ယူႏိုက္တက္ 2016 FA ဖလားရခဲ့တဲ့ ေနာက္ကြယ္က ဝမ္းနည္းဖြယ္ ျဖစ္ရပ္

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လွန်ခဲ့တဲ့ 2016 ခုနှစ်က FA ဆီမီးဖိုင်နယ်ပွဲစဉ်များ ပြီးဆုံးသွားခဲ့ချိန်မှာတော့ ယူနိုက်တက် နှင့် ခရစ္စတယ်ပဲလေ့စ်တို့ နောက်ဆုံးဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့ကြပါတယ်။ ပဲလေ့စ်နှင့်ယူနိုက်တက်တို့ဟာ လွန်ခဲ့တဲ့ ၁၉၉၀ FA ဖလားဖိုင်နယ်ပွဲမှာလည်း ဆုံခဲ့ဖူးပါတယ်။

အဲဒီအချိန်တုန်းကတော့ ယူနိုက်တက်အသင်းဟာ FA ဖလားကို မယူနိုင်ခဲ့တာ ဆယ်စုနှစ် တစ်ခုကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက်တို့ ၂၀၁၆ မတိုင်ခင် ၂၀၀၄ခုနှစ်က နောက်ဆုံး အကြိမ်ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီခေတ်အခါတုန်းကတော့ ယူနိုက်တက်ကို ကိုင်တွယ်တာ နည်းပြဗန်ဟားပါ။ ဗန်ဟားအနေနဲ့ FA ဖလားဖိုင်နယ်ပွဲမှာ အရမ်းကို အားစိုက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဗန်ဟားတစ်ယောက်လည်း ထုတ်ပယ်ခံရဖို့ သတင်းမွှေးနေတာဖြစ်ပြီး၊ သူ့လက်ထက်မှာ ဖလားတစ်လုံးရယူချင်ခဲ့ပါတယ်။

နောက်ဆုံးတော့ နည်းပြဗန်ဟားရည်မှန်းချက်ပြည့်ခဲ့ပါတယ်။ ယူနိုက်တက်တို့ FA ဖလားကိုင်မြောက်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ပွဲပြီး ဝီစီမှုတ်ပြီးချိန်နောက်ပိုင်း နည်းပြ ဗန်ဟား အတွက် သတင်းဆိုးကြားရတော့တာပါပဲ။

အဲ ဒါက သူ့ကို ထုတ်ပယ်လိုက်တဲ့ သတင်းပါ။ စိတ်ထဲက အပူကို ဖုံး ၊ FA ဖလား ကိုင်မြောက်ပြီး အဲဒီတုန်းက ဟန်လုပ်ခဲ့ရပါတယ်။ တရားဝင် ထုတ်ပယ်တဲ့ သတင်းတွေက ရက်နည်းနည်းကြာမှ ထွက်ပေါ်တာပါ။ အဲဒီအချိန်တုန်းက ဗန်ဟားတစ်ယောက် ပါတီပွဲမှာလည်း မပျော်နိုင်ခဲ့ပါဘူး။ ထောင့်လေးတစ်ခုမှာပဲ ဇနီးသည်နဲ့ အတူ ငြိမ်ငြိမ်သက်သက် အချိန်ကို ကုန်ဆုံးခဲ့ရပါတယ်။

နည်းပြဗန်ဟားဟာယူနိုက်တက် အသင်းကို တာဝန်ယူပြီးချိန်ကတည်းက ရလဒ်ပိုင်းကောင်းမွန်ဖို့ ရုန်းကန်ခဲ့ရသလို၊ ရာသီသိမ်းချိန်မှာလည်း အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။

ဗန်ဟား အနေနဲ့ ၂ နှစ် အတွင်း ဆု ဖလား တစ်ခု ရယူ ပေး နိုင်ခဲ့ပေမယ့် အသင်းရဲ့ ကစားပုံကို တိုးတက်အောင် မလုပ်ဆောင် နိုင်ခဲ့ဘူးလို့ တာဝန်ရှိသူတွေက ယူဆခဲ့တာဖြစ်နိုင်ပါတယ်။

နည်းပြဗန်ဟားတစ်ယောက် အထုတ်ခံရမယ်လို့ တွေးခဲ့ဟန်မတူပါဘူး။ ဘာကြောင့်လဲဆိုရင် အဲဒီကိစ္စ မတိုင်ခင် သတင်းပတ်လောက်တုန်းက ယူနိုက်တက်အသင်းမှာ ဆက်ရှိနေမှာပါဆိုပြီး သတင်းမီဒီယာများကို ပြောကြားခဲ့လို့ပါ။

