ယောက်ခမလောင်း ဘားကမ့်ရဲ့အသင်းဟောင်းတွေမပြောင်းဘဲ မန်ယူမှာပဲ ပွဲထွက်ခွင့်ရအောင်လုပ်မယ့် ဗန်ဒီဘိခ်

စပိန်တွေက ယူရို ၂၀၁၂မှာ False 9 ကစားကွက်ကို သုံးပြခဲ့သလို သူတို့ထက် နှစ်ပေါင်း ၂၀ကျော်စောပြီး နယ်သလန်တွေကလည်း Total Football ဆိုတာကို အသုံးပြုခဲ့ကြတာပါ။

ကမ္ဘာ့ဖလားဆုကို တစ်ခါမှမရဖူးပေမယ့် ဟော်လန် (ခေါ်) နယ်သာလန်အသင်းဟာ ဘောလုံးစင်မြင့်မှာ လူရိုသေရှင်ရိုသေအသင်းတစ်သင်းပါပဲ။

အင်္ဂလန်ပရီးမီးယားလိဂ်မှာဆိုရင်လည်း ခေတ်ဦးပိုင်းကာလမှာ နယ်သလန်ဘောလုံးသမားတွေဖြစ်တဲ့ ဒင်းနစ်ဘားကမ့်၊ အိုဗားမားစ့်၊ ဟယ်ဆယ်ဘိန့်၊

ဗန်ဒါဆား၊ နစ္စတယ်ရွိုင်း၊ ဂျပ်စတမ်း၊ ရော်ဘင်၊ ဇန်ဒန်း တို့တွေအပြင် စပါးမှာ ခဏလာကစားသွားတဲ့ အက်ဂါဒေးဗစ်တို့အလည် အခုနောက်ပိုင်း ဝင်နယ်ဒန်၊ ဗန်ဒိုက်စ်၊ ဗန်ဒါဘိခ်တို့ အထိပါပဲ။

ဒီကစားသမားတွေအထဲမှာ ထူးခြားတာက လက်ရှိ ယူနိုက်တက်အသင်းမှာ ကစားနေတဲ့ ဗန်ဒီဘိခ်ပါပဲ။

ယူနိုက်တက်မှာ သူ့ထက် စီနီယာကစားသမားတွေဖြစ်ခဲ့တဲ့ နစ္စတယ်ရွိုင်း၊ ဂျပ်စတမ်း၊ ဗန်ဒါဆား တို့ရဲ့ တောက်ပခဲ့တဲ့ အနေအထားမျိုး လုံးဝမလုပ်ပြနိုင်သေးဘူးဖြစ်နေတယ်။

တကယ်တော့ ဗန်ဒီဘိခ်ဟာ အေဂျက်ဇ်အသင်းမှာ ခြေစွမ်းကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး လက်ရွေးစင်အသင်းမှာလည်း အားကိုးရပါတယ်။

ဒါပေမယ့်သူဟာ ယူနိုက်တက်အသင်းမှာ ပြီးခဲ့တဲ့ ဘောလုံးရာသီတစ်ခုလုံးမှာ မိနစ်၉၀ အပြည့် ကစားခွင့်ရတဲ့ပွဲက ၃ပွဲသာရှိခဲ့ပြီး အခြေအနေဆိုးခဲ့တာပါ။

ယူနိုက်တက်ကွင်းလယ်မှာ ပေါ့ဂ်ဘာ၊ ဖာနန်ဒက်စ်တို့ကို မဖယ်ရဲတဲ့ နည်းပြ ဆိုးလ်ရှားဟာ ဗန်ဒီဘိခ်ကို အေဂျက်ဇ်အားကစား ဒါရိုက်တာ ဗန်ဒါဆားရဲ့ အကူအညီနဲ့ တက်သုတ်ရိုက်ပြီး ပေါင်သန်း ၄၀ ဝန်းကျင်နဲ့ ဝယ်ခဲ့ပေမယ့် အရန်ခုံမှာပဲ ထားခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ ယူနိုက်တက်မှာ အရန်ခုံမှာထိုင်နေရပေမယ့် နိုင်ငံအသင်းအတွက် ကစားခွင့်ရတဲ့ ပွဲတွေမှာ ပွဲမကြောင် ခြေစွမ်းပျက်မသွားလဲ ဂိုးတွေလည်း

သွင်းယူပြနိုင်တဲ့အတွက် ယူနိုက်တက်ရဲ့ အရန်မှာနေမယ့်အစား အသင်းပြောင်းဖို့ လက်ရွေးစင်အသင်းနည်းပြ ဖရန့်ဒီဘိုးဝါးက လူသိရှင်ကြား ပြောဆိုခဲ့ဖူးသလို နယ်သာလန် ကစားသမားဟောင်း ဗန်ဒါဗတ်ကလည်း အသင်းပြောင်းဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။

