
မန်ချက်စတာယူနိုက်တက်နဲ့လီဗာပူးလ်တို့ကစားခဲ့တဲ့ပွဲမှာ
မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ပထမပိုင်းအပြီးမှာပဲ
ပွဲကိုဆက်လက်မကြည့်တော့ဘဲ ကွင်းထဲကနေထွက်သွားခဲ့ကြပါတယ်။
လီဗာပူးလ်အသင်းဟာ ပွဲအစ(၄)မိနစ်ကျော်မှာကတည်းက နာဘီကီတာရဲ့
ဂိုးနဲ့ဦးဆောင်ခဲ့ပြီး (၁၃)မိနစ်မှာဒီယေဂိုဂျိုတာ၊ (၃၈)မိနစ်နဲ့ ပထမပိုင်းပြီးခါနီးမှာ
ဆာလာကဂိုးတွေဆက်တိုက်သွင်းယူခဲ့တာကြောင့် ပထမပိုင်းအပြီးမှာပဲ
(၄)ဂိုးပြတ်နဲ့ရှုံးနိမ့်နေတဲ့အတွက် ယူနိုက်ပရိသတ်တွေက အသင်းရဲ့
စိတ်ပျက်စရာကစားပုံကို ဆက်လက်မကြည့်တော့ဘဲ ကွင်းထဲကနေထွက်သွားခဲ့ကြတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းအနေနဲ့ နှစ်ပေါင်း(၇၀)အတွင်း ပထမဆုံးအကြိမ်အဖြစ်
ပထမပိုင်းအပြီးမှာ(၄-ဝ)ဂိုးပြတ်ရှုံးနိမ့်ခဲ့တာဖြစ်သလို ပရီးမီးယားလိဂ်သမိုင်း
တစ်လျှောက်မှာတော့ ဒါက သူတို့အတွက်ပထမဆုံးဖြစ်ခဲ့ပါတယ်။
အဲဒီပွဲကို လာရောက်အားပေးခဲ့တဲ့ ယူနိုက်တက်ဂန္ထဝင်နည်းပြကြီးဖာဂူဆန်တောင်
သူ့အသင်းရဲ့အရှက်ရစရာရှုံးပွဲအတွက် စိတ်ပျက်လက်ပျက်နဲ့ခေါင်းတစ်ခါခါဖြစ်ခဲ့ပြီး
ပထမပိုင်းအပြီးမှာ ယူနိုက်တက်ပရိသတ်တွေက နည်းပြဆိုးလ်ရှားကို
လှောင်ပြောင်အော်ဟစ်ခဲ့ကြပါတယ်။
လီဗာပူးလ်အသင်းအတွက် ပဉ္စမမြောက်ဂိုးကို ဆာလာကပဲသွင်းယူခဲ့တာဖြစ်ပြီး
ဒုတိယပိုင်းစလို့ မိနစ်ပိုင်းအကြာမှာပဲ ယူနိုက်တက်ကွင်းလယ်လူပေ့ါဘာ
တိုက်ရိုက်အနီကတ်နဲ့အထုတ်ခံခဲ့ရတာကြောင့် အခြေအနေက ပိုဆိုးသွားခဲ့တာပဲဖြစ်ပါတယ်။
ပေ့ါဘာအနေနဲ့ အခုအနီကတ်ကြောင့် လာမယ့်တစ်ပတ်ကျရင် စပါးအသင်းနဲ့
ကစားမယ့်ပရီးမီးယားလိဂ်အဝေးကွင်းပွဲနဲ့ အဲဒီပွဲအပြီးရက်ပိုင်းအကြာမှာ
ကစားရမယ့် မန်ချက်စတာဒါဘီပွဲတွေကို လွဲချော်တော့မှာပါ။
ယူနိုက်တက်အသင်းဟာ အခုပွဲမှာရှုံးနိမ့်ခဲ့လို့ ပရီးမီးယားလိဂ်(၄)ပွဲဆက်တိုက်
နိုင်ပွဲပျောက်ခဲ့ပြီး အဲဒီပွဲတွေထက် အိမ်ကွင်းပွဲစဉ်(၃)ပွဲဖြစ်တဲ့ ဗီလာ၊ အဲဗာတန်၊
အခု လီဗာပူးလ်တို့နဲ့ပွဲမှာ တစ်မှတ်သာရယူနိုင်ခဲ့ပါတယ်။
အခုဆိုရင် ထိပ်ဆုံးကချယ်လ်ဆီးနဲ့(၈)မှတ်အထိကွာဟသွားပြီဖြစ်တာကြောင့်
ယူနိုက်တက်အသင်းရဲ့ပရီးမီးယားလိဂ်ချန်ပီယံမျှော်လင့်ချက်က ရာသီအစမှာပဲ
အဆုံးသတ်ရဖို့နီးစပ်နေတဲ့အပြင် လာမယ့်ပွဲတွေမှာလည်း ပွဲကျပ်တွေဆက်တိုက်
ကစားရမှာဖြစ်လို့ ဆိုးလ်ရှားရဲ့ယူနိုက်တက်နည်းပြဘဝက အဆုံးသတ်သွားဖို့ရှိနေပါပြီ။
zawgyi
ဒုတိယပိုင်းစလို့ မိနစ်ပိုင်းအကြာမှာပဲ ယူနိုက်တက်ကွင်းလယ်လူပေါ့ဘာ
ပေါ့ဘာအနေနဲ့ အခုအနီကတ်ကြောင့် လာမယ့်တစ်ပတ်ကျရင် စပါးအသင်းနဲ့