ယူနိုက်တက် Vs ဝက်ဖို့ဒ် ၊ ပွဲကြိုသုံးသပ်ချက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာ ယူနိုက်တက်ရဲ့ ၂၀၂၀ / ၂၁ ဘောလုံးရာသီ ပထမဆုံး အီမရိတ် အက်ဖ်အေဖလား ပွဲစဉ်အဖြစ် ချန်ပီယံရှစ် ကလပ် ဝက်ဖို့ဒ်အသင်းနဲ့ ကစားရဖို့ရှိနေတယ်။

ပွဲချိန် – ဇန်နဝါရီ ( ၁၀ ) ရက် ၊ နံနက် ( ၂ :၃၀ ) နာရီ။  ကွင်း – အိုးထရတ်ဖို့ဒ်။ ပြိုင်ပွဲ – အက်ဖ်အေဖလား တတိယအဆင့်

ကွင်းလယ်ဒိုင် – Andrew Madley

အက်ဒီဆင် ကာဗာနီအနေနဲ့ သုံးပွဲပြစ်ဒဏ်ရဲ့ နောက်ဆုံး ပွဲစဉ်အဖြစ် ယခုပွဲကို လွဲချော်ဖို့ရှိနေပါတယ်။ ယူနိုက်တက်မှာ ဖီးလ်ဂျုံး တစ်ဦးသာလျှင် ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဝက်ဖို့ဒ်အသင်းမှာတော့ FA ရဲ့ စည်းမျဉ်းအရ မိခင်ကလပ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်မှာ ပါဝင်ခွင့်မရတဲ့အတွက် ဂျိမ်းစ် ဂါနာဟာ ယခု ပွဲစဉ်ကို လွဲချော်ဖို့ရှိနေပါတယ်။

အိုလေ ဂန်နား ဆိုးရှားရဲ့အသင်းက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ မန်စီးတီးအသင်းကို ရှူံးနိမ့်ခဲ့တဲ့အတွက် ကာရာဘောင်ဖလား ဗိုလ်လုပွဲတက်ရောက်နိုင်မယ့် အခွင့်အရေး လွဲချော်ခဲ့တယ်။ဒီရာသီမှာ ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ကိုပဲ အဓိက အာရုံစိုက်ထားပေမယ့် နည်းပြ ဆိုးရှားက ဆုဖလားရရှိဖို့ ဆန္ဒပြင်းပြလျက်ရှိပါတယ်။ ဒါကြောင့် ယခု FA ဖလားက ချန်ပီဆုရရှိဖို့ အကောင်းဆုံးအခွင့်အရေးလို့ ဆိုနိုင်ပါတယ်။

အကြိမ် ( ၂၀ ) မြောက် ပရီးမီးယားလိဂ် ချန်ပီယံဟာ ယခုဖလားကို ( ၁၂ ) ကြိမ်မြောက်ရရှိထားပြီး နောက်ဆုံးအနေနဲ့ ( ၂၀၁၆ ) ခုနှစ်က ဆွတ်ခူးထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ ဆီမီးဖိုင်နယ်ထိ တက်ရောက်နိုင်ခဲ့ပေမယ့် ချဲလ်ဆီးအသင်းကို ရှံးနိမ့်ခဲ့လို့ ဗိုလ်လုပွဲနဲ့ ဝေးကွာခဲ့ရတယ်။

ဝက်ဖို့ဒ်အသင်းက နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ ဆွမ်ဆီးအသင်းကိ ( 2-1 ) ရှုံးနိမ့်ထားပြီး လက်ရှိမှာ ချန်ပီယံရှစ် အမှတ်ပေးဇယားရဲ့ အဆင့် ( ၆ ) နေရာမှာ ရပ်တည်နေပါတယ်။ ( ၂၂) ပွဲ ကစားထားရာမှာ ( ၁၀ ) ပွဲနိုင် ၊ ( ၇ ) ပွဲ သရေ ၊ ( ၅ ) ပွဲရှုံး ရမှတ် ( ၃၇ ) မှတ်နဲ့ ဇယားထိပ်က နော်ဝှစ်စီးတီးအသင်းအောက် ( ၁၀ ) မှတ်လျော့နည်းလျက်ရှိပါတယ်။

ယူနိုက်တက်အနေနဲ့ အင်္ဂါနေ့မှာ ဘန်လေအသင်းနဲ့ ကစားရဖို့ရှိနေတဲ့အတွက် မန်စီးတီးအသင်းနဲ့ ပွဲစဉ်က လူစာရင်းကို အပြောင်းအလဲ ပြုလုပ်ဖွယ်ရှိနေပါတယ်။

