ယူရိုပြီးနောက် ပခုံးခွဲစိတ်ပြီး မန်ယူအသင်းရဲ့ ရာသီအစကို လွဲချော်ဖို့ များနေတဲ့ ရက်ချ်ဖို့ဒ်
မန်ယူ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ ပခုံး ခွဲစိတ်မှု ပြုလုပ်ဖို့ လိုအပ်သလားလို့ အမေးခံရတဲ့ အချိန်မှာ ယူရို ပြိုင်ပွဲ ပြီးမှသာ ဆုံးဖြတ်သွားမှာ ဖြစ်ပြီး ခွဲစိတ်မှုကြောင့် ဘယ်လောက်ကြာ နားရမလဲ ဆိုတာ မသိဘူးလို့ ပြောပါတယ်။
အင်္ဂလန် အခြေစိုက် The Sun သတင်းကတော့ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်အနေနဲ့ ယူရို ပြိုင်ပွဲပြီးတဲ့နောက် ပခုံးကို ခွဲစိတ်မှု ပြုလုပ်မယ် ဆိုရင် မန်ယူအသင်းရဲ့ ရာသီအစ ပွဲစဉ်ကို လွဲချော်နိုင်တယ်လို့ ဖော်ပြသွားတာ ဖြစ်ပါတယ်။
တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ လက်ရှိ ယူရို ပြိုင်ပွဲမှာ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ကစားခွင့် ရရှိဖို့အတွက် ယူရို ပြိုင်ပွဲ မစခင်ကတည်းက သူ့ရဲ့ ပခုံး နာကျင်မှုနဲ့ ဘောလုံး ပွဲစဉ်တွေကို ဆက်ပြီး ကစားလာခဲ့တာပဲ ဖြစ်ပါတယ်။
လက်ရှိ ယူရို ပြိုင်ပွဲဟာ လာမယ့် ဇူလိုင်လ (၁၁) ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပြီး မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်က လာမယ့် သြဂုတ်လ (၁၄) ရက်နေ့မှာ လိဒ်ယူနိုက်တက်အသင်းနဲ့ အဖွင့် ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။
နည်းပြ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ ယူရို အုပ်စု အဖွင့် ပွဲစဉ် (၃) ပွဲ ကစားရာမှာ ရှုံးပွဲ မရှိဘဲ (၂) ပွဲနိုင်၊ (၁) ပွဲ သရေ ရရှိခဲ့တာကြောင့် ရမှတ် (၇) မှတ်နဲ့ အုပ်စု ဗိုလ် အဖြစ် နောက်တစ်ဆင့်ကို တက်လှမ်းသွားပါတယ်။
အင်္ဂလန်အသင်းဟာ ယူရို (၁၆) သင်းအဆင့် ရှုံးထွက် ပွဲစဉ်မှာတော့ ဂျာမနီအသင်းနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပြီး မန်ယူ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ကတော့ ယူရို အပြီးအထိ ကြံခိုင်မှု ပြည့်ဝနေမယ်လို့ ပြောကြားသွားတာ ဖြစ်ပါတယ်။
မန်ယူ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ ပခုံးခွဲစိတ်မှု ပြုလုပ်ဖို့ လိုမလားလို့ အမေးခံရတဲ့ အချိန်မှာ သူက “ယူရို ပြိုင်ပွဲ ပြီးမှပဲ ခွဲစိတ်ရမလား ဒါမှမဟုတ် ပခုံးကို မခွဲစိတ်ရဘူးလား ဆိုတာ ကျွန်တော် ဆုံးဖြတ်ပါမယ်။ ခွဲစိတ်ဖို့ လိုမယ်လို့ ကျွန်တော် (၁၀၀) ရာခိုင်နှုန်း မပြောနိုင်ပါဘူး။ ယူရို ပြိုင်ပွဲကိုတော့ ကျွန်တော် ကြံခိုင်မှု အပြည့်နဲ့ ပြီးဆုံးနိုင်မှာပါ”
“ကျွန်တော် နားဖို့ ရက်သတ္တပတ် အနည်းငယ် အချိန် ရပါတယ်။ ပြီးမှ ဘာလုပ်ရမလဲ ဆိုတာကို ဆုံးဖြတ်ပါမယ်။ ဆရာဝန်က ခွဲစိတ်ပြီးရင် ကျွန်တော် ဘယ်လောက်ကြာ နားရမလဲ ဆိုတာ မပြောသေးပါဘူး။ ကျွန်တော် ပခုံးကို ခွဲစိတ်ဖို့ နည်းပါတယ်။ ဒီတော့ ခွဲစိတ်မှုကြောင့် ဘယ်လောက်ကြာ နားရမလဲ ဆိုတာ မသိပါဘူး”လို့ ပြောပါတယ်။
Zawgyi
ယူရိုပြီးနောက် ပခုံးခွဲစိတ်ပြီး မန်ယူအသင်းရဲ့ ရာသီအစကို လွဲချော်ဖို့ များနေတဲ့ ရက်ခ်ျဖို့ဒ်
မန်ယူ တိုက်စစ်မှူး ရက်ခ်ျဖို့ဒ်ဟာ ပခုံး ခွဲစိတ်မှု ပြုလုပ်ဖို့ လိုအပ်သလားလို့ အမေးခံရတဲ့ အချိန်မှာ ယူရို ပြိုင်ပွဲ ပြီးမှသာ ဆုံးဖြတ်သွားမှာ ဖြစ်ပြီး ခွဲစိတ်မှုကြောင့် ဘယ်လောက်ကြာ နားရမလဲ ဆိုတာ မသိဘူးလို့ ပြောပါတယ်။
အင်္ဂလန် အခြေစိုက် The Sun သတင်းကတော့ တိုက်စစ်မှူး ရက်ခ်ျဖို့ဒ်အနေနဲ့ ယူရို ပြိုင်ပွဲပြီးတဲ့နောက် ပခုံးကို ခွဲစိတ်မှု ပြုလုပ်မယ် ဆိုရင် မန်ယူအသင်းရဲ့ ရာသီအစ ပွဲစဉ်ကို လွဲချော်နိုင်တယ်လို့ ဖော်ပြသွားတာ ဖြစ်ပါတယ်။
တိုက်စစ်မှူး ရက်ခ်ျဖို့ဒ်ဟာ လက်ရှိ ယူရို ပြိုင်ပွဲမှာ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ကစားခွင့် ရရှိဖို့အတွက် ယူရို ပြိုင်ပွဲ မစခင်ကတည်းက သူ့ရဲ့ ပခုံး နာကျင်မှုနဲ့ ဘောလုံး ပွဲစဉ်တွေကို ဆက်ပြီး ကစားလာခဲ့တာပဲ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ယူရို (၁၆) သင်းအဆင့် ရှုံးထွက် ပွဲစဉ်မှာတော့ ဂျာမနီအသင်းနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပြီး မန်ယူ တိုက်စစ်မှူး ရက်ခ်ျဖို့ဒ်ကတော့ ယူရို အပြီးအထိ ကြံခိုင်မှု ပြည့်ဝနေမယ်လို့ ပြောကြားသွားတာ ဖြစ်ပါတယ်။