ယူ-၂၃အသင်းအတွက် ပွဲဦးထွက်ပွဲစဉ်မှာတင် သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဒီယာလို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက် ကစားသမားသစ် အာမက် ဒီယာလိုဟာ ပွဲဦးထွက် ပွဲစဉ်မှာတင် သွင်းဂိုး ၂ဂိုး သွင်းယူကာ အသင်းအတွက် အထူး အကျိုးပြုခဲ့ပါတယ်။

ဒီယာလိုဟာ လီဗာပူးကို ၆-၃ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ယူနိုက်တက် ယူ-၂၃အသင်းအတွက် ပါဝင်ကစားပေးခဲ့ပြီး ပင်နယ်ကာကန်ချက်နဲ့တောင် ပင်နယ်တီသွင်းသွားခဲ့ပါတယ်။


အတ္တလန္တာကနေ ပြောင်းလာတဲ့ လူငယ်လေးဟာ ပွဲအစ ၁၃မိနစ်မှာတင် အသင်းအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။


၇၄မိနစ်မှာတော့ ဒီယာလိုက သူ့ရဲ့ ဒုတိယဂိုးအဖြစ် ပင်နယ်တီ ကန်ခွင့်ရချိန် ပင်နယ်ကာ ကန်ချက်နဲ့ ကန်သွင်းကာ ယူနိုက်တက်အတွက် သက်သောင့်သက်သာ နိုင်ပွဲ၁ခုကို ရရှိစေခဲ့ပါတယ်။
တောင်ပံကစားသမားလေးရဲ့ ခြေစွမ်းကြောင့် နည်းပြ ဆိုးလ်ရှားတစ်ယောက် မကြာခင်မှာပဲ အသင်းကြီးမှာ နေရာပေးဖွယ် ရှိနေပါတယ်။

အဆိုပါ ပွဲစဉ်မှာ လူငယ်လေး ဟူဂီလ်လည်း အထူးခြေစွမ်းပြခဲ့ကာ ၁ဦးတည်း ၄ဂိုးအထိ သွင်းပေးခဲ့ပါတယ်။

ဒီယာလိုဟာ လေ့ကျင့်ခန်း အစီအစဉ်တွေမှာလည်း နည်းပြနဲ့ အသင်းဖော်တွေရဲ့ ချီးကျူးမှုကိုခံခဲ့ရပြီး အင်္ဂလန်မှာ အသားကျနေပြီဆိုတာ သက်သေပြခဲ့ပါတယ်။

အလားတူ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကလည်း ဒီယာလိုရဲ့ ခြေစွမ်းတွေကို မကြာသေးမီကမှ အထူး ချီးကျူးထားခဲ့ပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

==================
