ယူရိုသမိုင်းတစ်လျှောက် အဝေးဆုံးသွင်းဂိုးက ကြက်ကန်းဆန်အိုးတိုးပြီး ဝင်သွားတာမဟုတ်ဘူးလို့ ပက်ထရစ်ရှစ်ခ် ထုတ်ဖော်

ချက်အသင်းတိုက်စစ်မှူး ပက်ထရစ်ရှစ်ခ်က ပွဲချိန်အစောပိုင်းမှာ စကော့တလန်ဂိုးသမား မာရှယ် အရှေ့ တက် တက်နေတာကို သတိပြုမိပြီးနောက် ဒီလိုလှပတဲ့ဂိုးသွင်းနိုင်ဖို့ ပလန်ချဖြစ်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပက်ထရစ်ရှစ်ခ်ဟာ ပထမပိုင်းမှာလည်း ချက်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းပြန်အစ သိပ်မကြာခင်မှာလည်း အံ့ဖွယ်ဂိုးနဲ့အတူ အသင်းအတွက် အဆုံးသတ်ဂိုးသွင်းယူခဲ့ပါတယ်။

သူဟာ ကိုက် ၅၀ နီးပါးအကွာကနေ ဘယ်ခြေနဲ့ လှမ်းကန်လိုက်ရာမှာ ဂိုးထဲ တန်းတန်းမတ်မတ် ဝင်သွားပြီး စကော့ဂိုးသမား မာရှယ်လည်း ဖမ်းဖို့ ကြိုးစားရင်း ဂိုးပိုက်ထဲ သူပါ ရောက်သွားပါတယ်။
အခုမှ ယူရိုစတင်တာ ၄ ရက်ပဲရှိသေးပေမယ့် ဒီဂိုးက ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးသွင်းဂိုးဖြစ်လာနိုင်တယ်လို့ စောစောစီးစီး သုံးသပ်ခံထားရပါတယ်။


ပက်ထရစ်ရှစ်ခ်က သူ့ရဲ့ကန်သွင်းချက်က ကြက်ကန်းဆန်အိုးတိုးပြီး ဂိုးထဲဝင်သွားတာမဟုတ်ဘဲ ပထမပိုင်းမှာကတည်းက ဂိုးသမား မာရှယ် ရှေ့ ထွက် ထွက်နေတာကို သတိပြုမိခဲ့တယ်လို့ ပြောပါတယ်။


”ပင်နယ်တီဧရိယာစည်းထဲကနေ သူထွက်လာတာကို ကျွန်တော် တွေ့လိုက်ပါတယ်။ ဒီလိုကန်လို့ရတယ်ဆိုတာ ပထမပိုင်းမှာကတည်းက သိခဲ့တာပါ”
”မာရှယ်က ရှေ့အရမ်းထွက်တတ်တာကို ကျွန်တော် သိသွားပြီး ဘောလုံးရချိန်မှာ သူ ဘယ်ရောက်နေလဲဆိုတာ အလျင်အမြန်ကြည့်လိုက်ပါတယ်”


”အဲဒီမှာ သူ ရှေ့အရမ်းထွက်နေတာ တွေ့လိုက်ရပြီး ကျွန်တော်လည်း တစ်ခါတည်း ကန်လိုက်တာပါ။ သိပ်ကောင်းတဲ့ဂိုးပါ”လို့ ပက်ထရစ်ရှစ်ခ်က ပွဲအပြီးမှာ ပြောပါတယ်။


အဲဒီဂိုးဟာ တရားဝင် ၄၉.၇ ကိုက်အထိ ဝေးကွာခဲ့ရာ ယူရိုသမိုင်းတစ်လျှောက် အဝေးဆုံးသွင်းဂိုးအဖြစ် စံချိန်သစ်တင်သွားပါတယ်။

သူ့ရဲ့ဦးဆောင်ဂိုးကလည်း အဆင့်အတန်းမီခဲ့ပြီး ညာနောက်ခံလူ ကူဖယ်ရဲ့ထောင့်ဖြတ်ဘောကနေ ခေါင်းတိုက်သွင်းယူခဲ့တာပါ။


