ယူရို ပြိုင်ပွဲ သမိုင်းမှာ ကိုယ့်ဂိုးကိုယ် သွင်းယူတဲ့ ပထမဆုံး ဂိုးသမား အဖြစ် စံချိန်ဆိုး ရရှိသွားတဲ့ ဂိုးသမား ဆဇက်စနီ

ဂျုဗင်တပ် ကလပ် နဲ့ ပိုလန် လက်ရွေးစင် ဂိုးသမား ဆဇက်စနီကတော့ တနင်္လာနေ့ညက ကစားသွားခဲ့တဲ့ ယူရို ပွဲစဉ်မှာ

ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့မိတာကြောင့် ယူရို ပြိုင်ပွဲ သမိုင်း တစ်လျှောက်မှာ ကိုယ့်ဂိုးကိုယ် သွင်းယူမိတဲ့ ပထမဆုံး ဂိုးသမား အဖြစ် စံချိန်ဆိုး တင်သွားခဲ့ပါတယ်။

ပိုလန်အသင်းဟာ ပထမပိုင်းမှာ ဂိုးသမား ဆဇက်စနီရဲ့ ကိုယ့်ဂိုးကို သွင်းဂိုးကို ကွင်းလယ်လူ လီနက်တီက ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပြီး

သရေကျနေခဲ့ပေမယ့် နောက်ခံလူ ရှကရီညာရဲ့ သွင်းဂိုးကို ပြန်ပြီး ခွင့်ပြုခဲ့ရလို့ ဆလိုဗက်ကီးယားအသင်းကို (၁-၂) ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ်။

ပိုလန်အသင်းဟာ ယူရို ပြိုင်ပွဲ တစ်လျှောက်မှာ ဆလိုဗက်ကီးယားအသင်းနဲ့ ပထမဆုံး အကြိမ် တွေ့ဆုံမှု ဖြစ်ပြီး

ဆလိုဗက်ကီးယားအသင်းကို (၁-၂) ရှုံးနိမ့်ခဲ့ရုံသာမကဘဲ ဂိုးသမား ဆဇက်စနီက ကိုယ့်ဂိုးကို သွင်းယူခဲ့သလို ကွင်းလယ်လူ ခရီဟိုယက်ကလည်း အနီကဒ် ထိခဲ့ပါတယ်။

ဂိုးသမား ဆဇက်စနီက ယူရို ပြိုင်ပွဲ တစ်လျှောက်မှာ ကိုယ့်ဂိုးကိုယ် သွင်းယူတဲ့ ပထမဆုံး ဂိုးသမား အဖြစ် မှတ်တမ်းဆို ရရှိခဲ့ပြီး

ကွင်းလယ်လူ ခရီဟိုတယ်ကတော့ လက်ရှိ ယူရို (၂၀၂၀) ပြိုင်ပွဲမှာ ပထမဆုံး အနီကဒ် အပြခံရတဲ့ ကစားသမား အဖြစ် မှတ်တမ်း ဝင်သွားခဲ့ပါတယ်။

လက်ရှိ ယူရို (၂၀၂၀) ပြိုင်ပွဲမှာ ကိုယ့်ဂိုးကိုယ် သွင်းဂိုး (၂) ဂိုး ရှိပြီ ဖြစ်ပြီး ကိုယ့်ဂိုးကိုယ် သွင်းယူမိကြတဲ့ သူ (၂) ဦးကတော့

တူရကီ လက်ရွေးစင် ဂျုဗင်တပ် နောက်ခံလူ ဒီမီရယ် နဲ့ ပိုလန် လက်ရွေးစင် ဂျုဗင်တပ် ဂိုးသမား ဆဇက်စနီတို့ ဖြစ်တာကြောင့် ဂျုဗင်တပ် ကစားသမားတွေ ဖြစ်နေပါတယ်။

ဂိုးသမား ဆဇက်စနီက ကိုယ့်ဂိုးကိုယ် သွင်းယူတဲ့ ပွဲစဉ်မှာ ပိုလန်အသင်းက ဆလိုဗက်ကီးယားအသင်းကို (၁-၂) ရလဒ်နဲ့ ရှုံးနိမ့်ပြီး

နောက်ခံလူ ဒီမီရယ်က ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တဲ့ ပွဲစဉ်မှာလည်း တူရကီအသင်းက အီတလီအသင်းကို သွင်းဂိုးမရှိဘဲ (၃) ဂိုးပြတ် ရလဒ်နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

Zawgyi

ယူရို ပြိုင်ပွဲ သမိုင်းမှာ ကိုယ့်ဂိုးကိုယ် သွင်းယူတဲ့ ပထမဆုံး ဂိုးသမား အဖြစ် စံချိန်ဆိုး ရရှိသွားတဲ့ ဂိုးသမား ဆဇက်စနီ





