ရက်ရှိဖို့ဒ်ဂိုးသွင်းလိုက်ချိန်မှာ ကလေးတစ်ယောက်လို မြူတူးစွာအောင်ပွဲခံခဲ့တဲ့ ကာဗာနီ

မနေ့ညက လီဗာပူးနဲ့အက်ဖ်အေဖလားပွဲမှာ ရက်ရှ်ဖို့ဒ်ဟာ မန်ယူအတွက် ဒုတိယဂိုးသွင်းခဲ့ပေမယ့် အဲဒီဂိုးသွင်းပြီးချိန် ပျော်စရာလိုဖြစ်ခဲ့တဲ့ ကာဗာနီရဲ့အောင်ပွဲခံမှုကသာ ပရိသတ်တွေအတွက် ပိုပြီးသတိထားစရာဖြစ်သွားခဲ့ပါတယ်။

လီဗာပူးကို ၃-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ အဲဒီပွဲမှာ ကာဗာနီဟာ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပေမယ့် ဖာနန်ဒက်စ်ရဲ့ဖြတ်တင်ဘောကနေ သူ့ရဲ့ခေါင်းတိုက်ချက်ဟာ ဂိုးတိုင်ထိထွက်ခဲ့ပြီး အတွေ့အကြုံသိပ်မရှိသေးတဲ့ လီဗာပူးဗဟိုခံစစ်က ဝီလီယံကိုလည်း တစ်ပွဲလုံးမှာ အခက်တွေ့စေခဲ့ပါတယ်။

ဒါပမေဲ့ အဲဒီပွဲမှာ ပရိသတ်တွေက သူ့ကို ပိုပြီးသတိထားမိစေတဲ့အခိုက်အတန့်ကတော့ တိုက်စစ်ကစားဖော်ရက်ရှ်ဖို့ဒ် ဒုတိယပိုင်းအစ ဒုတိယဂိုးသွင်းပြီးချိန်မှာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်က သူ့ရဲ့သွင်းယူမှုနဲ့ မန်ယူကို ပြန်လည်ဦးဆောင်နိုင်စေချိန်မှာ ကာဗာနီဟာ အရမ်းကို ပျော်ရွှင်စိတ်လှုပ်ရှားသွားသလို ပုံစံမျိုးနဲ့ အောင်ပွဲခံခဲ့တာပါ။။

ပိုပြီးသဘောကျစရာကောင်းသွားတာက သူ့အသင်းဖော်ရဲ့ဂိုးအတွက် လက်ကိုအစွမ်းကုန်ဝှေ့ယမ်းပြီး ကလေးတစ်ယောက်လို မြူးတူးစွာ အောင်ပွဲခံခဲတာ ဖြစ်ပါတယ်။

ကာဗာနီဟာ အဲဒီပွဲက ဖာနန်ဒက်စ်ရဲ့ဖရီးကစ်အနိုင်ဂိုးအတွက်လည်း အကြံပေးမှုလုပ်ခဲ့သေးပြီး အဲဒီအကြောင်းကို ပေါ်တူဂီသားကွင်းလယ်လူက ပွဲအပြီးမှာ ဖွင့်ဟခဲ့ပါသေးတယ်။

ကာဗာနီက လူတံတိုင်းကိုကျော်ကန်ဖို့ထက် ဂိုးသမားရဲ့အနီးဆုံးထောင့်ကိုသာ ကန်ဖို့ ဖရီးကစ်အနိုင်ဂိုးမသွင်းခင် ဖာနန်ဒက်စ်ကို အကြံပေးခဲ့တာဖြစ်ပြီး ဖာနန်ဒက်စ်ကလည်း ကဗာနီပြောသလိုကန်ခဲ့ရာမှာ ဂိုးဝင်သွားခဲ့တာပါ။

ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ ဂရင်းဝုဒ်တို့နဲ့ လူငယ်တွေများတဲ့ မန်ယူတိုက်စစ်မှာ ကာဗာနီဟာ အတွေ့အကြုံအရှိဆုံးကစားသမားဖြစ်ပြီး သူ့ကြောင့်လည်း အသင်းတိုက်စစ်ဟာ ပိုပြီးတိုးတက်လာခဲ့ပါတယ်။

Zawgyi

ရက္ရွိဖုိ႔ဒ္ဂိုးသြင္းလိုက္ခ်ိန္မွာ ကေလးတစ္ေယာက္လို ျမဴတူးစြာေအာင္ပြဲခံခဲ့တဲ့ ကာဗာနီ

