ယူနိုက်တက် Vs လက်စတာ၊ ပွဲစဥ် ဖြစ်နိုင်ဖွယ် ပွဲထွက်ကစားသမား စာရင်း

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယနေ့ည ကစားမယ့် လက်စတာနဲ့ ပွဲစဥ်မှာ ပွဲထွက်ကစားသမားတွေကို အလှည့်ကျအသုံးပြုသွားဖွယ် ရှိနေပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ သေချာသလောက်ရှိနေတဲ့အတွက် သာမာန် ပွဲစဥ်တစ်ပွဲအနေနဲ့သာ ရင်ဆိုင်ရဖို့ ရှိနေပြီး ကြာသပတေးနေ့မှာလည်း လီဗာပူးအသင်းနဲ့ ကစားရဖို့ရှိနေပါတယ်။

ဒါကြောင့် အိုလေ ဂန်းနား ဆိုးရှားအနေနဲ့ မှန်ကန်တဲ့ ကစားသမားရွေးချယ်မှု ပြုလုပ်ဖို့ လိုအပ်ပါတယ်။

ဂိုးသမားနေရာမှာတော့ ဒေးဗစ် ဒီဂီယာက ပရီးမီးယားလိဂ် line-up မှာ ပြန်လည်ပါဝင်လာနိုင်ပြီး ဒီး ဟန်ဒါဆန်က‌တော့ လီဗာပူးနဲ့ ပွဲစဥ်အတွက် ချန်လှပ်ခြင်းခံရနိုင်ပါတယ်။

ဘယ်နောက်ခံနေရာမှာ လုခ်ရှောအစား အဲလက် တဲလက် နှင့် ညာနောက်ခံနေရာမှာ အာရွန် ဝမ်ဘစ်ဆာကာ အစား ဘရန်ဒန် ဝီလီယံတို့ ပါဝင်လာနိုင်ပါတယ်။

ဗဟိုခံစစ်နေရာမှာ ဗစ်တာ လင်ဒီလော့ နှင့် ဒဏ်ရာပြဿနာ ရင်ဆိုင်နေရတဲ့ မက်ဂွဲယားတို့အစား အဲရစ် ဘိုင်လီ နှင့် ထရန်ဇီဘီတို့ ပွဲထွက်ခွင့်ရလာနိုင်ပါတယ်။

ကွင်းလယ် နှင့် တိုက်စစ်ပိုင်းရွေးချယ်ရာမှာ‌ေတာ့ အနည်းငယ် ခက်ခဲမှုရှိနိုင်ပါတယ်။

ဗဟိုကွင်းလယ်ကစားသမားနေရာမှာ မာတစ်နဲ့အတူ ရိုးမားနဲ့ ပွဲစဥ်မှာ အနားပေးခြင်းခံခဲ့ရတဲ့ စကော့ မက်တွမ်မီနေးတို့ ပါဝင်လာနိုင်ပါတယ်။

နောက်ပြီး ဘရူနို ဖာနန်ဒက်စ် အစား ဒွန်နီ ဗန်ဒီးဘိ ပွဲထွက်လာနိုင်ပြီး ညာတောင်ပံမှာလည်း ဂရင်းဝုဒ်အစား ဂျူအန် မာတာ ပါဝင်လာနိုင်ပါတယ်။

ယခုပွဲစဥ်အတွက် အန်သိုနီ မာရှယ် နှင့် ဒန် ဂျိမ်းစ်တို့က ကြံ့ခိုင်မှုပြည့်ဝခြင်း မရှိသေးပါဘူး။

ဒါ့အပြင် ယူနိုက်တက်က မားကတ်ရက်ဖို့ဒ် နှင့် အက်ဒီဆင် ကာဗာနီတို့ကို ကြာသပတေးနေ့ လီဗာပူးနဲ့ ပွဲစဥ်အတွက် အနားပေးဖို့ ဆန္ဒရှိနေပါတယ် ။

ဒါကြောင့် အေစီမီလန်နဲ့ ပွဲစဥ်မှာ လူစားဝင်ပြီး သွင်းဂိုးရယူနိုင်ခဲ့တဲ့ အာမက် ဒီယာလိုအနေနဲ့ တိုက်စစ်မှာ ပွဲထွက်ကစားခွင့်ရလာနိုင်ပါတယ်။

ပေါ့ဘာကိုတော့ မိနစ် ( ၆၀ ) ဝန်းကျင် ကစားစေပြီး အန်သိုနီ အီလန်ဂါလို လူငယ်ကစားသမားနဲ့ လူစားလှဲမယ့် အခြေအနေရှိနေပါတယ်။

ယခုအနားပေးထားတဲ့ ဖာနန်ဒက်စ်၊ ရက်ဖို့ဒ် ၊ ကာဗာနီ နှင့် ဂရင်းဝုဒ် တို့ကို လီဗာပူးနဲ့ ပွဲစဥ်မှာ ပွဲထွက်ကစားသမားအနေနဲ့ အသုံးပြုဖို့ ရှိနေပါတယ်။

အာမက်ကို ဗန်ဒီးဘိ ၊ မာတာ၊ ပေါ့ဘာတို့လို နည်းစနစ် ကျွမ်းကျင်တဲ့ ကစားသမားတွေ ဝန်းရံပြီး အလယ်မှာ ကစားစေတာကလည်း အလုပ်ဖြစ်နိုင်ပါတယ်။ ဗန်ဒီးဘိကလည်း second strike အနေနဲ့ အကောင်းဆုံး ကစားနိုင်ပါတယ်။

Zawgyi







ကွင်းလယ် နှင့် တိုက်စစ်ပိုင်းရွေးချယ်ရာမှာ‌တော့ အနည်းငယ် ခက်ခဲမှုရှိနိုင်ပါတယ်။