ဗန်ဟားကိုင်တွယ်ခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ ပရီမီယားလိဂ်ပွဲစဉ် 38 ပွဲမှာ ယူနိုက်တက်အ သင်းဟာ 19 ပွဲနိုင် 9 ပွဲသရေ 10 ပွဲရှုံးရလဒ်နဲ့ တန်းစီဇယားမှာ အဆင့်(5)နေရာနဲ့သာ ရာသီသိမ်းနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လြန္ခဲ့တဲ့ 2016 ခုႏွစ္က FA ဆီမီးဖိုင္နယ္ပြဲစဥ္မ်ား ၿပီးဆုံးသြားခဲ့ခ်ိန္မွာ​ေတာ့ ယူႏိုက္တက္ ႏွင့္ ခရစၥတယ္ပဲေလ့စ္တို႔ ေနာက္ဆုံးဗိုလ္လုပြဲအဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၾကပါတယ္။ ပဲေလ့စ္ႏွင့္ယူႏိုက္တက္တို႔ဟာ လြန္ခဲ့တဲ့ ၁၉၉၀ FA ဖလားဖိုင္နယ္ပြဲမွာလည္း ဆုံခဲ့ဖူးပါတယ္။ အဲဒီအခ်ိန္တုန္းက​ေတာ့ ယူႏိုက္တက္အသင္းဟာ FA ဖလားကို မယူႏိုင္ခဲ့တာ ဆယ္စုႏွစ္ တစ္ခုေက်ာ္သြားခဲ့ၿပီ ျဖစ္ပါတယ္။ ယူႏိုက္တက္တို႔ ၂၀၁၆ မတိုင္ခင္ ၂၀၀၄ခုႏွစ္က ေနာက္ဆုံး အႀကိမ္ရရွိခဲ့တာ ျဖစ္ပါတယ္။

အဲဒီ​ေခတ္အခါတုန္းက​ေတာ့ ယူႏိုက္တက္ကို ကိုင္တြယ္တာ နည္းျပဗန္ဟားပါ။ ဗန္ဟားအေနနဲ႔ FA ဖလားဖိုင္နယ္ပြဲမွာ အရမ္းကို အားစိုက္ခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက ဗန္ဟားတစ္​ေယာက္လည္း ထုတ္ပယ္ခံရဖို႔ သတင္း​ေမႊး​ေနတာျဖစ္ၿပီး၊ ​သူ႔လက္ထက္မွာ ဖလားတစ္လုံးရယူခ်င္ခဲ့ပါတယ္။ ​ေနာက္ဆုံး​ေတာ့ နည္းျပဗန္ဟားရည္မွန္းခ်က္ျပည့္ခဲ့ပါတယ္။ ယူႏိုက္တက္တို႔ FA ဖလားကိုင္​ေျမာက္ႏိုင္ခဲ့ၾကပါတယ္။

ဒါ​ေပမယ့္ ပြဲၿပီး ၀ီစီမႈတ္ၿပီးခ်ိန္​ေနာက္ပိုင္း နည္းျပ ဗန္ဟား အတြက္ သတင္းဆိုးၾကားရ​ေတာ့တာပါပဲ။ အဲ ဒါက သူ႔ကို ထုတ္ပယ္လိုက္တဲ့ သတင္းပါ။ စိတ္ထဲက အပူကို ဖုံး ၊ FA ဖလား ကိုင္​ေျမာက္ၿပီး အဲဒီတုန္းက ဟန္လုပ္ခဲ့ရပါတယ္။ တရား၀င္ ထုတ္ပယ္တဲ့ သတင္း​ေတြက ရက္နည္းနည္းၾကာမွ ထြက္​ေပၚတာပါ။ အဲဒီအခ်ိန္တုန္းက ဗန္ဟားတစ္​ေယာက္ ပါတီပြဲမွာလည္း မ​ေပ်ာ္ႏိုင္ခဲ့ပါဘူး။ ​​ေထာင့္​ေလးတစ္ခုမွာပဲ ဇနီးသည္နဲ႔ အတူ ၿငိမ္ၿငိမ္သက္သက္ အခ်ိန္ကို ကုန္ဆုံးခဲ့ရပါတယ္။

နည္းျပဗန္ဟားဟာယူႏိုက္တက္ အသင္းကို တာဝန္ယူၿပီးခ်ိန္ကတည္းက ရလဒ္ပိုင္းေကာင္းမြန္ဖို႔ ႐ုန္းကန္ခဲ့ရသလို၊ ရာသီသိမ္းခ်ိန္မွာလည္း အသင္းကို ခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္ စြမ္းေဆာင္ႏိုင္ျခင္း မရွိခဲ့ပါဘူး။ ဗန္ဟား အေနနဲ႔ ၂ ႏွစ္ အတြင္း ဆု ဖလား တစ္ခု ရယူ ေပး ႏိုင္ခဲ့ေပမယ့္ အသင္းရဲ႕ ကစားပုံကို တိုးတက္ေအာင္ မလုပ္ေဆာင္ ႏိုင္ခဲ့ဘူးလို႔ တာ၀န္ရွိသူ​ေတြက ယူဆခဲ့တာျဖစ္ႏိုင္ပါတယ္။ နည္းျပဗန္ဟားတစ္​ေယာက္ အထုတ္ခံရမယ္လို႔ ​ေတြးခဲ့ဟန္မတူပါဘူး။

ဘာ​ေၾကာင့္လဲဆိုရင္ အဲဒီကိစၥ မတိုင္ခင္ သတင္းပတ္ေလာက္တုန္းက ယူႏိုက္တက္အသင္းမွာ ဆက္ရွိေနမွာပါဆိုၿပီး သတင္းမီဒီယာမ်ားကို ေျပာၾကားခဲ့လို႔ပါ။ ဗန္ဟားကိုင္တြယ္ခဲ့တဲ့ ယူႏိုက္တက္အသင္းရဲ႕ ပရီမီယားလိဂ္ပြဲစဥ္ 38 ပြဲမွာ ယူႏိုက္တက္အ သင္းဟာ 19 ပြဲႏိုင္ 9 ပြဲသေရ 10 ပြဲရႈံးရလဒ္နဲ႔ တန္းစီဇယားမွာ အဆင့္(5)ေနရာနဲ႔သာ ရာသီသိမ္းႏိုင္ခဲ့ပါတယ္။