မေန႔ညက လီဗာပူးနဲ႔အက္ဖ္ေအဖလားပြဲမွာ ရက္ရွ္ဖို႔ဒ္ဟာ မန္ယူအတြက္ ဒုတိယဂိုးသြင္းခဲ့ေပမယ့္ အဲဒီဂိုးသြင္းၿပီးခ်ိန္ ေပ်ာ္စရာလိုျဖစ္ခဲ့တဲ့ ကာဗာနီရဲ႕ေအာင္ပြဲခံမႈကသာ ပရိသတ္ေတြအတြက္ ပိုၿပီးသတိထားစရာျဖစ္သြားခဲ့ပါတယ္။

လီဗာပူးကို ၃-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ အဲဒီပြဲမွာ ကာဗာနီဟာ ဂိုးသြင္းယူႏိုင္ျခင္းမရွိခဲ့ေပမယ့္ ဖာနန္ဒက္စ္ရဲ႕ျဖတ္တင္ေဘာကေန သူ႔ရဲ႕ေခါင္းတိုက္ခ်က္ဟာ ဂိုးတိုင္ထိထြက္ခဲ့ၿပီး အေတြ႕အႀကံဳသိပ္မရွိေသးတဲ့ လီဗာပူးဗဟိုခံစစ္က ၀ီလီယံကိုလည္း တစ္ပြဲလုံးမွာ အခက္ေတြ႕ေစခဲ့ပါတယ္။

ဒါပေမဲ့ အဲဒီပဲြမွာ ပရိသတ္ေတြက သူ႔ကို ပိုၿပီးသတိထားမိေစတဲ့အခိုက္အတန္႔ကေတာ့ တိုက္စစ္ကစားေဖာ္ရက္ရွ္ဖို႔ဒ္ ဒုတိယပိုင္းအစ ဒုတိယဂိုးသြင္းၿပီးခ်ိန္မွာ ျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္က သူ႔ရဲ႕သြင္းယူမႈနဲ႔ မန္ယူကို ျပန္လည္ဦးေဆာင္ႏိုင္ေစခ်ိန္မွာ ကာဗာနီဟာ အရမ္းကို ေပ်ာ္ရႊင္စိတ္လႈပ္ရွားသြားသလို ပုံစံမ်ိဳးနဲ႔ ေအာင္ပြဲခံခဲ့တာပါ။။

ပိုၿပီးသေဘာက်စရာေကာင္းသြားတာက သူ႔အသင္းေဖာ္ရဲ႕ဂိုးအတြက္ လက္ကိုအစြမ္းကုန္ေ၀ွ႔ယမ္းၿပီး ကေလးတစ္ေယာက္လို ျမဴးတူးစြာ ေအာင္ပြဲခံခဲတာ ျဖစ္ပါတယ္။

ကာဗာနီဟာ အဲဒီပြဲက ဖာနန္ဒက္စ္ရဲ႕ဖရီးကစ္အႏိုင္ဂိုးအတြက္လည္း အႀကံေပးမႈလုပ္ခဲ့ေသးၿပီး အဲဒီအေၾကာင္းကို ေပၚတူဂီသားကြင္းလယ္လူက ပြဲအၿပီးမွာ ဖြင့္ဟခဲ့ပါေသးတယ္။

ကာဗာနီက လူတံတိုင္းကိုေက်ာ္ကန္ဖို႔ထက္ ဂိုးသမားရဲ႕အနီးဆုံးေထာင့္ကိုသာ ကန္ဖုိ႔ ဖရီးကစ္အႏိုင္ဂိုးမသြင္းခင္ ဖာနန္ဒက္စ္ကို အႀကံေပးခဲ့တာျဖစ္ၿပီး ဖာနန္ဒက္စ္ကလည္း ကဗာနီေျပာသလိုကန္ခဲ့ရာမွာ ဂိုး၀င္သြားခဲ့တာပါ။

ရက္ရွ္ဖုိ႔ဒ္၊ မာရွယ္၊ ဂရင္း၀ုဒ္တို႔နဲ႔ လူငယ္ေတြမ်ားတဲ့ မန္ယူတိုက္စစ္မွာ ကာဗာနီဟာ အေတြ႕အႀကဳံအရွိဆုံးကစားသမားျဖစ္ၿပီး သူ႔ေၾကာင့္လည္း အသင္းတိုက္စစ္ဟာ ပိုၿပီးတိုးတက္လာခဲ့ပါတယ္။