောစကားတွေအပေါ် ပယ်ချသွားခဲ့ပါတယ်။
လိဒ်နဲ့ ပွဲမတိုင်ခင် ဆိုးလ်ရှားကတော့ ယူနိုက်တက်ဟာ ဆုဖလားအတွက် ကစားနေတာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
ယခုအချိန်မှာဆိုရင် ယူနိုက်တက်က ၁ပွဲလျော့အနေအထားနဲ့ အဆင့်၃နေရာကို ရောက်လာပြီ ဖြစ်ပြီး ဇယားထိပ်က လီဗာပူးနဲ့ ၅မှတ်သာကွာတဲ့ အခြေအနေကြောင့် ဆုဖလား စိန်ခေါ်နိုင်တဲ့ အသင်း ဖြစ်လာပြီလို့တော့ ဆိုရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္ ၆ -၂ လိဒ္ယူႏုိက္တက္ပြဲစဥ္မွာ ေျပာစရာ ျဖစ္ခဲ့တဲ့ အခ်က္(၅)ခ်က္
========================
ယူႏိုက္တက္အသင္းဟာ ရာသီအစ အထေႏွးမႈေတြကို လိဒ္ယူႏိုက္တက္အား ၆-၂နဲ႔ အႏိုင္ယူခဲ့တဲ့ ပဲြစဥ္မွာ ပထမပုိင္းအတြင္း ၄ဂိုး သြင္းျပီး ထားရစ္ခဲ့ျပီ ျဖစ္ပါတယ္။

အဆိုပါ ပဲြစဥ္မွာ ကြင္းလယ္လူ ေတာ္မီေနးက ၂မိနစ္နဲ႔ ၃မိနစ္တို႔မွာ ဦးေဆာင္ဂိုးေတြ ဆက္တုိက္သြင္းယူခဲ့ျပီး ဖာနန္ဒက္စ္က မိနစ္ ၂၀မွာ တတိယဂိုး ထပ္သြင္းခဲ့ပါတယ္။
လိဒ္က ပထမပုိင္းျပီးခါနီးမွာ ေခ်ပဂိုး ၁ဂိုး ျပန္သြင္းခဲ့ေပမဲ့ ဒုတိယပိုင္းမွာ ဖာနန္ဒက္စ္၊ ဂ်ိမ္းစ္တုိ႔က ဂိုးေတြ ထပ္သြင္းခဲ့တာေၾကာင့္ ၆-၂ဆိုတဲ့ ရလဒ္န႔ဲ အႏိုင္ရခဲ့ပါတယ္။
အဆုိပါ ပဲြစဥ္မွာ ေျပာစရာ ျဖစ္ခဲ့တဲ့ အခ်က္ ၅ခ်က္ကို သံုးသပ္ ေဖာ္ျပေပးလိုက္ပါတယ္။
ေတာ္မီေနးရဲ႕ ဆရာက်တဲ့ ေျခစြမ္း
=================

ေတာ္မီေနး ဒုတိယဂိုး သြင္းျပီးတဲ့ေနာက္ ဂယ္ရီနဗီးလ္က “ေတာ္မီေနးက ေပါလ္စခိုးလ္၊ ရြိဳင္ကိန္းတို႔လို ပံုစံ ျဖစ္သြားတာပဲ”လို႔ ေျပာခဲ့ပါတယ္။
ဒါက ပုိပုိသာသာ ေျမွာက္ေျပာတာ ျဖစ္ႏိုင္ေပမဲ့ စေကာ့တလန္သားရဲ႕ ေျခစြမ္းက တကယ္ကို ဂႏၱ၀င္ ကြင္းလယ္လူ ၂ဦးရဲ႕ ေျခစြမ္းနီးပါး ေကာင္းမြန္ခဲ့တာ ေတြ႕ႏိုင္ပါတယ္။
၂၄ႏွစ္သားဟာ ဒီႏွစ္ရာသီမွာ ေနရာရဖို႔ ရုန္းကန္ေနရေပမဲ့ ယေန႔ပြဲမွာေတာ့ ၃မိနစ္အတြင္း ၂ဂိုးသြင္းကာ ပံုမွန္ပဲြထြက္ခြင့္နဲ႔ ထုိက္တန္ေၾကာင္း ျပသသြားခဲ့ပါတယ္။
ဒါ့အျပင္ ဒုတိယပုိင္းမွာလည္း လိဒ္ ေနာက္ခံလူ ၁ဦးရဲ႕ ျဖတ္ထုတ္မႈကို ေက်ာ္ျဖတ္ကာ ဒန္နီရယ္ဂိ်မ္းစ္ကို သြင္းဂိုး ၁ဂိုး ဖန္တီးေပးခဲ့ပါေသးတယ္။
ဘယ္အသင္းက အထေႏွးတာလဲ?

===============
ဆုိးလ္ရွားအေနနဲ႔ ပထမပုိင္းပြဲစကတည္းက ယူႏုိက္တက္ရဲ႕ ထုိးေဖာက္ကစားဖုိ႔ ျပင္ဆင္မႈေတြအေပၚ ေက်နပ္ေနမယ္လို႔ ထင္ပါတယ္။
ယူႏိုက္တက္အသင္းဟာ ယခုႏွစ္ရာသီ ျပိဳင္ဘက္ကို အေစာပုိင္းမွာ ဂိုးေတြခြင့္ျပဳခဲ့ရျပီး အထေလးတယ္လို႔ နာမည္ၾကီးခဲ့ပါတယ္။
ျပီးခဲ့တဲ့ ရွက္ဖီးယူႏိုက္တက္နဲ႔ ပြဲမွာလည္း မက္ဂိုဒရစ္ရဲ႕ ဦးေဆာင္ဂိုးကို ခြင့္ျပဳေပးခဲ့ရတာ သက္ေသပဲ ျဖစ္ပါတယ္။
ယူႏိုက္တက္က ၃-၂နဲ႔ ျပန္ႏိုင္ခဲ့ေပမဲ့ ဆုိးလ္ရွားက အစပုိင္း အထေလးမႈအေပၚ စုိးရိမ္မိေၾကာင္း ေျပာခဲ့ပါတယ္။

