ယွပြီး ကိုယ်တိုင်ရိုက်တာကို ခိုးပြီးငွေညှစ်တဲ့အထဲပါဝင်မှုနဲ့ ပြစ်ဒဏ်ကျခံရမယ့် ဘန်ဇီးမား

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးကာရမ်ဘန်ဇီးမားဟာပြင်သစ်ကစားဖော်ဟောင်း

မားသရူးဗယ်ဘူနာကိုကိုယ်တိုင်ရိုက်ဗီဒီယိုခွေဖြင့်ခြိမ်းခြောက်ငွေညှစ်မှုတွင်

ပါဝင်ပတ်သက်ကြောင်းတရားရုံးကဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။
ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာပြစ်မှုထင်ရှားမှုကြောင့်ဆိုင်းငံ့ထောင်ဒဏ်

တစ်နှစ်နှင့်ပေါင်၆၃၀၀၀(ယူရို၇၅၀၀၀)ဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။
ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာပဲရစ်အနီးရှိဗာဆဲလ်လက်စ်တွင်

ရုံးတင်ကြားနာခြင်းခံခဲ့ရသူငါးဦးထဲမှတစ်ဦးဖြစ်ပါတယ်။

၎င်းတို့ဟာ၂၀၁၅ခုနှစ်တုန်းကဗယ်ဘူနာရဲ့ဖုန်းထဲမှကိုယ်တိုင်ရိုက်ဗီဒီယိုဖိုင်ကို

ခိုးယူကာခြိမ်းခြောက်ငွေညှစ်မှုတွင်ပါဝင်ပတ်သက်ခဲ့တာလည်းဖြစ်ပါတယ်။
ဘန်ဇီးမားက၂၀၁၅ခုနှစ်၊အောက်တိုဘာလတုန်းကပြင်သစ်အသင်းလေ့ကျင့်ရေး

စင်တင်တွင်ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီးချဉ်းကပ်ခံရချိန်တွင်ကစားဖော်ကို

အကူအညီပေးရန်ကြိုးပမ်းခဲ့ခြင်းမျှသာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

ထိုစဉ်ကသူကယင်းဗီဒီယိုဖိုင်နှင့်ပတ်သက်ပြီးဖြေရှင်းပေးမယ့်သူကိုရှာဖွေပေ

းမယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

ယနေ့ပြုလုပ်ခဲ့တဲ့တရားရုံးကြားနာမှုသို့ ဘန်ဇီးမားတက်ရောက်ခြင်းမရှိဘဲ

ကိုယ်စားရှေ့နေသာ တက်ရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လကတရားရုံးကတရားလိုရှေ့နေက ဘန်ဇီးမားကိုဆိုင်းငံ့ထောင်ဒဏ်

၁၀ လနှင့် ယူရို၇၅၀၀၀ဒဏ်ရိုက်ရန်တောင်းဆိုခဲ့ပါတယ်။ ဘန်ဇီးမားအတွက်

အမြင့်မားဆုံးကျနိုင်တဲ့ပြစ်ဒဏ်က ထောင်ဒဏ်၅နှစ်နှင့် ဒဏ်ငွေယူရို၉၀၀၀၀

(ပေါင်၇၅၀၀၀)ဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ဘန်ဇီးမားရဲ့ရှေ့နေက ကစားသမားဟာတရားရုံးရဲ့ဆုံးဖြတ်

ချက်ကို အယူခံဝင်သွားမယ်လို့ဆိုထားပါတယ်။

 

ယခုကဲ့သို့တရားရုံးရဲ့ဆုံးဖြတ်ချက်ကဘန်ဇီးမားရဲ့ အားကစားလှုပ်ရှားမှုများ

အပေါ် တစ်စုံတစ်ရာရိုက်ခတ်လာဖို့မရှိပါဘူး။ ဘန်ဇီးမားဟာယနေ့ည

မော်ဒိုဗာတွင်ရှရစ်နှင့်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင်ပါဝင်လာပါမယ်။

လက်ရှိအချိန်တွင်ရီးရဲလ်မက်ဒရစ်ကဘန်ဇီးမားရဲ့ဖြစ်ရပ်နှင့်ပတ်သက်ပြီး

တစ်စုံတစ်ရာမှတ်ချက်ပြုခြင်းမရှိသေးပါဘူး။
အမှုတွဲတွင်ပါဝင်တဲ့ဘန်ဇီးမားရဲ့ငယ်သူငယ်ချင်းကာရမ်ဇီနာတီမှာလည်း

ရုံးတင်စစ်ဆေးမှုသို့မတက်ရောက်ခဲ့ပါဘူး။၎င်းနှင့်ကျန်သုံးဦးတို့ဟာ

ဆိုင်းငံ့ထောင်ဒဏ်၁၈လမှထောင်ဒဏ်၂နှစ်ခွဲအထိချမှတ်ခြင်းခံခဲ့ရပါတယ်။
ဒါ့အပြင်၎င်းတို့ဟာဗယ်ဘူနာအားတရားရုံးစရိတ်ယူရို၈၀၀၀၀နှင့်

နစ်နာကြေးယူရို၁၅၀၀၀၀ပေးရပါမယ်။

Zawgyi

ယြၿပီး ကိုယ္တိုင္႐ိုက္တာကို ခိုးၿပီးေငြညႇစ္တဲ့အထဲပါဝင္မႈနဲ႔ ျပစ္ဒဏ္က်ခံရမယ့္ ဘန္ဇီးမား

ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးကာရမ္ဘန္ဇီးမားဟာျပင္သစ္ကစားေဖာ္ေဟာင္း

