ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဂိုးသမား ဒီဂီယာ ပါဝင်ခွင့်ရဖွယ်ရှိ

ယူနိုက်တက်အသင်းဂိုးသမား ဒီဂီယာဟာ ဗီလာရီးရဲလ်နဲ့ကစားရမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပါဝင်ကစားခွင့်ရဖို့ နည်းပြဆိုးလ်ရှားရဲ့ထောက်ခံချက် ရသွားပုံရတယ်လို့ သိရပါတယ်။
ဒီဂီယာနဲ့ အသင်းဖော် ဒင်းဟန်ဒါဆန်တို့ဟာ ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ်ဘက် ယူနိုက်တက်အသင်း ကူးပြောင်းလာပြီးချိန်ကတည်းက ၄ပွဲစီကစားခွင့်ရထားပါတယ်။

ဒါပေမဲ့ မန်ချက်စတာညနေခင်းသတင်းစာရဲ့ဖော်ပြချက်အရ ဒီဂီယာဟာ ဂရန်နာဒါ၊ ရိုးမားတို့နဲ့ကစားခဲ့တဲ့ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်ပွဲတွေမှာ ပါဝင်ခွင့်ရခဲ့ပြီးနောက် ဗိုလ်လုပွဲမှာပါ ဆက်လက်ပါဝင်ခွင့်ရလိမ့်မယ်လို့ သိရပါတယ်။
ဒီဂီယာဟာ ရိုးမားကို ၃-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ဆီမီးဖိုင်နယ်ဒု-အကျော့မှာ အရေးနိမ့်ခဲ့ပေမယ့် အထူးလက်စွမ်းပြနိုင်ခဲ့ပြီး အသင်းကလည်း နှစ်ကျော့ပေါင်း ၈-၅ ဂိုးရလဒ်နဲ့ ဗိုလ်လုပွဲတက်နိုင်ခဲ့ပါတယ်။


ဒီအတိုင်းဆိုရင်တော့ ဆိုစီဒက်၊ အေစီမီလန်တို့နဲ့ကစားခဲ့တဲ့ ၃၂သင်းအဆင့်၊ ၁၆ သင်းအဆင့်တွေမှာ ကစားခွင့်ရခဲ့တဲ့ ဟန်ဒါဆန်အတွက်တော့ ထိုးနှက်ချက်ဖြစ်လာနိုင်ပါတယ်။

ဟန်ဒါဆန်ဟာ ပရီးမီးယားလိဂ်မှာ ဦးစားပေးဂိုးသမားအဖြစ် ကစားခွင့်ရနေပေမယ့် ယူရိုပါလိဂ်မှာ ဒီဂီယာ အခွင့်အရေးကောင်းတွေရနေရင် သူ့အတွက် ကောင်းမွန်လာဖွယ်မရှိဘူးလို့ သတင်းတွေက ရေးသားနေပါတယ်။


ဒီဂီယာက ယူရိုပါလိဂ်မှာ လက်စွမ်းပြနေချိန် ဟန်ဒါဆန်ကတော့ ပရီးမီးယားလိဂ်မှာ ဝေဖန်ခံနေရပြီး အထူးသဖြင့် လီဗာပူးကို ၄-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ သူ့ရဲ့နေရာယူပုံမှားယွင်းမှုအပေါ် ဝေဖန်ခံနေရပါတယ်။
ဆိုးလ်ရှားဟာ အခုနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဂိုးသမားနေရာကို အလှည့်ကျသုံးစွဲနေရာ ဖူလ်ဟမ်နဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲမှာ ဒီဂီယာ ပါဝင်ခွင့်ရခဲ့ပါတယ်။


ဒါပေမဲ့ ဟန်ဒါဆန်ဟာ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်အဖြစ် တနင်္ဂနွေနေ့မှာ ကစားရမယ့် ဝုဗ်နဲ့အဝေးကွင်းပွဲမှာတော့ ပြန်လည်ပါဝင်လာနိုင်ပါတယ်။
ဆိုးလ်ရှားအနေနဲ့ နွေရာသီမှာ ဂိုးသမားပိုင်းနဲ့ပတ်သက်လို့ အခက်တွေ့လာနိုင်ပြီး ဟန်ဒါဆန်ရဲ့အနာဂတ်က အခုကတည်းက မရေမရာဖြစ်နေပါတယ်။


ဟန်ဒါဆန်က ယူနိုက်တက်မှာ ဦးစားပေးဂိုးသမားဖြစ်မှ ဆက်ကစားမယ်လို့ အတိအလင်းဆိုထားပြီး ဖူလ်ဟမ်နဲ့ပွဲက ဖြစ်ရပ်ကြောင့် သူ့အနာဂတ်က စဉ်းစားစရာဖြစ်လာပါတယ်။


ဆိုးလ်ရှားကတော့ ဖူလ်ဟမ်နဲ့ပွဲက လူရွေးချယ်မှုအပေါ် ကာကွယ်သွားခဲ့ပြီး ဝုဗ်နဲ့ပွဲပြီးမှသာ ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် လူရွေးချယ်မှုကို စဉ်းစားဆုံးဖြတ်သွားမယ်လို့ ပြောထားပါတယ်။

Zawgyi
ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာ ဂိုးသမား ဒီဂီယာ ပါ၀င္ခြင့္ရဖြယ္ရွိ

