ယူရိုပြိုင်ပွဲက ထွက်ခဲ့ရပြီးနောက် ပရိသတ်တွေရဲ့ အားပေးမှုကို ကျေးဇူးတင် စကား ဆိုတဲ့ ရော်နယ်ဒို

ဂျုဗင်တပ် နဲ့ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဘယ်လ်ဂျီယံအသင်းကို (၁-ဝ) ရလဒ်နဲ့ ယူရို (၁၆) သင်း ရှုးထွက် အဆင့် ပွဲစဉ်မှာ ရှုးနိမ့်ခဲ့ပြီး ယူရို ပြိုင်ပွဲက ထွက်ခဲ့ရပြီးတဲ့နောက် ပရိသတ်တွေရဲ့ အားပေးမှုကို ကျေးဇူးတင် စကား ဆိုပါတယ်။

ပေါ်တူဂီအသင်းကတော့ မရဏ အုပ်စုမှာ အုပ်စု နောက်ဆုံး ပွဲစဉ် အဖြစ် ပြင်သစ်အသင်းနဲ့ ကစားခဲ့စဉ်က (၂-၂) သရေကျခဲ့ပြီး ကွာတား ဖိုင်နယ်ကို တက်လာပြီးနောက် ဘယ်လ်ဂျီယံအသင်းကြောင့် ကွာတား ဖိုင်နယ် ပြိုင်ပွဲက လှည့်ပြန်ခဲ့ရပါတယ်။

ပေါ်တူဂီဟာ ဘယ်လ်ဂျီယံနဲ့ ပွဲစဉ်မှာ ဂိုးကန်သွင်းမှုး (၂၃) ကြိမ်၊ ဂိုးပေါက်တည့် ကန်သွင်းမှုး (၄) ကြိမ် နဲ့ ပွဲပြီး ဘောလုံး ပိုင်ဆိုင်မှု (၅၈) ရာခိုင်နှုန်း ရှိခဲ့ပေမယ့် ဘယ်လ်ဂျီယံရဲ့ တစ်ကြိမ်တည်းသော ဂိုးပေါက်တည့် ကန်သွင်းမှုကနေ ဂိုးပေးခဲ့တာပါ။

ဘယ်လ်ဂျီယံအသင်းဟာ သော်ဂမ်ဟာဇက်ရဲ့ တစ်ကြိမ်တည်းသော ဂိုးပေါက်တည့် ကန်သွင်းမှုကနေ သွင်းဂိုး ရရှိခဲ့သလို နိုင်ပွဲကိုပါ ရရှိခဲ့ပြီး ရော်နယ်ဒိုကတော့ ပြိုင်ပွဲက ထွက်ရပြီးနောက် ဘယ်လ်ဂျီယံအသင်းကို ဂုဏ်ပြုပေးသွားခဲ့ပါတယ်။

အင်စတာဂရမ်မှာ ရော်နယ်ဒိုက “ကျွန်တော်တို လိုချင်တဲ့ ရလဒ်ကို ကျွန်တော်တို မရနိုင်ခဲ့ပါဘူး။ ကျွန်တော်တို လိုချင်တာထက်ကို ပိုစောပြီးတော့ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တိုရဲ့ ယူရို ပွဲစဉ်ရလဒ်တွေကို ဂုဏ်ယူမိပါတယ်´´

“ယူရို ချန်ပီယံ ပြန်ဖြစ်ဖို အရာရာ ပေးဆပ်ခဲ့ကြပြီး ဒီအုပ်စုက ပေါ်တူဂီ ပရိသတ်တွေကို ပျော်ရွှင်မှု အများကြီး ပေးခဲ့ပါတယ်။ ကျွန်တော်တိုရဲ့ ပရိသတ်တွေဟာ ပြိုင်ပွဲအစကနေ အဆုံးအထိ အားပေးကြတဲ့ အချိန်မှာ မပင်ပန်းခဲ့ကြပါဘူး´´

“ကျွန်တော်တိုက ပရိသတ်တွေ ပေးတဲ့ ယုံကြမှုအတွက် ပြေးခဲ့ကြတယ်။ တိုက်ပွဲဝင်ခဲ့ကြတယ်။ ကျွန်တော်တို လိုချင်တဲ့ အရာရာတိုင်းကို ရရှိဖိုက မဖြစ်နိုင်ပါဘူး။ ဒီဟာက ကျွန်တော်တိုရဲ့ စစ်မှန်ပြီး လေးနက်တဲ့ ကျေးဇူးတင်စကား ဖြစ်တယ်´´

“ဘယ်လ်ဂျီယံအသင်းကို ဂုဏ်ပြုပါတယ်။ ယူရို ပြိုင်ပွဲမှာ ကျန်ရှိနေသေးတဲ့ အသင်းတွေလည်းပဲ ကံကောင်းကြပါစေ။ ကျွန်တော်တိုအနေနဲ့တော့ ကျွန်တော်တို ပို ကောင်းတဲ့ ပုံစံနဲ့ ပြန်လာပါမယ်။ အားတင်းထား ပေါ်တူဂီ´´လို ရေးသားခဲ့ပါတယ်။

Zawgyi

ယူ႐ိုၿပိဳင္ပြဲက ထြက္ခဲ့ရၿပီးေနာက္ ပရိသတ္ေတြရဲ႕ အားေပးမႈကို ေက်းဇူးတင္ စကား ဆိုတဲ့ ေရာ္နယ္ဒို

