ယူရိုမှာ လက်ထိဘောစည်းမျဉ်းသစ် စတင်အသက်ဝင်မယ်လို့ ယူအီးအက်ဖ်အေ အတည်ပြု

ယူရို ၂၀၂၀ ပြိုင်ပွဲကာလအတွင်း ဂိုးသွင်းဖို့ build-up လုပ်ရာမှာ တိုက်စစ်မှူးတစ်ဦးက မတော်တဆလက်ထိသွားရင်လည်း ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်တော့မှာမဟုတ်ကြောင်း ယူအီးအက်ဖ်အေက အတည်ပြုပါတယ်။
ဒီလို လက်ထိဘောစည်းမျဉ်း ပြောင်းလဲလိုက်တာကို ဘောလုံးဥပဒေထုတ်ပြန်တဲ့ အပြည်ပြည်ဆိုင်ရာဘောလုံးအဖွဲ့အစည်းဘုတ်အဖွဲ့(IFAB)က မတ်လမှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။

IFAB က မတော်တဆလက်ထိဘောဖြစ်တာက ပြစ်ဒဏ်ကျူးလွန်မှုမဟုတ်တော့ဘဲ စည်းမျဉ်းသစ်ကို ဇူလိုင်လ ၁ ရက်နေ့ကနေ စတင်သုံးစွဲမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။


ဒါပေမဲ့ ပြိုင်ပွဲတွေမှာ စည်းမျဉ်းပြောင်းလဲတာကို တစ်လကြိုတင်ပြီး မိတ်ဆက်ဖို့ ပြင်ဆင်နေသလို ယူအီးအက်ဖ်အေရဲ့ ဒိုင်လူကြီးဆိုင်ရာအဖွဲ့အကြီးအကဲ ရိုဆက်တီက ယခုလ ၁၁ ရက်နေ့မှာ စတင်ကျင်းပတော့မယ့် ယူရိုမှာ အဲဒီစည်းမျဉ်းကို အသုံးပြုမယ်လို့ အတည်ပြုပါတယ်။


ပရိသတ်တွေနဲ့အရင်းနှီးဆုံးပြိုင်ပွဲဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ လက်ထိဘောကိစ္စနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေ မကြာခဏဖြစ်ပေါ်လေ့ရှိပြီး အထူးသဖြင့် မတ်လအတွင်း စပါးကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဖူလ်ဟမ်ရဲ့သွင်းဂိုးကို လက်ထိဘောကြောင့်ဆိုတာ ပယ်ဖျက်ခဲ့တာက အထင်ရှားဆုံးဖြစ်ခဲ့ပါတယ်။


ဒါ့အပြင် ယူအီးအက်ဖ်အေက ယူရိုပြိုင်ပွဲကာလအတွင်း လူကျွံဘောဖြစ်ရပ်တွေအတွက် VAR နဲ့ ဆုံးဖြတ်တဲ့အခါ နောက်ဆုံး ဆုံးဖြတ်ချက်ကိုပဲ ရုပ်သံကနေ ပြသဖို့ ဆုံးဖြတ်ခဲ့ပြီး ၂၀၂၀-၂၁ ရာသီပရီးမီးယားလိဂ်မှာတော့ အစအဆုံး ပြသခဲ့ပါတယ်။


ရိုဆက်တီက ကွင်းလယ်ဒိုင်လူကြီးရဲ့သွင်းဂိုး ခွင့်ပြုမှုကို VAR က ခွင့်မပြုတဲ့ဆုံးဖြတ်ချက် မချမှတ်ခင် ရှင်းလင်းသိသာတဲ့ သက်သေရှိရမယ်လို့ အတည်ပြုခဲ့ပါတယ်။

