ယူရိုပါလိဂ်ပြိုင်ပွဲအဆင့်အတန်းနဲ့ မထိုက်တန်တဲ့အသင်းအဖြစ် အသင်းဟောင်း မန်ယူကို မော်ရင်ဟို မှတ်ချက်ပြု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ်ပြိုင်ပွဲကနေ မန်ယူအသင်း ထွက်ခွာရတာဟာ ကံမကောင်းတာ ကြောင့်ဖြစ်ပြီး ယူရိုပါလိဂ်ကိုရောက်လာတာကတော့ သူတို့အနေနဲ့ ပြိုင်ဘက် ကောင်းအသင်းတစ်သင်းကို ရလိုက်ရတာပါပဲလို့ စပါးနည်းပြ မော်ရင်ဟိုက မှတ်ချက်ပြုသွားခဲ့ပါတယ်။

မော်ရင်ဟိုက မန်ယူကို ယူရိုပါလိဂ်ဆင်းခဲ့ရတာကို မထိုက်တန်ဘူးလို့ယူဆနေပြီး အခုဆိုရင် မန်ယူအသင်းအနေနဲ့ ယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်းတစ်သင်း ဖြစ်လာပြီလို့လည်း ဆိုထားပါတယ်။ တကယ်တော့ မော်ရင်ဟိုဟာ သူ့ရဲ့နာမည်ကျော် စကားလုံးတွေနဲ့ Mind Game ဆန်ဆန် ပြောကြားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက အိုးလ်ထရက် ဖို့ဒ်မှာ မန်ယူနဲ့စပါးပွဲစဉ်မတိုင်ခင်တုန်းကလည်း ဆိုးလ်ရှားအပေါ် Mind Game လုပ်ခဲ့ပါသေးတယ်။

မန်ယူအသင်းနဲ့ပတ်သက်ပြီး မော်ရင်ဟိုက “မန်ယူက ထိပ် တန်းအဆင့်အသင်းတစ်သင်းပါ။ သူတို့အုပ်စုက အရမ်းခက်ခဲပါတယ်။ ပီအက်စ် ဂျီ၊ မန်ယူ၊ လိုက်ဇစ်ဆိုတော့ အုပ်စုကျပ်ပါတယ်။ ဒီအုပ်စုကနေ အသင်းကောင်း တစ်သင်းကတော့ ယူရိုပါလိဂ်ကိုရောက်လာတော့မယ်ဆိုတာ သိထားပြီးသားပါ။

ယူရိုပါလိဂ်ကို ချန်ပီယံလိဂ်ကနေဆင်းလာရတဲ့အသင်းတွေဟာ အမြဲတမ်းတောင့် တင်းတဲ့အသင်းတွေဖြစ်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အဆင့်အတန်းနဲ့မသက်ဆိုင်တဲ့ ပိုမြင့်တဲ့အသင်းတွေဖြစ်နေတတ်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။

မော်ရင်ဟို ဟာ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဒီနေ့အနေအထားပေါ်မှာလည်း အသင်းသစ် ၈ သင်းနဲ့ ချန်ပီယံလိဂ်ကနေရောက်လာမယ့် တောင့်တင်းတဲ့အသင်း ၈ သင်းတို့ အကြိတ် အနယ်ကစားရဖို့ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

သူဟာ မန်ယူအသင်းကို ကိုင် တွယ်စဉ်တုန်းကလည်း ယူရိုပါလိဂ်ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး ဗိုလ်လုပွဲမှာ အေဂျက်ဇ်အသင်းကို ၂-၀ နဲ့ အနိုင်ယူနိုင်ခဲ့တာပါ။

လက်ရှိအချိန်မှာ တော့ မော်ရင်ဟိုရဲ့စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ ပုံစံကောင်းရနေသလို ယူရိုပါလိဂ်မှာလည်း နောက်တစ်ဆင့်တက်ရောက်သွားပြီဖြစ်တဲ့အတွက် အဓိက ပြိုင်ပွဲ ၂ ခုစလုံးမှာ ဟန်ချက်ညီအောင် ကြိုးစားကစားနေရတာပါ။

ဒါ့အပြင် ဒီရာသီမှာ မော်ရင်ဟိုရဲ့နာမည်ကြီး ဒုတိယရာသီဖြစ်တဲ့အတွက် စပါးအသင်းကို ဆုဖလားတစ်ခုခုဆွတ်ခူးပေးနိုင်မယ်လို့ ပရိသတ်တွေက မျှော်လင့်နေကြတာ လည်း ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူ႐ိုပါလိဂ္ၿပိဳင္ပြဲအဆင့္အတန္းနဲ႔ မထိုက္တန္တဲ့အသင္းအျဖစ္ အသင္းေဟာင္း မန္ယူကို ေမာ္ရင္ဟို မွတ္ခ်က္ျပဳ