ဒါေပမဲ့ ယေန႔မွာေတာ့ အိမ္ကြင္းမွာ အေကာင္းဆံုး စတင္ႏိုင္ခဲ့ျပီး ၃မိနစ္ အတြင္း ၂ဂိုးသြင္းကာ အထမေလးဘူးဆိုတာ သက္ေသျပႏိုင္ခဲ့ပါတယ္
ဘီယဲလ္ဆာရဲ႕ စြန္႔စားမႈက ေပးဆပ္မႈ ၾကီးမားခဲ့
=================
ဘီယဲလ္ဆာဟာ ပဲြေတြအတြင္း ကစားပံုကုိ ခ်ျပတတ္သူအျဖစ္ နာမည္ၾကီးျပီး ယခုလအေစာပုိင္းဆုိရင္ ၀က္စ္ဟမ္းနဲ႔ ပြဲမွာ ကစားမယ့္ ကစားသမား ၁၁ေယာက္လံုးကို ေျပာျပခဲ့ပါတယ္။
အလားတူ ယူႏိုက္တက္နဲ႔ ပြဲမတုိင္ခင္မွာလည္း တန္ျပန္တုိက္စစ္ ကစားတဲ့ အသင္းကို တိုက္စစ္ဆင့္ဖြင့္ျပီး ကစားသြားမွာသာ ျဖစ္ေၾကာင္း ေၾကြးေၾကာ္ခဲ့ပါတယ္။

ပဲြက လံုး၀ကို အၾကိတ္အနယ္ ရွိခဲ့ျပီး ၾကည့္ရတာ ရသေျမာက္ခဲ့ေပမဲ့ ဘီယဲလ္ဆာရဲ႕ စြန္႔စားမႈက လိဒ္ကို ထုိးႏွက္ခ်က္ ျဖစ္ေစခဲ့ျပီး ၃၇မိနစ္မွာတင္ ၄ဂိုး ရႈံးေစခဲ့ပါတယ္။
ဖာနန္ဒက္စ္ရဲ႕ ေျခစြမ္းေကာင္းေတြ ထပ္ျမင္ရတဲ့ပဲြ
=================
ဘရူႏို ဖာနန္ဒက္စ္ဟာ ယေန႔ညပြဲမွာလည္း ၂ဂိုးသြင္း ၁ဂိုးဖန္တီးကာ ယခုႏွစ္ရာသီ ပဲြ၂၀ ကစားခ်ိန္ ဂိုးေတြ ပါ၀င္ပတ္သက္မႈက အၾကိမ္ ၂၀အထိ ရွိခဲ့ပါတယ္။
ဖာနန္ဒက္စ္က ေတာ္မီေနးရဲ႕ သြင္းဂိုးကို ဖန္တီးေပးခဲ့သလို ကိုယ္တိုင္လည္း ေထာင့္ျဖတ္အေနအထားကေန ၁လံုး၊ ပင္နယ္တီကေန ၁လံုး ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ဒီႏွစ္ရာသီအစ ယူႏိုက္တက္က မတည္မျငိမ္ ျဖစ္ခဲ့ေပမဲ့ ပရီးမီးယားလိဂ္ ေနာက္ဆံုး ၇ပြဲမွာ ၆ပြဲႏိုင္ခဲ့ျပီး ဖာနန္ဒက္စ္လည္း ကြင္းတြင္း ကြင္းျပင္ အဓိက ကစားသမားအျဖစ္ ဆက္ရွိေနခဲ့ကာ အသင္ေဖာ္ေတြကို စိတ္ဓာတ္ျမင့္တင္ေပးမႈေတြ ျပဳုလုပ္ေပးခဲ့ပါတယ္။
ယူႏိုက္တက္က ဆုဖလား စိန္ေခၚႏိုင္ျပီလား
==================
ျပီးခဲ့တဲ့လတုန္းက ခ်လ္ဆီးနည္းျပ လမ္းပတ္ေရာ၊ ေတာ့တင္ဟမ္နည္းျပ ေမာ္ရင္ဟိုပါ ဆုဖလားအတြက္ စိန္ေခၚသူဆိုတဲ့ ေျပာစကားေတြအေပၚ ပယ္ခ်သြားခဲ့ပါတယ္။
လိဒ္နဲ႔ ပြဲမတိုင္ခင္ ဆုိးလ္ရွားကေတာ့ ယူႏိုက္တက္ဟာ ဆုဖလားအတြက္ ကစားေနတာ ျဖစ္တယ္လို႔ ဆုိခဲ့ပါတယ္။

ယခုအခ်ိန္မွာဆုိရင္ ယူႏုိက္တက္က ၁ပြဲေလ်ာ့အေနအထားနဲ႔ အဆင့္၃ေနရာကို ေရာက္လာျပီ ျဖစ္ျပီး ဇယားထိပ္က လီဗာပူးနဲ႔ ၅မွတ္သာကြာတဲ့ အေျခအေနေၾကာင့္ ဆုဖလား စိန္ေခၚႏုိင္တဲ့ အသင္း ျဖစ္လာျပီလို႔ေတာ့ ဆုိရမွာပါ။