ယူႏိုက္တက္အသင္းဂိုးသမား ဒီဂီယာဟာ ဗီလာရီးရဲလ္နဲ႔ကစားရမယ့္ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာ ပါ၀င္ကစားခြင့္ရဖို႔ နည္းျပဆိုးလ္ရွားရဲ႕ေထာက္ခံခ်က္ ရသြားပုံရတယ္လို႔ သိရပါတယ္။
ဒီဂီယာနဲ႔ အသင္းေဖာ္ ဒင္းဟန္ဒါဆန္တို႔ဟာ ခ်န္ပီယံလိဂ္ကေန ယူ႐ိုပါလိဂ္ဘက္ ယူႏိုက္တက္အသင္း ကူးေျပာင္းလာၿပီးခ်ိန္ကတည္းက ၄ပြဲစီကစားခြင့္ရထားပါတယ္။
ဒါေပမဲ့ မန္ခ်က္စတာညေနခင္းသတင္းစာရဲ႕ေဖာ္ျပခ်က္အရ ဒီဂီယာဟာ ဂရန္နာဒါ၊ ႐ိုးမားတို႔နဲ႔ကစားခဲ့တဲ့ ကြာတားဖိုင္နယ္၊ ဆီမီးဖိုင္နယ္ပြဲေတြမွာ ပါ၀င္ခြင့္ရခဲ့ၿပီးေနာက္ ဗိုလ္လုပြဲမွာပါ ဆက္လက္ပါ၀င္ခြင့္ရလိမ့္မယ္လို႔ သိရပါတယ္။
ဒီဂီယာဟာ ႐ိုးမားကို ၃-၂ ဂိုးနဲ႔ အေရးနိမ့္ခဲ့တဲ့ ဆီမီးဖိ္ုင္နယ္ဒု-အေက်ာ့မွာ အေရးနိမ့္ခဲ့ေပမယ့္ အထူးလက္စြမ္းျပႏိုင္ခဲ့ၿပီး အသင္းကလည္း ႏွစ္ေက်ာ့ေပါင္း ၈-၅ ဂိုးရလဒ္နဲ႔ ဗိုလ္လုပြဲတက္ႏိုင္ခဲ့ပါတယ္။
ဒီအတိုင္းဆိုရင္ေတာ့ ဆိုစီဒက္၊ ေအစီမီလန္တို႔နဲ႔ကစားခဲ့တဲ့ ၃၂သင္းအဆင့္၊ ၁၆ သင္းအဆင့္ေတြမွာ ကစားခြင့္ရခဲ့တဲ့ ဟန္ဒါဆန္အတြက္ေတာ့ ထိုးႏွက္ခ်က္ျဖစ္လာႏိုင္ပါတယ္။

ဟန္ဒါဆန္ဟာ ပရီးမီးယားလိဂ္မွာ ဦးစားေပးဂိုးသမားအျဖစ္ ကစားခြင့္ရေနေပမယ့္ ယူ႐ိုပါလိဂ္မွာ ဒီဂီယာ အခြင့္အေရးေကာင္းေတြရေနရင္ သူ႕အတြက္ ေကာင္းမြန္လာဖြယ္မရွိဘူးလို႔ သတင္းေတြက ေရးသားေနပါတယ္။
ဒီဂီယာက ယူ႐ိုပါလိဂ္မွာ လက္စြမ္းျပေနခ်ိန္ ဟန္ဒါဆန္ကေတာ့ ပရီးမီးယားလိဂ္မွာ ေ၀ဖန္ခံေနရၿပီး အထူးသျဖင့္ လီဗာပူးကို ၄-၂ ဂိုးနဲ႔ အေရးနိမ့္ခဲ့တဲ့ပြဲမွာ သူ႕ရဲ႕ေနရာယူပုံမွားယြင္းမႈအေပၚ ေ၀ဖန္ခံေနရပါတယ္။
ဆိုးလ္ရွားဟာ အခုေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ ဂိုးသမားေနရာကို အလွည့္က်သုံးစြဲေနရာ ဖူလ္ဟမ္နဲ႔ ၁-၁ ဂိုးသေရက်ခဲ့တဲ့ပြဲမွာ ဒီဂီယာ ပါ၀င္ခြင့္ရခဲ့ပါတယ္။
ဒါေပမဲ့ ဟန္ဒါဆန္ဟာ ပရီးမီးယားလိဂ္ရာသီပိတ္ပြဲစဥ္အျဖစ္ တနဂၤေႏြေန႔မွာ ကစားရမယ့္ ဝုဗ္နဲ႔အေ၀းကြင္းပြဲမွာေတာ့ ျပန္လည္ပါ၀င္လာႏိုင္ပါတယ္။
ဆိုးလ္ရွားအေနနဲ႔ ေႏြရာသီမွာ ဂိုးသမားပိုင္းနဲ႔ပတ္သက္လို႔ အခက္ေတြ႕လာႏိုင္ၿပီး ဟန္ဒါဆန္ရဲ႕အနာဂတ္က အခုကတည္းက မေရမရာျဖစ္ေနပါတယ္။

ဟန္ဒါဆန္က ယူႏိုက္တက္မွာ ဦးစားေပးဂိုးသမားျဖစ္မွ ဆက္ကစားမယ္လို႔ အတိအလင္းဆိုထားၿပီး ဖူလ္ဟမ္နဲ႔ပြဲက ျဖစ္ရပ္ေၾကာင့္ သူ႕အနာဂတ္က စဥ္းစားစရာျဖစ္လာပါတယ္။
ဆိုးလ္ရွားကေတာ့ ဖူလ္ဟမ္နဲ႔ပြဲက လူေရြးခ်ယ္မႈအေပၚ ကာကြယ္သြားခဲ့ၿပီး ဝုဗ္နဲ႔ပြဲၿပီးမွသာ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲအတြက္ လူေရြးခ်ယ္မႈကို စဥ္းစားဆုံးျဖတ္သြားမယ္လို႔ ေျပာထားပါတယ္။