ယူရို ပြိုင်ပွဲ သမိုင်း တစ်လျှောက် တစ်ပွဲတည်းမှာ ပထမဆုံး အကြိမ် (၅) ဂိုး သွင်းယူနိုင်တဲ့ စပိန်အသင်း

စပိန်အသင်းဟာ မနေ့ညက ဆလိုဗက်ကီးယားအသင်းကို (၅-ဝ) ရလဒ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် သူတို့ရဲ့ ယူရို ပြိုင်ပွဲ သမိုင်း တစ်လျှောက်မှာ ယူရို ပွဲစဉ် (၄၃) ပွဲ ကစားပြီးတဲ့နောက် တစ်ပွဲတည်းမှာ ပထမဆုံး အကြိမ် သွင်းဂိုး (၅) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

စပိန်အသင်းကတော့ လက်ရှိ ယူရို (၂၀၂၀) ကို စိတ်ပျက်ဖွယ်ရာ ရလဒ်တွေနဲ့ စတင်ခဲ့ပြီး အုပ်စု အဖွင့် ပွဲစဉ်မှာ ဆွီဒင်အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့သလို အုပ်စု ဒုတိယ ပွဲစဉ်မှာလည်း ပိုလန်အသင်းနဲ့ တစ်ဖက်တစ်ဂိုး သရေ ရလဒ်သာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နည်းပြ အင်းနရစ်ရဲ့ စပိန်အသင်းဟာ အုပ်စု နောက်ဆုံး ပွဲစဉ်မှာတော့ ဒူဘရာကာရဲ့ ကိုယ့်ဂိုးကိုယ် သွင်းဂိုး၊ လာပေါ်တီ၊ ဆာရာဘီယာ၊ နဲ့ ဖာရန်တောရက်စ်တို့ရဲ့ သွင်းဂိုး၊ ကူကာရဲ့ ကိုယ့်ဂိုးကိုယ် သွင်းဂိုးတွေနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

စပိန်အသင်းဟာ ဆီလိုဗက်ကီးယားအသင်းကို (၅) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် (၁၆) သင်းအဆင့်ကို အုပ်စု (အီ) ကနေ အုပ်စု ဒုတိယ အဖြစ် တက်လှမ်းသွားခဲ့ပြီး (၁၆) သင်းအဆင့်မှာတော့ ခရိုအေးရှားအသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

စပိန်အသင်းအတွက် စတုတ္ထမြောက် သွင်းဂိုးကို သွင်းယူခဲ့တဲ့ ဖာရန်တောရက်စ်ကလည်း လူစားလဲ ဝင်ရောက် ကစားပြီးနောက် (၄၄) စက္ကန့် အကြာမှာ ဂိုးသွင်းခဲ့လို့ လွန်ခဲ့တဲ့ (၂၀၀၄) ခုနှစ် နောက်ပိုင်း ဂိုးသွင်း အမြန်ဆုံး လူစားလဲ ကစားသမား ဖြစ်ပါတယ်။

စပိန်အသင်းဟာ လက်ရှိ (၂၀၂၀) ယူရို ပြိုင်ပွဲမှာ အုပ်စု ပွဲစဉ် (၃) ပွဲ ကစားထားရာမှာ (၂) ပွဲသရေ၊ (၁) ပွဲနိုင် ရလဒ်ကို ရရှိခဲ့လို့ ရမှတ် (၅) မှတ်နဲ့ အုပ်စု ဒုတိယ ဖြစ်သွားပြီး ဆွီဒင်အသင်းက ရမှတ် (၇) မှတ်နဲ့ အုပ်စုဗိုလ် အဖြစ် အုပ်စု ပိတ်သိမ်းခဲ့ပါတယ်။

စပိန်အသင်းဟာ လာမယ့် တနင်္လာနေ့မှာတော့ ယူရို (၁၆) သင်းအဆင့် ရှုံးထွက် ပွဲစဉ်ကို ကစားရမှာ ဖြစ်ပြီး (၁၆) သင်းအဆင့် ရှုံးထွက် ပွဲစဉ်မှာတော့ အုပ်စု (ဒီ) က အုပ်စုဗိုလ် အဖြစ် တက်လှမ်းလာခဲ့တဲ့ ခရိုအေးရှားအသင်းနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။

နည်းပြ အင်းနရစ်ရဲ့ စပိန်အသင်းဟာ (၁၆) သင်းအဆင့် ရှုံးထွက် ပွဲစဉ်မှာ ခရိုအေးရှားအသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပေမယ့် ကွာတား ဖိုင်နယ် ပွဲစဉ်မှာတော့ အုပ်စု (အက်ဖ်) ပထမ – အုပ်စု အေ/စီ တတိယအတွဲက အနိုင်ရတဲ့ အသင်းနဲ့ ရင်ဆိုင်ရမှာပါပဲ။

Zawgyi

ယူ႐ို ၿပိဳင္ပြဲ သမိုင္း တစ္ေလွ်ာက္ တစ္ပြဲတည္းမွာ ပထမဆုံး အႀကိမ္ (၅) ဂိုး သြင္းယူႏိုင္တဲ့ စပိန္အသင္း