ဂ်ဳဗင္တပ္ နဲ႔ ေပၚတူဂီ တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ဘယ္လ္ဂ်ီယံအသင္းကို (၁-၀) ရလဒ္နဲ႔ ယူ႐ို (၁၆) သင္း ရႈးထြက္ အဆင့္ ပြဲစဥ္မွာ ရႈးနိမ့္ခဲ့ၿပီး ယူ႐ို ၿပိဳင္ပြဲက ထြက္ခဲ့ရၿပီးတဲ့ေနာက္ ပရိသတ္ေတြရဲ႕ အားေပးမႈကို ေက်းဇူးတင္ စကား ဆိုပါတယ္။

ေပၚတူဂီအသင္းကေတာ့ မရဏ အုပ္စုမွာ အုပ္စု ေနာက္ဆုံး ပြဲစဥ္ အျဖစ္ ျပင္သစ္အသင္းနဲ႔ ကစားခဲ့စဥ္က (၂-၂) သေရက်ခဲ့ၿပီး ကြာတား ဖိုင္နယ္ကို တက္လာၿပီးေနာက္ ဘယ္လ္ဂ်ီယံအသင္းေၾကာင့္ ကြာတား ဖိုင္နယ္ ၿပိဳင္ပြဲက လွည့္ျပန္ခဲ့ရပါတယ္။

ေပၚတူဂီဟာ ဘယ္လ္ဂ်ီယံနဲ႔ ပြဲစဥ္မွာ ဂိုးကန္သြင္းမႈး (၂၃) ႀကိမ္၊ ဂိုးေပါက္တည့္ ကန္သြင္းမႈး (၄) ႀကိမ္ နဲ႔ ပြဲၿပီး ေဘာလုံး ပိုင္ဆိုင္မႈ (၅၈) ရာခိုင္ႏႈန္း ရွိခဲ့ေပမယ့္ ဘယ္လ္ဂ်ီယံရဲ႕ တစ္ႀကိမ္တည္းေသာ ဂိုးေပါက္တည့္ ကန္သြင္းမႈကေန ဂိုးေပးခဲ့တာပါ။

ဘယ္လ္ဂ်ီယံအသင္းဟာ ေသာ္ဂမ္ဟာဇက္ရဲ႕ တစ္ႀကိမ္တည္းေသာ ဂိုးေပါက္တည့္ ကန္သြင္းမႈကေန သြင္းဂိုး ရရွိခဲ့သလို ႏိုင္ပြဲကိုပါ ရရွိခဲ့ၿပီး ေရာ္နယ္ဒိုကေတာ့ ၿပိဳင္ပြဲက ထြက္ရၿပီးေနာက္ ဘယ္လ္ဂ်ီယံအသင္းကို ဂုဏ္ျပဳေပးသြားခဲ့ပါတယ္။

အင္စတာဂရမ္မွာ ေရာ္နယ္ဒိုက “ကြၽန္ေတာ္တို လိုခ်င္တဲ့ ရလဒ္ကို ကြၽန္ေတာ္တို မရႏိုင္ခဲ့ပါဘူး။ ကြၽန္ေတာ္တို လိုခ်င္တာထက္ကို ပိုေစာၿပီးေတာ့ ၿပိဳင္ပြဲက ထြက္ခဲ့ရပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တိုရဲ႕ ယူ႐ို ပြဲစဥ္ရလဒ္ေတြကို ဂုဏ္ယူမိပါတယ္´´

“ယူ႐ို ခ်န္ပီယံ ျပန္ျဖစ္ဖို အရာရာ ေပးဆပ္ခဲ့ၾကၿပီး ဒီအုပ္စုက ေပၚတူဂီ ပရိသတ္ေတြကို ေပ်ာ္႐ႊင္မႈ အမ်ားႀကီး ေပးခဲ့ပါတယ္။ ကြၽန္ေတာ္တိုရဲ႕ ပရိသတ္ေတြဟာ ၿပိဳင္ပြဲအစကေန အဆုံးအထိ အားေပးၾကတဲ့ အခ်ိန္မွာ မပင္ပန္းခဲ့ၾကပါဘူး´´

“ကြၽန္ေတာ္တိုက ပရိသတ္ေတြ ေပးတဲ့ ယုံၾကမႈအတြက္ ေျပးခဲ့ၾကတယ္။ တိုက္ပြဲဝင္ခဲ့ၾကတယ္။ ကြၽန္ေတာ္တို လိုခ်င္တဲ့ အရာရာတိုင္းကို ရရွိဖိုက မျဖစ္ႏိုင္ပါဘူး။ ဒီဟာက ကြၽန္ေတာ္တိုရဲ႕ စစ္မွန္ၿပီး ေလးနက္တဲ့ ေက်းဇူးတင္စကား ျဖစ္တယ္´´

“ဘယ္လ္ဂ်ီယံအသင္းကို ဂုဏ္ျပဳပါတယ္။ ယူ႐ို ၿပိဳင္ပြဲမွာ က်န္ရွိေနေသးတဲ့ အသင္းေတြလည္းပဲ ကံေကာင္းၾကပါေစ။ ကြၽန္ေတာ္တိုအေနနဲ႔ေတာ့ ကြၽန္ေတာ္တို ပို ေကာင္းတဲ့ ပုံစံနဲ႔ ျပန္လာပါမယ္။ အားတင္းထား ေပၚတူဂီ´´လို ေရးသားခဲ့ပါတယ္။