ရက်ဖို့ဒ်က ဆိုးရှားပေးတဲ့ အိမ်စာ ဘယ်လောက်လုပ်ထားလဲ ဆိုတာ ဒီညမှာ တွေ့ရမယ်…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရက်ဖို့ဒ်ရဲ့ ဂိုးကန်သွင်းမှုတွေဟာ ပြိုင်ဘက်အသင်းရဲ့ဂိုးသမားတွေအတွက် ခန့်မှန်းရလွယ်ကူနေတယ်လို့ နည်းပြ ဆိုးရှားကယူဆနေတာကြောင့် သီးသန့် ဂိုးသွင်းလေ့ကျင့်ခန်းတွေပြုလုပ်ဖို့ ရက်ဖို့ဒ် ကို ညွှန်ကြားထား ကြောင်း ESPN ရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

အသက် ( ၂၃ ) နှစ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူးအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပွဲ ( ၂၀ ) ကစားထားပေမယ့် သွင်းဂိုး ( ၇ ) ဂိုးသာ သွင်းယူထားနိုင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့က အိမ်ကွင်း ပွဲစဉ်မှာလည်း ထိရောက်တဲ့တိုက်စစ်ဆင်မှုတွေကိုမလုပ်နိုင်ခဲ့တာကြောင့် ရှက်ဖီးကို ( ၂ -၁ ) ရှုံးနိမ့်ခဲ့ပါတယ်။

ယူနိုက်တက် နည်းပြအဖွဲ့က ရက်ဖို့ဒ်အနေနဲ့ သူ့စိတ်ကြိုက် ဂိုးသွင်းဟန် ဖြစ်တဲ့ အားထည့်ပြီး အပြင်းကန်းသွင်းမှုပုံစံတစ်ခုကိုသာ မှီခိုလွန်းနေတယ်လို့ သုံးသပ်ထားပါတယ်။

ဒါကြောင့် နည်းပြ ဆိုးရှားက ရက်ဖို့ဒ်အနေနဲ့ ရရှိလာတဲ့ အခွင့်အရေးတွေကို ပုံစံမ‌ျိုးစုံနဲ့ အသုံးချနိုင်ပါက သွင်းဂိုးပိုရလာနိုင်တယ်လို့ ယုံကြည်နေပါတယ်။

ဆိုးရှားက ရက်ဖို့ဒ်ကို ဂိုးသမား လက်လှမ်းမမှီနိုင်တဲ့ ဂိုးရဲ့ ထောင့်ထဲကို ကန်သွင်းမှု အပါအဝင် အခြားသော ဂိုးသွင်းနည်းတွေကိုလည်း လေ့ကျင့်ထား စေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အချက်အလက်တွေအရ ရက်ဖို့ဒ်အနေနဲ့ ဒီရာသီမှာ ဂိုးကန်သွင်းမှု ( ၄၆ ) ကြိမ်ပြုလုပ်ထားပြီး (၂၂ ) ကြိမ် ဂိုးပေါက်တည့်ထားကြောင်းသိရပါတယ်။ ဒါ့အပြင် ရက်ဖို့ဒ်က ဂိုးတိုင်ထိမှန်မှု ( ၁ ) ကြိမ် ရှိခဲ့ပြီး အပိုင်အခွင့်အရေး ( ၇ ) ကြိမ် လွဲချော်ခဲ့ပါတယ်။

ဒီည (၁၂း၀၀)နာရီမှာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲမှာ ရက်ဖို့ဒ်အနေနဲ့ ဆိုးရှား ညွှန်ကြားထားတဲ့ လေ့ကျင့်ခန်းတွေကို ဘယ်လောက်အထိလုပ်ထားလဲဆိုတာတွေ့ရတော့မှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ရက္ဖို႔ဒ္က ဆိုးရွားေပးတဲ့ အိမ္စာ ဘယ္ေလာက္လုပ္ထားလဲ ဆိုတာ ဒီညမွာ ေတြ႕ရမယ္…