စပိန္အသင္းဟာ မေန႔ညက ဆလိုဗက္ကီးယားအသင္းကို (၅-ဝ) ရလဒ္နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ သူတို႔ရဲ႕ ယူ႐ို ၿပိဳင္ပြဲ သမိုင္း တစ္ေလွ်ာက္မွာ ယူ႐ို ပြဲစဥ္ (၄၃) ပြဲ ကစားၿပီးတဲ့ေနာက္ တစ္ပြဲတည္းမွာ ပထမဆုံး အႀကိမ္ သြင္းဂိုး (၅) ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။

စပိန္အသင္းကေတာ့ လက္ရွိ ယူ႐ို (၂၀၂၀) ကို စိတ္ပ်က္ဖြယ္ရာ ရလဒ္ေတြနဲ႔ စတင္ခဲ့ၿပီး အုပ္စု အဖြင့္ ပြဲစဥ္မွာ ဆြီဒင္အသင္းနဲ႔ ဂိုးမရွိ သေရက်ခဲ့သလို အုပ္စု ဒုတိယ ပြဲစဥ္မွာလည္း ပိုလန္အသင္းနဲ႔ တစ္ဖက္တစ္ဂိုး သေရ ရလဒ္သာ ရရွိခဲ့တာပဲ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း နည္းျပ အင္းနရစ္ရဲ႕ စပိန္အသင္းဟာ အုပ္စု ေနာက္ဆုံး ပြဲစဥ္မွာေတာ့ ဒူဘရာကာရဲ႕ ကိုယ့္ဂိုးကိုယ္ သြင္းဂိုး၊ လာေပၚတီ၊ ဆာရာဘီယာ၊ နဲ႔ ဖာရန္ေတာရက္စ္တို႔ရဲ႕ သြင္းဂိုး၊ ကူကာရဲ႕ ကိုယ့္ဂိုးကိုယ္ သြင္းဂိုးေတြနဲ႔ ဂိုးျပတ္ အႏိုင္ရခဲ့ပါတယ္။

စပိန္အသင္းဟာ ဆီလိုဗက္ကီးယားအသင္းကို (၅) ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ (၁၆) သင္းအဆင့္ကို အုပ္စု (အီ) ကေန အုပ္စု ဒုတိယ အျဖစ္ တက္လွမ္းသြားခဲ့ၿပီး (၁၆) သင္းအဆင့္မွာေတာ့ ခ႐ိုေအးရွားအသင္းနဲ႔ ယွဥ္ၿပိဳင္ ကစားရမွာ ျဖစ္ပါတယ္။

စပိန္အသင္းအတြက္ စတုတၳေျမာက္ သြင္းဂိုးကို သြင္းယူခဲ့တဲ့ ဖာရန္ေတာရက္စ္ကလည္း လူစားလဲ ဝင္ေရာက္ ကစားၿပီးေနာက္ (၄၄) စကၠန႔္ အၾကာမွာ ဂိုးသြင္းခဲ့လို႔ လြန္ခဲ့တဲ့ (၂၀၀၄) ခုႏွစ္ ေနာက္ပိုင္း ဂိုးသြင္း အျမန္ဆုံး လူစားလဲ ကစားသမား ျဖစ္ပါတယ္။

စပိန္အသင္းဟာ လက္ရွိ (၂၀၂၀) ယူ႐ို ၿပိဳင္ပြဲမွာ အုပ္စု ပြဲစဥ္ (၃) ပြဲ ကစားထားရာမွာ (၂) ပြဲသေရ၊ (၁) ပြဲႏိုင္ ရလဒ္ကို ရရွိခဲ့လို႔ ရမွတ္ (၅) မွတ္နဲ႔ အုပ္စု ဒုတိယ ျဖစ္သြားၿပီး ဆြီဒင္အသင္းက ရမွတ္ (၇) မွတ္နဲ႔ အုပ္စုဗိုလ္ အျဖစ္ အုပ္စု ပိတ္သိမ္းခဲ့ပါတယ္။

စပိန္အသင္းဟာ လာမယ့္ တနလၤာေန႔မွာေတာ့ ယူ႐ို (၁၆) သင္းအဆင့္ ရႈံးထြက္ ပြဲစဥ္ကို ကစားရမွာ ျဖစ္ၿပီး (၁၆) သင္းအဆင့္ ရႈံးထြက္ ပြဲစဥ္မွာေတာ့ အုပ္စု (ဒီ) က အုပ္စုဗိုလ္ အျဖစ္ တက္လွမ္းလာခဲ့တဲ့ ခ႐ိုေအးရွားအသင္းနဲ႔ ကစားသြားရမွာ ျဖစ္ပါတယ္။

နည္းျပ အင္းနရစ္ရဲ႕ စပိန္အသင္းဟာ (၁၆) သင္းအဆင့္ ရႈံးထြက္ ပြဲစဥ္မွာ ခ႐ိုေအးရွားအသင္းနဲ႔ ရင္ဆိုင္ ကစားရမွာ ျဖစ္ေပမယ့္ ကြာတား ဖိုင္နယ္ ပြဲစဥ္မွာေတာ့ အုပ္စု (အက္ဖ္) ပထမ – အုပ္စု ေအ/စီ တတိယအတြဲက အႏိုင္ရတဲ့ အသင္းနဲ႔ ရင္ဆိုင္ရမွာပါပဲ။