
သောမတ်စ်တူချယ်ကနော့ဝှစ်ချ်အား၇-ဝဂိုးဖြင့်ပြတ်ပြတ်သားသား
အနိုင်ယူပြီးနောက်နော့ဝှစ်ချ်နည်းပြဒါနီရယ်ဖာကီအတွက်စိတ်မကောင်းဖြစ်ရကြောင်း
ဖွင့်ဟပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးဟာမနေ့ညတုန်းကစတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင်နော့ဝှစ်ချ်ကို၇-ဝဂိုးဖြင့်
အနိုင်ယူကာပရီးမီးယားလိဂ်အမှတ်ပေးဇယားနေရာတွင်ဆက်လက်ရပ်တည်ခဲ့ပါတယ်။
ချဲလ်ဆီးဟာပထမပိုင်းတွင်မေဆင်မောင့်၊ဟတ်ဆင်အိုဒွိုင်း၊ရီစီဂျိမ်းစ်တို့
သွင်းယူတဲ့ဂိုးများဖြင့်၃-ဝဂိုးဖြင့်ဦးဆောင်နေခဲ့ပြီးဒုတိယပိုင်းတွင်ဘင်ချဲလ်ဝဲလ်၊
အေရွန်ရဲ့ Own Goal ၊မေဆင်မောင့်ရဲ့သွင်းဂိုး၂ဂိုးတို့ကြောင့်၇-ဝဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
တူချယ်ဟာဒေါ့မွန်အသင်းတွင်ဖာကီနှင့်အတူအလုပ်တွဲလုပ်ခဲ့ဖူးသူဖြစ်ပါတယ်။
သူဟာ၇-ဝဂိုးဖြင့်အနိုင်ရရှိပြီးနောက်သူငယ်ချင်းဟောင်းဖာကီအတွက်စိတ်မကောင်းဖြစ်နေပါတယ်။
တူချယ်က “ကျွန်တော်တို့အချိန်ပြည့်အာရုံစိုက်ခဲ့ကြတယ်။အခွင့်အရေးတွေလည်း
ဖန်တီးခဲ့ကြတယ်။ဒါကကျွန်တော်တို့တောင်းဆိုတဲ့အရာပါ။ဂိုးသွင်းနိုင်ဖို့
ကံကောင်းဖို့လည်းလိုပါတယ်။အချိန်ကာလလည်းလိုပါတယ်။ရမ်သမ်အရမ်းမြင့်မှု၊
စိတ်ဆန္ဒအရမ်းမြင့်မားမှုအတွက်ပျော်ပါတယ်။ကျွန်တော်တို့မရပ်တန့်ချင်တဲ့အတွက်
စိတ်မကောင်းဖြစ်ရတယ်။ကျွန်တော်တို့မရပ်တန့်ချင်ခဲ့ကြပါဘူး။
ပထမပိုင်းအပြီးမှာဒီအတိုင်းသွားချင်တယ်လို့ပြောခဲ့တယ်။ဒါနီရယ်အတွက်တော့
စိတ်မကောင်းဖြစ်ရပါတယ်။သူဆက်ပြီးတော့ခေါင်းမော့ရင်ကော့ပြီးသူ့အသင်းကို
လမ်းမှန်ပေါ်သို့ပို့နိုင်စေဖို့မျှော်လင့်ပါတယ်။သူကလူတော်တစ်ယောက်ပါ”လို့
ပြောကြားသွားပါတယ်။
ချဲလ်ဆီးဟာစက်တင်ဘာလတုန်းကမန်စီးတီးကိုရှုံးနိမ့်ပြီးနောက်ပရီးမီးယားလိဂ်
သုံးပွဲဆက်အနိုင်ရရှိထားပါတယ်။၎င်းတို့ဟာအင်္ဂါနေ့မှာခါရာဘောင်းဖလားပွဲစဉ်အဖြစ်
ဆောက်သမ်တန်နှင့်ရင်ဆိုင်ရပါမယ်။သောမတ်စ်တူချယ်ကကစားသမားများအနေဖြင့်
အသင်းရဲ့စိတ်ဓာတ်နှင့်ခြေစွမ်းကိုဆက်လက်ထိန်းသွားကြရန်တိုက်တွန်းထားပါတယ်။
zawgyi