ရက္ဖို႔ဒ္ရဲ႕ ဂိုးကန္သြင္းမႈေတြဟာ ၿပိဳင္ဘက္အသင္းရဲ႕ဂိုးသမားေတြအတြက္ ခန႔္မွန္းရလြယ္ကူေနတယ္လို႔ နည္းျပ ဆိုးရွားကယူဆေနတာေၾကာင့္ သီးသန႔္ ဂိုးသြင္းေလ့က်င့္ခန္းေတြျပဳလုပ္ဖို႔ ရက္ဖို႔ဒ္ ကို ၫႊန္ၾကားထား ေၾကာင္း ESPN ရဲ႕ သတင္းအရင္းအျမစ္ေတြအရ သိရပါတယ္။

အသက္ ( ၂၃ ) ႏွစ္ရွိၿပီျဖစ္တဲ့ တိုက္စစ္မႉးအေနနဲ႔ ဒီရာသီ ပရီးမီးယားလိဂ္မွာ ပြဲ ( ၂၀ ) ကစားထားေပမယ့္ သြင္းဂိုး ( ၇ ) ဂိုးသာ သြင္းယူထားႏိုင္ခဲ့ၿပီး ဗုဒၶဟူးေန႔က အိမ္ကြင္း ပြဲစဥ္မွာလည္း ထိေရာက္တဲ့တိုက္စစ္ဆင္မႈေတြကိုမလုပ္ႏိုင္ခဲ့တာေၾကာင့္ ရွက္ဖီးကို ( ၂ -၁ ) ရႈံးနိမ့္ခဲ့ပါတယ္။

ယူႏိုက္တက္ နည္းျပအဖြဲ႕က ရက္ဖို႔ဒ္အေနနဲ႔ သူ႔စိတ္ႀကိဳက္ ဂိုးသြင္းဟန္ ျဖစ္တဲ့ အားထည့္ၿပီး အျပင္းကန္းသြင္းမႈပုံစံတစ္ခုကိုသာ မွီခိုလြန္းေနတယ္လို႔ သုံးသပ္ထားပါတယ္။ ဒါေၾကာင့္ နည္းျပ ဆိုးရွားက ရက္ဖို႔ဒ္အေနနဲ႔ ရရွိလာတဲ့ အခြင့္အေရးေတြကို ပုံစံမ‌်ိဳးစုံနဲ႔ အသုံးခ်ႏိုင္ပါက သြင္းဂိုးပိုရလာႏိုင္တယ္လို႔ ယုံၾကည္ေနပါတယ္။

ဆိုးရွားက ရက္ဖို႔ဒ္ကို ဂိုးသမား လက္လွမ္းမမွီႏိုင္တဲ့ ဂိုးရဲ႕ ေထာင့္ထဲကို ကန္သြင္းမႈ အပါအဝင္ အျခားေသာ ဂိုးသြင္းနည္းေတြကိုလည္း ေလ့က်င့္ထား ေစတာ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ရဲ႕ အခ်က္အလက္ေတြအရ ရက္ဖို႔ဒ္အေနနဲ႔ ဒီရာသီမွာ ဂိုးကန္သြင္းမႈ ( ၄၆ ) ႀကိမ္ျပဳလုပ္ထားၿပီး (၂၂ ) ႀကိမ္ ဂိုးေပါက္တည့္ထားေၾကာင္းသိရပါတယ္။ ဒါ့အျပင္ ရက္ဖို႔ဒ္က ဂိုးတိုင္ထိမွန္မႈ ( ၁ ) ႀကိမ္ ရွိခဲ့ၿပီး အပိုင္အခြင့္အေရး ( ၇ ) ႀကိမ္ လြဲေခ်ာ္ခဲ့ပါတယ္။

ဒီည (၁၂း၀၀)နာရီမွာ အာဆင္နယ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲမွာ ရက္ဖို႔ဒ္အေနနဲ႔ ဆိုးရွား ၫႊန္ၾကားထားတဲ့ ေလ့က်င့္ခန္းေတြကို ဘယ္ေလာက္အထိလုပ္ထားလဲဆိုတာေတြ႔ရေတာ့မွာျဖစ္ပါတယ္။