ထရန်ဇီဘီ ၊ ဗန်ဒဘိ ၊ ဒန်နီရယ်ဂျိမ်း နှင့် မာတာတို့ ပွဲထွက်ခွင့်ရသင့်ပြီး အဲရစ် ဘိုင်လီလည်း ပွဲထွက် လူစာရင်းထဲ ပါဝင်လာနိုင်ပါတယ်။

ဘန်လေနဲ့ ပွဲစဉ်မှာ ကာဗာနီ ပြန်ပါဝင်လာနိုင်တဲ့အတွက် ယခုပွဲစဉ်မှာ မာရှယ်ကို အသုံးပြုဖွယ်ရှိနေပါတယ်။

– ဖြစ်နိုင်ဖွယ် လူစာရင်း

ဟန်ဒါဆင် ၊ ထရန်ဇီဘီ ၊ ဘိုင်လီ ၊ မက်ဂွဲယား ၊ တဲလက် ၊ မာတစ် ၊ ဗန်ဒဘိ ၊ ဂျိမ်းစ် ၊ မာတာ ၊ ဂရင်းဝုဒ် ၊ မာရှယ်

– လော်ရိုး၏ ခန့်မှန်းချက်

” ယူနိုက်တက်အနေနဲ့ အိုလေ ဂန်နား ဆိုးရှားရဲ့ လက်အောက်မှာ ဗိုလ်လုပွဲ တက်ရောက်ထားနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် သူတို့အနေနဲ့ FA Cup ကို အာရုံစိုက် ကစားလာနိုင်ပါတယ်။ ယူနိုက်တက်အသင်း လူစာရင်းက အလှည့်ကျ ကစားမယ်ဆိုရင်တောင် ဝက်ဖို့ဒ်ကိုတော့ အနိုင်ယူနိုင်စွမ်းရှိပါတယ်။

ခန့်မှန်းဂိုးရလာဒ် – ယူနိုက်တက် ( 2 – 1 ) ဝက်ဖို့ဒ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ၂၀၂၀ / ၂၁ ေဘာလုံးရာသီ ပထမဆုံး အီမရိတ္ အက္ဖ္ေအဖလား ပြဲစဥ္အျဖစ္ ခ်န္ပီယံရွစ္ ကလပ္ ဝက္ဖို႔ဒ္အသင္းနဲ႔ ကစားရဖို႔ရွိေနတယ္။

 

ပြဲခ်ိန္ – ဇန္နဝါရီ ( ၁၀ ) ရက္ ၊ နံနက္ ( ၂ :၃၀ ) နာရီ။ ကြင္း – အိုးထရတ္ဖို႔ဒ္။ ၿပိဳင္ပြဲ – အက္ဖ္ေအဖလား တတိယအဆင့္။ ကြင္းလယ္ဒိုင္ – Andrew Madley အက္ဒီဆင္ ကာဗာနီအေနနဲ႔ သုံးပြဲျပစ္ဒဏ္ရဲ႕ ေနာက္ဆုံး ပြဲစဥ္အျဖစ္ ယခုပြဲကို လြဲေခ်ာ္ဖို႔ရွိေနပါတယ္။ ယူႏိုက္တက္မွာ ဖီးလ္ဂ်ဳံး တစ္ဦးသာလွ်င္ ဒဏ္ရာျပႆနာနဲ႔ ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။ ဝက္ဖို႔ဒ္အသင္းမွာေတာ့ FA ရဲ႕ စည္းမ်ဥ္းအရ မိခင္ကလပ္အသင္းနဲ႔ ယွဥ္ၿပိဳင္ရမယ့္ ပြဲစဥ္မွာ ပါဝင္ခြင့္မရတဲ့အတြက္ ဂ်ိမ္းစ္ ဂါနာဟာ ယခု ပြဲစဥ္ကို လြဲေခ်ာ္ဖို႔ရွိေနပါတယ္။