ရက္စက္တုန္းကရက္စက္ၿပီးမွ သူငယ္ခ်င္းအတြက္ စိတ္မေကာင္းျဖစ္ေနတဲ့ တူခ်ယ္
ေသာမတ္စ္တူခ်ယ္ကေနာ့ဝွစ္ခ်္အား၇-ဝဂိုးျဖင့္ျပတ္ျပတ္သားသား
အႏိုင္ယူၿပီးေနာက္ေနာ့ဝွစ္ခ်္နည္းျပဒါနီရယ္ဖာကီအတြက္စိတ္မေကာင္းျဖစ္ရေၾကာင္း
ဖြင့္ဟေျပာၾကားလိုက္ပါတယ္။
ခ်ဲလ္ဆီးဟာမေန႔ညတုန္းကစတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းတြင္ေနာ့ဝွစ္ခ်္ကို၇-ဝဂိုးျဖင့္
အႏိုင္ယူကာပရီးမီးယားလိဂ္အမွတ္ေပးဇယားေနရာတြင္ဆက္လက္ရပ္တည္ခဲ့ပါတယ္။
ခ်ဲလ္ဆီးဟာပထမပိုင္းတြင္ေမဆင္ေမာင့္၊ဟတ္ဆင္အိုဒြိဳင္း၊ရီစီဂ်ိမ္းစ္တို႔
သြင္းယူတဲ့ဂိုးမ်ားျဖင့္၃-ဝဂိုးျဖင့္ဦးေဆာင္ေနခဲ့ၿပီးဒုတိယပိုင္းတြင္ဘင္ခ်ဲလ္ဝဲလ္၊
ေအ႐ြန္ရဲ႕ Own Goal ၊ေမဆင္ေမာင့္ရဲ႕သြင္းဂိုး၂ဂိုးတို႔ေၾကာင့္၇-ဝဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။
တူခ်ယ္ဟာေဒါ့မြန္အသင္းတြင္ဖာကီႏွင့္အတူအလုပ္တြဲလုပ္ခဲ့ဖူးသူျဖစ္ပါတယ္။
သူဟာ၇-ဝဂိုးျဖင့္အႏိုင္ရရွိၿပီးေနာက္သူငယ္ခ်င္းေဟာင္းဖာကီအတြက္စိတ္မေကာင္းျဖစ္ေနပါတယ္။
တူခ်ယ္က “ကြၽန္ေတာ္တို႔အခ်ိန္ျပည့္အာ႐ုံစိုက္ခဲ့ၾကတယ္။အခြင့္အေရးေတြလည္း
ဖန္တီးခဲ့ၾကတယ္။ဒါကကြၽန္ေတာ္တို႔ေတာင္းဆိုတဲ့အရာပါ။ဂိုးသြင္းႏိုင္ဖို႔
ကံေကာင္းဖို႔လည္းလိုပါတယ္။အခ်ိန္ကာလလည္းလိုပါတယ္။ရမ္သမ္အရမ္းျမင့္မႈ၊
စိတ္ဆႏၵအရမ္းျမင့္မားမႈအတြက္ေပ်ာ္ပါတယ္။ကြၽန္ေတာ္တို႔မရပ္တန႔္ခ်င္တဲ့အတြက္
စိတ္မေကာင္းျဖစ္ရတယ္။ကြၽန္ေတာ္တို႔မရပ္တန႔္ခ်င္ခဲ့ၾကပါဘူး။
ပထမပိုင္းအၿပီးမွာဒီအတိုင္းသြားခ်င္တယ္လို႔ေျပာခဲ့တယ္။ဒါနီရယ္အတြက္ေတာ့
စိတ္မေကာင္းျဖစ္ရပါတယ္။သူဆက္ၿပီးေတာ့ေခါင္းေမာ့ရင္ေကာ့ၿပီးသူ႔အသင္းကို
လမ္းမွန္ေပၚသို႔ပို႔ႏိုင္ေစဖို႔ေမွ်ာ္လင့္ပါတယ္။သူကလူေတာ္တစ္ေယာက္ပါ”လို႔
ေျပာၾကားသြားပါတယ္။
ခ်ဲလ္ဆီးဟာစက္တင္ဘာလတုန္းကမန္စီးတီးကိုရႈံးနိမ့္ၿပီးေနာက္ပရီးမီးယားလိဂ္
သုံးပြဲဆက္အႏိုင္ရရွိထားပါတယ္။၎တို႔ဟာအဂၤါေန႔မွာခါရာေဘာင္းဖလားပြဲစဥ္အျဖစ္
ေဆာက္သမ္တန္ႏွင့္ရင္ဆိုင္ရပါမယ္။ေသာမတ္စ္တူခ်ယ္ကကစားသမားမ်ားအေနျဖင့္
အသင္းရဲ႕စိတ္ဓာတ္ႏွင့္ေျခစြမ္းကိုဆက္လက္ထိန္းသြားၾကရန္တိုက္တြန္းထားပါတယ္။