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန မန္ယူအသင္း ထြက္ခြာရတာဟာ ကံမေကာင္းတာ ေၾကာင့္ျဖစ္ၿပီး ယူ႐ိုပါလိဂ္ကိုေရာက္လာတာကေတာ့ သူတို႔အေနနဲ႔ ၿပိဳင္ဘက္ ေကာင္းအသင္းတစ္သင္းကို ရလိုက္ရတာပါပဲလို႔ စပါးနည္းျပ ေမာ္ရင္ဟိုက မွတ္ခ်က္ျပဳသြားခဲ့ပါတယ္။

ေမာ္ရင္ဟိုက မန္ယူကို ယူ႐ိုပါလိဂ္ဆင္းခဲ့ရတာကို မထိုက္တန္ဘူးလို႔ယူဆေနၿပီး အခုဆိုရင္ မန္ယူအသင္းအေနနဲ႔ ယူ႐ိုပါလိဂ္မွာ ဗိုလ္စြဲဖို႔ ေရပန္းစားတဲ့အသင္းတစ္သင္း ျဖစ္လာၿပီလို႔လည္း ဆိုထားပါတယ္။ တကယ္ေတာ့ ေမာ္ရင္ဟိုဟာ သူ႔ရဲ႕နာမည္ေက်ာ္ စကားလုံးေတြနဲ႔ Mind Game ဆန္ဆန္ ေျပာၾကားခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ေအာက္တိုဘာလတုန္းက အိုးလ္ထရက္ ဖို႔ဒ္မွာ မန္ယူနဲ႔စပါးပြဲစဥ္မတိုင္ခင္တုန္းကလည္း ဆိုးလ္ရွားအေပၚ Mind Game လုပ္ခဲ့ပါေသးတယ္။ မန္ယူအသင္းနဲ႔ပတ္သက္ၿပီး ေမာ္ရင္ဟိုက “မန္ယူက ထိပ္ တန္းအဆင့္အသင္းတစ္သင္းပါ။ သူတို႔အုပ္စုက အရမ္းခက္ခဲပါတယ္။ ပီအက္စ္ ဂ်ီ၊ မန္ယူ၊ လိုက္ဇစ္ဆိုေတာ့ အုပ္စုက်ပ္ပါတယ္။ ဒီအုပ္စုကေန အသင္းေကာင္း တစ္သင္းကေတာ့ ယူ႐ိုပါလိဂ္ကိုေရာက္လာေတာ့မယ္ဆိုတာ သိထားၿပီးသားပါ။

ယူ႐ိုပါလိဂ္ကို ခ်န္ပီယံလိဂ္ကေနဆင္းလာရတဲ့အသင္းေတြဟာ အၿမဲတမ္းေတာင့္ တင္းတဲ့အသင္းေတြျဖစ္ၿပီး ယူ႐ိုပါလိဂ္ၿပိဳင္ပြဲရဲ႕ အဆင့္အတန္းနဲ႔မသက္ဆိုင္တဲ့ ပိုျမင့္တဲ့အသင္းေတြျဖစ္ေနတတ္ပါတယ္” လို႔ ေျပာၾကားသြားခဲ့တာပါ။ ေမာ္ရင္ဟို ဟာ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲရဲ႕ ဒီေန႔အေနအထားေပၚမွာလည္း အသင္းသစ္ ၈ သင္းနဲ႔ ခ်န္ပီယံလိဂ္ကေနေရာက္လာမယ့္ ေတာင့္တင္းတဲ့အသင္း ၈ သင္းတို႔ အႀကိတ္ အနယ္ကစားရဖို႔ရွိတယ္လို႔ ခန႔္မွန္းထားပါတယ္။ သူဟာ မန္ယူအသင္းကို ကိုင္ တြယ္စဥ္တုန္းကလည္း ယူ႐ိုပါလိဂ္ဖလားရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့သူျဖစ္ၿပီး ဗိုလ္လုပြဲမွာ ေအဂ်က္ဇ္အသင္းကို ၂-၀ နဲ႔ အႏိုင္ယူႏိုင္ခဲ့တာပါ။ လက္ရွိအခ်ိန္မွာ ေတာ့ ေမာ္ရင္ဟိုရဲ႕စပါးအသင္းဟာ ပရီးမီးယားလိဂ္မွာ ပုံစံေကာင္းရေနသလို ယူ႐ိုပါလိဂ္မွာလည္း ေနာက္တစ္ဆင့္တက္ေရာက္သြားၿပီျဖစ္တဲ့အတြက္ အဓိက ၿပိဳင္ပြဲ ၂ ခုစလုံးမွာ ဟန္ခ်က္ညီေအာင္ ႀကိဳးစားကစားေနရတာပါ။ ဒါ့အျပင္ ဒီရာသီမွာ ေမာ္ရင္ဟိုရဲ႕နာမည္ႀကီး ဒုတိယရာသီျဖစ္တဲ့အတြက္ စပါးအသင္းကို ဆုဖလားတစ္ခုခုဆြတ္ခူးေပးႏိုင္မယ္လို႔ ပရိသတ္ေတြက ေမွ်ာ္လင့္ေနၾကတာ လည္း ျဖစ္ပါတယ္။