ဒီနိုင်ပွဲကြောင့် ချက်အသင်းဟာ အင်္ဂလန်ကို ကျော်ဖြတ်ကာ အုပ်စုကို ဦးဆောင်နိုင်ခဲ့ပြီး သောကြာနေ့မှာ ခရိုအေးရှားနဲ့ ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Zawgyi
ယူ႐ိုသမိုင္းတစ္ေလွ်ာက္ အေ၀းဆုံးသြင္းဂိုးက ၾကက္ကန္းဆန္အိုးတိုးၿပီး ၀င္သြားတာမဟုတ္ဘူးလို႔ ပက္ထရစ္ရွစ္ခ္ ထုတ္ေဖာ္
ခ်က္အသင္းတိုက္စစ္မွဴး ပက္ထရစ္ရွစ္ခ္က ပြဲခ်ိန္အေစာပိုင္းမွာ စေကာ့တလန္ဂိုးသမား မာရွယ္ အေရွ႕ တက္ တက္ေနတာကို သတိျပဳမိၿပီးေနာက္ ဒီလိုလွပတဲ့ဂိုးသြင္းႏိုင္ဖို႔ ပလန္ခ်ျဖစ္ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ပက္ထရစ္ရွစ္ခ္ဟာ ပထမပိုင္းမွာလည္း ခ်က္အသင္းအတြက္ ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ဒုတိယပိုင္းျပန္အစ သိပ္မၾကာခင္မွာလည္း အံ့ဖြယ္ဂိုးနဲ႔အတူ အသင္းအတြက္ အဆုံးသတ္ဂိုးသြင္းယူခဲ့ပါတယ္။
သူဟာ ကိုက္ ၅၀ နီးပါးအကြာကေန ဘယ္ေျခနဲ႔ လွမ္းကန္လိုက္ရာမွာ ဂိုးထဲ တန္းတန္းမတ္မတ္ ၀င္သြားၿပီး စေကာ့ဂိုးသမား မာရွယ္လည္း ဖမ္းဖို႔ ႀကိဳးစားရင္း ဂိုးပိုက္ထဲ သူပါ ေရာက္သြားပါတယ္။
အခုမွ ယူ႐ိုစတင္တာ ၄ ရက္ပဲရွိေသးေပမယ့္ ဒီဂိုးက ၿပိဳင္ပြဲတစ္ေလွ်ာက္ အေကာင္းဆုံးသြင္းဂိုးျဖစ္လာႏိုင္တယ္လို႔ ေစာေစာစီးစီး သုံးသပ္ခံထားရပါတယ္။
ပက္ထရစ္ရွစ္ခ္က သူ႕ရဲ႕ကန္သြင္းခ်က္က ၾကက္ကန္းဆန္အိုးတိုးၿပီး ဂိုးထဲ၀င္သြားတာမဟုတ္ဘဲ ပထမပိုင္းမွာကတည္းက ဂိုးသမား မာရွယ္ ေရွ႕ ထြက္ ထြက္ေနတာကို သတိျပဳမိခဲ့တယ္လို႔ ေျပာပါတယ္။
”ပင္နယ္တီဧရိယာစည္းထဲကေန သူထြက္လာတာကို ကၽြန္ေတာ္ ေတြ႕လိုက္ပါတယ္။ ဒီလိုကန္လို႔ရတယ္ဆိုတာ ပထမပိုင္းမွာကတည္းက သိခဲ့တာပါ”

”မာရွယ္က ေရွ႕အရမ္းထြက္တတ္တာကို ကၽြန္ေတာ္ သိသြားၿပီး ေဘာလုံးရခ်ိန္မွာ သူ ဘယ္ေရာက္ေနလဲဆိုတာ အလ်င္အျမန္ၾကည့္လိုက္ပါတယ္”
”အဲဒီမွာ သူ ေရွ႕အရမ္းထြက္ေနတာ ေတြ႕လိုက္ရၿပီး ကၽြန္ေတာ္လည္း တစ္ခါတည္း ကန္လိုက္တာပါ။ သိပ္ေကာင္းတ့ဲဂိုးပါ”လို႔ ပက္ထရစ္ရွစ္ခ္က ပြဲအၿပီးမွာ ေျပာပါတယ္။
အဲဒီဂိုးဟာ တရား၀င္ ၄၉.၇ ကိုက္အထိ ေ၀းကြာခဲ့ရာ ယူ႐ိုသမိုင္းတစ္ေလွ်ာက္ အေ၀းဆုံးသြင္းဂိုးအျဖစ္ စံခ်ိန္သစ္တင္သြားပါတယ္။
သူ႕ရဲ႕ဦးေဆာင္ဂိုးကလည္း အဆင့္အတန္းမီခဲ့ၿပီး ညာေနာက္ခံလူ ကူဖယ္ရဲ႕ေထာင့္ျဖတ္ေဘာကေန ေခါင္းတိုက္သြင္းယူခဲ့တာပါ။
ဒီႏိုင္ပြဲေၾကာင့္ ခ်က္အသင္းဟာ အဂၤလန္ကို ေက်ာ္ျဖတ္ကာ အုပ္စုကို ဦးေဆာင္ႏိုင္ခဲ့ၿပီး ေသာၾကာေန႔မွာ ခ႐ိုေအးရွားနဲ႔ ဆက္လက္ရင္ဆိုင္ရမွာျဖစ္ပါတယ္။