မားသ႐ူးဗယ္ဘူနာကိုကိုယ္တိုင္႐ိုက္ဗီဒီယိုေခြျဖင့္ၿခိမ္းေျခာက္ေငြညႇစ္မႈတြင္

ပါဝင္ပတ္သက္ေၾကာင္းတရား႐ုံးကဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။
ျပင္သစ္လက္ေ႐ြးစင္တိုက္စစ္မႉးဟာျပစ္မႈထင္ရွားမႈေၾကာင့္ဆိုင္းငံ့ေထာင္ဒဏ္

တစ္ႏွစ္ႏွင့္ေပါင္၆၃၀၀၀(ယူ႐ို၇၅၀၀၀)ဒဏ္႐ိုက္ျခင္းခံခဲ့ရပါတယ္။

ျပင္သစ္လက္ေ႐ြးစင္တိုက္စစ္မႉးဟာပဲရစ္အနီးရွိဗာဆဲလ္လက္စ္တြင္

႐ုံးတင္ၾကားနာျခင္းခံခဲ့ရသူငါးဦးထဲမွတစ္ဦးျဖစ္ပါတယ္။၎တို႔ဟာ၂၀၁၅ခုႏွစ္

တုန္းကဗယ္ဘူနာရဲ႕ဖုန္းထဲမွကိုယ္တိုင္႐ိုက္ဗီဒီယိုဖိုင္ကိုခိုးယူကာၿခိမ္းေျခာက္

ေငြညႇစ္မႈတြင္ပါဝင္ပတ္သက္ခဲ့တာလည္းျဖစ္ပါတယ္။
ဘန္ဇီးမားက၂၀၁၅ခုႏွစ္၊ေအာက္တိုဘာလတုန္းကျပင္သစ္အသင္းေလ့က်င့္ေရး

စင္တင္တြင္ယင္းျဖစ္ရပ္ႏွင့္ပတ္သက္ၿပီးခ်ဥ္းကပ္ခံရခ်ိန္တြင္ကစားေဖာ္ကို

အကူအညီေပးရန္ႀကိဳးပမ္းခဲ့ျခင္းမွ်သာျဖစ္ေၾကာင္းေျပာၾကားခဲ့ပါတယ္။

ထိုစဥ္ကသူကယင္းဗီဒီယိုဖိုင္ႏွင့္ပတ္သက္ၿပီးေျဖရွင္းေပးမယ့္သူကိုရွာေဖြေပ

းမယ္လို႔ေျပာၾကားခဲ့တာျဖစ္ပါတယ္။
ယေန႔ျပဳလုပ္ခဲ့တဲ့တရား႐ုံးၾကားနာမႈသို႔ ဘန္ဇီးမားတက္ေရာက္ျခင္းမရွိဘဲ

ကိုယ္စားေရွ႕ေနသာ တက္ေရာက္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့လကတရား႐ုံးကတရားလိုေရွ႕ေနက ဘန္ဇီးမားကိုဆိုင္းငံ့ေထာင္ဒဏ္

၁၀ လႏွင့္ ယူ႐ို၇၅၀၀၀ဒဏ္႐ိုက္ရန္ေတာင္းဆိုခဲ့ပါတယ္။ ဘန္ဇီးမားအတြက္

အျမင့္မားဆုံးက်ႏိုင္တဲ့ျပစ္ဒဏ္က ေထာင္ဒဏ္၅ႏွစ္ႏွင့္ ဒဏ္ေငြယူ႐ို၉၀၀၀၀

(ေပါင္၇၅၀၀၀)ျဖစ္ပါတယ္။
လက္ရွိအခ်ိန္တြင္ဘန္ဇီးမားရဲ႕ေရွ႕ေနက ကစားသမားဟာတရား႐ုံးရဲ႕ဆုံးျဖတ္

ခ်က္ကို အယူခံဝင္သြားမယ္လို႔ဆိုထားပါတယ္။
ယခုကဲ့သို႔တရား႐ုံးရဲ႕ဆုံးျဖတ္ခ်က္ကဘန္ဇီးမားရဲ႕ အားကစားလႈပ္ရွားမႈမ်ား

အေပၚ တစ္စုံတစ္ရာ႐ိုက္ခတ္လာဖို႔မရွိပါဘူး။ ဘန္ဇီးမားဟာယေန႔ည

ေမာ္ဒိုဗာတြင္ရွရစ္ႏွင့္ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္တြင္ပါဝင္လာပါမယ္။
လက္ရွိအခ်ိန္တြင္ရီးရဲလ္မက္ဒရစ္ကဘန္ဇီးမားရဲ႕ျဖစ္ရပ္ႏွင့္ပတ္သက္ၿပီး

တစ္စုံတစ္ရာမွတ္ခ်က္ျပဳျခင္းမရွိေသးပါဘူး။
အမႈတြဲတြင္ပါဝင္တဲ့ဘန္ဇီးမားရဲ႕ငယ္သူငယ္ခ်င္းကာရမ္ဇီနာတီမွာလည္း

႐ုံးတင္စစ္ေဆးမႈသို႔မတက္ေရာက္ခဲ့ပါဘူး။၎ႏွင့္က်န္သုံးဦးတို႔ဟာ

ဆိုင္းငံ့ေထာင္ဒဏ္၁၈လမွေထာင္ဒဏ္၂ႏွစ္ခြဲအထိခ်မွတ္ျခင္းခံခဲ့ရပါတယ္။
ဒါ့အျပင္၎တို႔ဟာဗယ္ဘူနာအားတရား႐ုံးစရိတ္ယူ႐ို၈၀၀၀၀ႏွင့္

နစ္နာေၾကးယူ႐ို၁၅၀၀၀၀ေပးရပါမယ္။