ဗန်ဒီဘိခ်ဟာ ယူနိုက်တက်ကို ချစ်ခင်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး သူမကစားရပေမယ့် အသင်းဖော်တွေ ဂိုးသွင်းအနိုင်ရရင် ကွင်းဘေးစည်းကနေ အားရပါးရ အော်ဟစ်အားပေးနေတတ်တဲ့ သူ့ရဲ့ ပုံရိပ်တွေကို မီဒီယာတွေမှာ မကြာခဏတွေ့မြင်ခဲ့ကြရပါတယ်။

ဒီလို ချစ်တဲ့ စိတ်ကြောင့်ပဲ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်ရဲ့ ပြိုင်ဘက်အသင်းဖြစ်တဲ့ အာဆင်နယ်အသင်းက ပွဲထွက်ကစားခွင့် မက်လုံးနဲ့အတူ ကမ်းလှမ်းတာကို ငြးင်းဆန်ခဲ့သလို အင်တာအသင်းရဲ့ ကမ်းလှမ်းချက်ကိုလည်း ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ထူးခြားတာက ဗန်ဒီဘိခ်ဟာ အာဆင်နယ်ဂန္ထဝင် တိုက်စစ်မှုး ဒင်းနစ်ဘားကမ့်ရဲ့ သမီးဖြစ်သူနဲ့ တွဲနေတာဖြစ်ပြီး ဘားကမ့်ဟာ အင်တာအသင်းမှာလည်း ကစားခဲ့ဖူးတဲ့အတွက် ယောက်ခမလောင်းကို ကြိုတင်ပုန်ကန်နေသလားလို့တောင် ထင်ချင်စရာ ဖြစ်နေပါတယ်။

ယူနိုက်တက်ကို ချစ်တဲ့စိတ်နဲ့ အရန်ခုံပေးမှာထိုင်ရင်း အသင်းဖော်တွေကို လက်ခုပ်တီး အားပေးနေတဲ့ ဗန်ဒီဘိခ်တစ်ယောက် လာမယ့်ဘောလုံးရာသီမှာ ပွဲထွက်ခွင့်တွေ ပိုပြီးရရှိနိုင်ဖို့ ဆုတောင်းရင်း….။

Zawgyi

ေယာက္ခမေလာင္း ဘားကမ့္ရဲ႕အသင္းေဟာင္းေတြမေျပာင္းဘဲ မန္ယူမွာပဲ ပြဲထြက္ခြင့္ရေအာင္လုပ္မယ့္ ဗန္ဒီဘိခ္

စပိန္ေတြက ယူ႐ို ၂၀၁၂မွာ False 9 ကစားကြက္ကို သုံးျပခဲ့သလို သူတို႔ထက္ ႏွစ္ေပါင္း ၂၀ေက်ာ္ေစာၿပီး နယ္သလန္ေတြကလည္း Total Football ဆိုတာကို အသုံးျပဳခဲ့ၾကတာပါ။ ကမာၻ႔ဖလားဆုကို တစ္ခါမွမရဖူးေပမယ့္ ေဟာ္လန္ (ေခၚ) နယ္သာလန္အသင္းဟာ ေဘာလုံးစင္ျမင့္မွာ လူ႐ိုေသရွင္႐ိုေသအသင္းတစ္သင္းပါပဲ။ အဂၤလန္ပရီးမီးယားလိဂ္မွာဆိုရင္လည္း ေခတ္ဦးပိုင္းကာလမွာ နယ္သလန္ေဘာလုံးသမားေတြျဖစ္တဲ့ ဒင္းနစ္ဘားကမ့္၊ အိုဗားမားစ့္၊ ဟယ္ဆယ္ဘိန႔္၊ ဗန္ဒါဆား၊ နစၥတယ္႐ြိဳင္း၊ ဂ်ပ္စတမ္း၊ ေရာ္ဘင္၊ ဇန္ဒန္း တို႔ေတြအျပင္ စပါးမွာ ခဏလာကစားသြားတဲ့ အက္ဂါေဒးဗစ္တို႔အလည္ အခုေနာက္ပိုင္း ဝင္နယ္ဒန္၊ ဗန္ဒိုက္စ္၊ ဗန္ဒါဘိခ္တို႔ အထိပါပဲ။

ဒီကစားသမားေတြအထဲမွာ ထူးျခားတာက လက္ရွိ ယူႏိုက္တက္အသင္းမွာ ကစားေနတဲ့ ဗန္ဒီဘိခ္ပါပဲ။ ယူႏိုက္တက္မွာ သူ႔ထက္ စီနီယာကစားသမားေတြျဖစ္ခဲ့တဲ့ နစၥတယ္႐ြိဳင္း၊ ဂ်ပ္စတမ္း၊ ဗန္ဒါဆား တို႔ရဲ႕ ေတာက္ပခဲ့တဲ့ အေနအထားမ်ိဳး လုံးဝမလုပ္ျပႏိုင္ေသးဘူးျဖစ္ေနတယ္။ တကယ္ေတာ့ ဗန္ဒီဘိခ္ဟာ ေအဂ်က္ဇ္အသင္းမွာ ေျခစြမ္းေကာင္းတဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး လက္ေ႐ြးစင္အသင္းမွာလည္း အားကိုးရပါတယ္။ ဒါေပမယ့္သူဟာ ယူႏိုက္တက္အသင္းမွာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီတစ္ခုလုံးမွာ မိနစ္၉၀ အျပည့္ ကစားခြင့္ရတဲ့ပြဲက ၃ပြဲသာရွိခဲ့ၿပီး အေျခအေနဆိုးခဲ့တာပါ။