အိုေလ ဂန္နား ဆိုးရွားရဲ႕အသင္းက ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔မွာ မန္စီးတီးအသင္းကို ရႉံးနိမ့္ခဲ့တဲ့အတြက္ ကာရာေဘာင္ဖလား ဗိုလ္လုပြဲတက္ေရာက္ႏိုင္မယ့္ အခြင့္အေရး လြဲေခ်ာ္ခဲ့တယ္။ဒီရာသီမွာ ယူႏိုက္တက္အေနနဲ႔ ပရီးမီးယားလိဂ္ကိုပဲ အဓိက အာ႐ုံစိုက္ထားေပမယ့္ နည္းျပ ဆိုးရွားက ဆုဖလားရရွိဖို႔ ဆႏၵျပင္းျပလ်က္ရွိပါတယ္။ ဒါေၾကာင့္ ယခု FA ဖလားက ခ်န္ပီဆုရရွိဖို႔ အေကာင္းဆုံးအခြင့္အေရးလို႔ ဆိုႏိုင္ပါတယ္။ အႀကိမ္ ( ၂၀ ) ေျမာက္ ပရီးမီးယားလိဂ္ ခ်န္ပီယံဟာ ယခုဖလားကို ( ၁၂ ) ႀကိမ္ေျမာက္ရရွိထားၿပီး ေနာက္ဆုံးအေနနဲ႔ ( ၂၀၁၆ ) ခုႏွစ္က ဆြတ္ခူးထားတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရာသီမွာ ဆီမီးဖိုင္နယ္ထိ တက္ေရာက္ႏိုင္ခဲ့ေပမယ့္ ခ်ဲလ္ဆီးအသင္းကို ရွံးနိမ့္ခဲ့လို႔ ဗိုလ္လုပြဲနဲ႔ ေဝးကြာခဲ့ရတယ္။

ွဝက္ဖို႔ဒ္အသင္းက ေနာက္ဆုံးကစားခဲ့တဲ့ ပြဲစဥ္မွာ ဆြမ္ဆီးအသင္းကိ ( 2-1 ) ရႈံးနိမ့္ထားၿပီး လက္ရွိမွာ ခ်န္ပီယံရွစ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ( ၆ ) ေနရာမွာ ရပ္တည္ေနပါတယ္။ ( ၂၂) ပြဲ ကစားထားရာမွာ ( ၁၀ ) ပြဲႏိုင္ ၊ ( ၇ ) ပြဲ သေရ ၊ ( ၅ ) ပြဲရႈံး ရမွတ္ ( ၃၇ ) မွတ္နဲ႔ ဇယားထိပ္က ေနာ္ဝွစ္စီးတီးအသင္းေအာက္ ( ၁၀ ) မွတ္ေလ်ာ့နည္းလ်က္ရွိပါတယ္။ ယူႏိုက္တက္အေနနဲ႔ အဂၤါေန႔မွာ ဘန္ေလအသင္းနဲ႔ ကစားရဖို႔ရွိေနတဲ့အတြက္ မန္စီးတီးအသင္းနဲ႔ ပြဲစဥ္က လူစာရင္းကို အေျပာင္းအလဲ ျပဳလုပ္ဖြယ္ရွိေနပါတယ္။ ထရန္ဇီဘီ ၊ ဗန္ဒဘိ ၊ ဒန္နီရယ္ဂ်ိမ္း ႏွင့္ မာတာတို႔ ပြဲထြက္ခြင့္ရသင့္ၿပီး အဲရစ္ ဘိုင္လီလည္း ပြဲထြက္ လူစာရင္းထဲ ပါဝင္လာႏိုင္ပါတယ္။

ဘန္ေလနဲ႔ ပြဲစဥ္မွာ ကာဗာနီ ျပန္ပါဝင္လာႏိုင္တဲ့အတြက္ ယခုပြဲစဥ္မွာ မာရွယ္ကို အသုံးျပဳဖြယ္ရွိေနပါတယ္။

=========
– ျဖစ္ႏိုင္ဖြယ္ လူစာရင္း

ဟန္ဒါဆင္ ၊ ထရန္ဇီဘီ ၊ ဘိုင္လီ ၊ မက္ဂြဲယား ၊ တဲလက္ ၊ မာတစ္ ၊ ဗန္ဒဘိ ၊ ဂ်ိမ္းစ္ ၊ မာတာ ၊ ဂရင္းဝုဒ္ ၊ မာရွယ္

===========

– ေလာ္႐ိုး၏ ခန႔္မွန္းခ်က္

” ယူႏိုက္တက္အေနနဲ႔ အိုေလ ဂန္နား ဆိုးရွားရဲ႕ လက္ေအာက္မွာ ဗိုလ္လုပြဲ တက္ေရာက္ထားႏိုင္ျခင္း မရွိေသးပါဘူး။ ဒါေပမယ့္ သူတို႔အေနနဲ႔ FA Cup ကို အာ႐ုံစိုက္ ကစားလာႏိုင္ပါတယ္။ ယူႏိုက္တက္အသင္း လူစာရင္းက အလွည့္က် ကစားမယ္ဆိုရင္ေတာင္ ဝက္ဖို႔ဒ္ကိုေတာ့ အႏိုင္ယူႏိုင္စြမ္းရွိပါတယ္။

ခန႔္မွန္းဂိုးရလာဒ္ – ယူႏိုက္တက္ ( 2 – 1 ) ဝက္ဖို႔ဒ္