မနေ့ညက ချန်ပီယံလိဂ် ပွဲစဉ်မှာ ယူနိုက်တက်ဟာ ဗီလာရီးရလ်အသင်းကို
( ဝ−၂) ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ဗီလာရီးရဲလ်အသင်းကို
နှစ်ကျော့လုံး အနိုင်ကစားသွားခဲ့ပြီး ပြီးခဲ့တဲ့ ယူရိုပါလိဂ်ဖိုင်နယ် က
ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။ ညက ပွဲမှာ တည်ငြိမ်တဲ့ ခြေစွမ်းတစ်ခုကို
ပြသနိုင်ခဲ့တဲ့ ခံစစ်ကစားသမား လင်ဒီလော့ဖ်ကတော့ ပွဲအပြီးမှာတော့
အခုလို ပြောဆိုခဲ့ပါတယ်။
” ဗီလာရီးရဲလ်အသင်းနဲ့ ရင်ဆိုင်ရတဲ့ နှစ်ကျော့လုံးက
ခက်ခဲမှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နှစ်ကျော့လုံးမှာ
အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့လို့ ကျေနပ်မိပါတယ်။
ဆိုးလ်ရှား အသင်းကို နည်းပြခဲ့စဉ်က ကျွန်တော့်အတွက် အဓိပ္ပါယ်တွေ
အများကြီးရှိခဲ့ပါတယ်။ ကစားသမားတွေအားလုံးလည်း ကျွန်တော့်နည်းတူ
ခံစားရမှာပါ။ ရလဒ်တွေဆိုးလို့ နည်းပြ အသင်းကနေ ထွက်သွားရချိန်မှာ
ကျွန်တော်တို့ တွေအားလုံးအတွက် ခက်ခဲမှုတွေ ရှိခဲ့ပါတယ်” လို့
လင်ဒီလော့ဖ်က ပြောဆိုခဲ့ပါတယ်။
လင်ဒီလော့ဖ် ဟာ နည်းပြ ဆိုးလ်ရှားကာရင်တန်ကို
နောက်ဆုံး လာရောက်ခဲ့တဲ့ နေ့က ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့ပြီး
ကျေးဇူးတင်စကား နဲ့ နှုတ်ဆက်စကား ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
zawgyi
ယူရိုပါလိဂ်ဖိုင်နယ်က ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တဲ့ သရဲနီ
သိရပါတယ်။