ယူႏိုက္တက္ကြင္းလယ္မွာ ေပါ့ဂ္ဘာ၊ ဖာနန္ဒက္စ္တို႔ကို မဖယ္ရဲတဲ့ နည္းျပ ဆိုးလ္ရွားဟာ ဗန္ဒီဘိခ္ကို ေအဂ်က္ဇ္အားကစား ဒါ႐ိုက္တာ ဗန္ဒါဆားရဲ႕ အကူအညီနဲ႔ တက္သုတ္႐ိုက္ၿပီး ေပါင္သန္း ၄၀ ဝန္းက်င္နဲ႔ ဝယ္ခဲ့ေပမယ့္ အရန္ခုံမွာပဲ ထားခဲ့ပါတယ္။ ဗန္ဒီဘိခ္ဟာ ယူႏိုက္တက္မွာ အရန္ခုံမွာထိုင္ေနရေပမယ့္ ႏိုင္ငံအသင္းအတြက္ ကစားခြင့္ရတဲ့ ပြဲေတြမွာ ပြဲမေၾကာင္ ေျခစြမ္းပ်က္မသြားလဲ ဂိုးေတြလည္း သြင္းယူျပႏိုင္တဲ့အတြက္ ယူႏိုက္တက္ရဲ႕ အရန္မွာေနမယ့္အစား အသင္းေျပာင္းဖို႔ လက္ေ႐ြးစင္အသင္းနည္းျပ ဖရန႔္ဒီဘိုးဝါးက လူသိရွင္ၾကား ေျပာဆိုခဲ့ဖူးသလို နယ္သာလန္ ကစားသမားေဟာင္း ဗန္ဒါဗတ္ကလည္း အသင္းေျပာင္းဖို႔ တိုက္တြန္းခဲ့ဖူးပါတယ္။

ဗန္ဒီဘိခ္ဟာ ယူႏိုက္တက္ကို ခ်စ္ခင္တဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး သူမကစားရေပမယ့္ အသင္းေဖာ္ေတြ ဂိုးသြင္းအႏိုင္ရရင္ ကြင္းေဘးစည္းကေန အားရပါးရ ေအာ္ဟစ္အားေပးေနတတ္တဲ့ သူ႔ရဲ႕ ပုံရိပ္ေတြကို မီဒီယာေတြမွာ မၾကာခဏေတြ႕ျမင္ခဲ့ၾကရပါတယ္။ ဒီလို ခ်စ္တဲ့ စိတ္ေၾကာင့္ပဲ ပရီးမီးယားလိဂ္မွာ ယူႏိုက္တက္ရဲ႕ ၿပိဳင္ဘက္အသင္းျဖစ္တဲ့ အာဆင္နယ္အသင္းက ပြဲထြက္ကစားခြင့္ မက္လုံးနဲ႔အတူ ကမ္းလွမ္းတာကို ျငးင္းဆန္ခဲ့သလို အင္တာအသင္းရဲ႕ ကမ္းလွမ္းခ်က္ကိုလည္း ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ ထူးျခားတာက ဗန္ဒီဘိခ္ဟာ အာဆင္နယ္ဂႏၴဝင္ တိုက္စစ္မႈး ဒင္းနစ္ဘားကမ့္ရဲ႕ သမီးျဖစ္သူနဲ႔ တြဲေနတာျဖစ္ၿပီး ဘားကမ့္ဟာ အင္တာအသင္းမွာလည္း ကစားခဲ့ဖူးတဲ့အတြက္ ေယာက္ခမေလာင္းကို ႀကိဳတင္ပုန္ကန္ေနသလားလို႔ေတာင္ ထင္ခ်င္စရာ ျဖစ္ေနပါတယ္။

ယူႏိုက္တက္ကို ခ်စ္တဲ့စိတ္နဲ႔ အရန္ခုံေပးမွာထိုင္ရင္း အသင္းေဖာ္ေတြကို လက္ခုပ္တီး အားေပးေနတဲ့ ဗန္ဒီဘိခ္တစ္ေယာက္ လာမယ့္ေဘာလုံးရာသီမွာ ပြဲထြက္ခြင့္ေတြ ပိုၿပီးရရွိႏိုင္ဖို႔ ဆုေတာင္းရင္း….။