Zawgyi
ယူ႐ိုမွာ လက္ထိေဘာစည္းမ်ဥ္းသစ္ စတင္အသက္၀င္မယ္လို႔ ယူအီးအက္ဖ္ေအ အတည္ျပဳ
ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲကာလအတြင္း ဂိုးသြင္းဖို႔ build-up လုပ္ရာမွာ တိုက္စစ္မွဴးတစ္ဦးက မေတာ္တဆလက္ထိသြားရင္လည္း ျပစ္ဒဏ္ေဘာအျဖစ္ သတ္မွတ္ေတာ့မွာမဟုတ္ေၾကာင္း ယူအီးအက္ဖ္ေအက အတည္ျပဳပါတယ္။
ဒီလို လက္ထိေဘာစည္းမ်ဥ္း ေျပာင္းလဲလိုက္တာကို ေဘာလုံးဥပေဒထုတ္ျပန္တဲ့ အျပည္ျပည္ဆိုင္ရာေဘာလုံးအဖြဲ႕အစည္းဘုတ္အဖြဲ႕(IFAB)က မတ္လမွာ အတည္ျပဳခဲ့တာျဖစ္ပါတယ္။

IFAB က မေတာ္တဆလက္ထိေဘာျဖစ္တာက ျပစ္ဒဏ္က်ဴးလြန္မႈမဟုတ္ေတာ့ဘဲ စည္းမ်ဥ္းသစ္ကို ဇူလိုင္လ ၁ ရက္ေန႔ကေန စတင္သုံးစြဲမယ္လို႔ ေၾကညာခ်က္ထုတ္ျပန္ခဲ့တာပါ။
ဒါေပမဲ့ ၿပိဳင္ပြဲေတြမွာ စည္းမ်ဥ္းေျပာင္းလဲတာကို တစ္လႀကိဳတင္ၿပီး မိတ္ဆက္ဖို႔ ျပင္ဆင္ေနသလို ယူအီးအက္ဖ္ေအရဲ႕ ဒိုင္လူႀကီးဆိုင္ရာအဖြဲ႕အႀကီးအကဲ ႐ိုဆက္တီက ယခုလ ၁၁ ရက္ေန႔မွာ စတင္က်င္းပေတာ့မယ့္ ယူ႐ိုမွာ အဲဒီစည္းမ်ဥ္းကို အသုံးျပဳမယ္လို႔ အတည္ျပဳပါတယ္။
ပရိသတ္ေတြနဲ႔အရင္းႏွီးဆုံးၿပိဳင္ပြဲျဖစ္တဲ့ ပရီးမီးယားလိဂ္မွာ လက္ထိေဘာကိစၥနဲ႔ပတ္သက္လို႔ အျငင္းပြားမႈေတြ မၾကာခဏျဖစ္ေပၚေလ့ရွိၿပီး အထူးသျဖင့္ မတ္လအတြင္း စပါးကို အေရးနိမ့္ခဲ့တဲ့ပြဲမွာ ဖူလ္ဟမ္ရဲ႕သြင္းဂိုးကို လက္ထိေဘာေၾကာင့္ဆိုတာ ပယ္ဖ်က္ခဲ့တာက အထင္ရွားဆုံးျဖစ္ခဲ့ပါတယ္။
ဒါ့အျပင္ ယူအီးအက္ဖ္ေအက ယူ႐ိုၿပိဳင္ပြဲကာလအတြင္း လူကၽြံေဘာျဖစ္ရပ္ေတြအတြက္ VAR နဲ႔ ဆုံးျဖတ္တဲ့အခါ ေနာက္ဆံုး ဆုံးျဖတ္ခ်က္ကိုပဲ ႐ုပ္သံကေန ျပသဖို႔ ဆုံးျဖတ္ခဲ့ၿပီး ၂၀၂၀-၂၁ ရာသီပရီးမီးယားလိဂ္မွာေတာ့ အစအဆုံး ျပသခဲ့ပါတယ္။
႐ိုဆက္တီက ကြင္းလယ္ဒိုင္လူႀကီးရဲ႕သြင္းဂိုး ခြင့္ျပဳမႈကို VAR က ခြင့္မျပဳတဲ့ဆုံးျဖတ္ခ်က္ မခ်မွတ္ခင္ ရွင္းလင္းသိသာတဲ့ သက္ေသရွိရမယ္လို႔ အတည္ျပဳခဲ့ပါတယ္။