ယူနိုက်တက် Vs ဝက်ဖို့ဒ် ၊ ပွဲစဉ် ဖြစ်နိုင်လူစာရင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာ ယူနိုက်တက်ဟာ ဝက်ဖို့ဒ်အသင်းနဲ့ ကစားရမယ့် အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မှာ လူစာရင်း ပြောင်းလဲမှုတွေ ပြုလုပ်သွားဖို့ ရှိနေပြီး ဒီးဟန်ဒါဆန် ကတော့ ဆက်လက် ကစားခွင့်ရဖို့ ရှိနေပါတယ်။ အိုလေ ဂန်နား ဆိုးရှားကလည်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မန်စီးတီးအသင်းကို ၂ ဂိုး – ဂိုးမရှိ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး ဝက်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မှာ ပြောင်းလဲမှု အချို့ပြုလုပ်သွားမယ်လို့ ဆိုခဲ့ပါတယ်။

ဒါကြောင့် ခံစစ်ပိုင်းမှာ ဘရန်ဒန် ဝီလီယံ ၊ အဲရစ် ဘိုင်လီ ၊ ထရန်ဇီဘီ နှင့် အဲလက်တဲလက်တို့ ပါဝင်လာနိုင်ပါတယ်။ ယခုပွဲစဉ်မှာ ယူနိုက်တက်ကွင်းလယ်အတွက် မာတစ်လို အတွေ့အကြုံရင့် ကစားသမားကို လိုအပ်နိုင်ပါတယ်။ ဒါ့အပြင် ကြားရက် ကာရာဘောင်ဖလားပွဲစဉ်မှာ ပွဲထွက်ပါဝင်ခဲ့တဲ့ ကွင်းလယ်ကစားသမား ( ၄ ) ဦးကိုတော့ အနားပေးဖို့ ရှိနေပါတယ်။

မာတစ်နဲ့ အတူ ဒွန်နီ ဗန်ဒဘိ ပါဝင်လာနိုင်ပြီး ပွဲထွက်ကစားခွင့် ပျောက်ဆုံးနေတဲ့ ဂျေစီ လင်ဂတ် နှင့် ဂျူအန် မာတာတို့လည်း ပါဝင်လာနိုင်ပါတယ်။ ကွင်းလယ် အခင်းအကျင်းကိုတော့ ဂိုးပေးခဲ့ရခြင်းမရှိတဲ့ ကာရာဘောင်ဖလား အစောပိုင်း ပွဲစဉ်တွေက ပုံစံအတိုင်း ပြင်ဆင်လာနိုင်ပါတယ်။ ဒန်နီရယ် ဂျိမ်းစ်က ပွဲထွက် ပါဝင်လာဖို့ အလားအလာကောင်းနေပြီး ကာဗာနီ ပွဲပယ်ခံထားရချိန် မေဆန် ဂရင်းဝုဒ်က တိုက်စစ်မှူးအနေနဲ့ ပါဝင်လာနိုင်ပါတယ်။

ယခုလအကုန်မှာ အငှားစာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အီဂါလို အနေနဲ့ ယခုပွဲစဉ်မှာ အရံခုံကနေ ပါဝင်လာနိုင်ပြီး ဒုတိယပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် ကစားသမားဘဝ နောက်ဆုံး ပါဝင်ခွင့်ရတဲ့ပွဲစဉ်အနေနဲ့ လူစားဝင် ကစားခွင့် ရဖွယ်ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မန္ခ်က္စတာ ယူႏိုက္တက္ဟာ ဝက္ဖို႔ဒ္အသင္းနဲ႔ ကစားရမယ့္ အက္ဖ္ေအဖလား တတိယအဆင့္ ပြဲစဥ္မွာ လူစာရင္း ေျပာင္းလဲမႈေတြ ျပဳလုပ္သြားဖို႔ ရွိေနၿပီး ဒီးဟန္ဒါဆန္ ကေတာ့ ဆက္လက္ ကစားခြင့္ရဖို႔ ရွိေနပါတယ္။ အိုေလ ဂန္နား ဆိုးရွားကလည္း ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က မန္စီးတီးအသင္းကို ၂ ဂိုး – ဂိုးမရွိ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္အၿပီး ဝက္ဖို႔ဒ္အသင္းနဲ႔ ပြဲစဥ္မွာ ေျပာင္းလဲမႈ အခ်ိဳ႕ျပဳလုပ္သြားမယ္လို႔ ဆိုခဲ့ပါတယ္။

ဒါေၾကာင့္ ခံစစ္ပိုင္းမွာ ဘရန္ဒန္ ဝီလီယံ ၊ အဲရစ္ ဘိုင္လီ ၊ ထရန္ဇီဘီ ႏွင့္ အဲလက္တဲလက္တို႔ ပါဝင္လာႏိုင္ပါတယ္။ ယခုပြဲစဥ္မွာ ယူႏိုက္တက္ကြင္းလယ္အတြက္ မာတစ္လို အေတြ႕အႀကဳံရင့္ ကစားသမားကို လိုအပ္ႏိုင္ပါတယ္။ ဒါ့အျပင္ ၾကားရက္ ကာရာေဘာင္ဖလားပြဲစဥ္မွာ ပြဲထြက္ပါဝင္ခဲ့တဲ့ ကြင္းလယ္ကစားသမား ( ၄ ) ဦးကိုေတာ့ အနားေပးဖို႔ ရွိေနပါတယ္။ မာတစ္နဲ႔ အတူ ဒြန္နီ ဗန္ဒဘိ ပါဝင္လာႏိုင္ၿပီး ပြဲထြက္ကစားခြင့္ ေပ်ာက္ဆုံးေနတဲ့ ေဂ်စီ လင္ဂတ္ ႏွင့္ ဂ်ဴအန္ မာတာတို႔လည္း ပါဝင္လာႏိုင္ပါတယ္။

ကြင္းလယ္ အခင္းအက်င္းကိုေတာ့ ဂိုးေပးခဲ့ရျခင္းမရွိတဲ့ ကာရာေဘာင္ဖလား အေစာပိုင္း ပြဲစဥ္ေတြက ပုံစံအတိုင္း ျပင္ဆင္လာႏိုင္ပါတယ္။ ဒန္နီရယ္ ဂ်ိမ္းစ္က ပြဲထြက္ ပါဝင္လာဖို႔ အလားအလာေကာင္းေနၿပီး ကာဗာနီ ပြဲပယ္ခံထားရခ်ိန္ ေမဆန္ ဂရင္းဝုဒ္က တိုက္စစ္မႉးအေနနဲ႔ ပါဝင္လာႏိုင္ပါတယ္။ ယခုလအကုန္မွာ အငွားစာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ အီဂါလို အေနနဲ႔ ယခုပြဲစဥ္မွာ အရံခုံကေန ပါဝင္လာႏိုင္ၿပီး ဒုတိယပိုင္းမွာ မန္ခ်က္စတာ ယူႏိုက္တက္ ကစားသမားဘဝ ေနာက္ဆုံး ပါဝင္ခြင့္ရတဲ့ပြဲစဥ္အေနနဲ႔ လူစားဝင္ ကစားခြင့္ ရဖြယ္ရွိေနပါတယ္။