ရက်ရှ်ဖို့ဒ် ဂိုးအတွက် ဖာနန်ဒက်စ်ရဲ့အောင်ပွဲခံပုံကို ပရိသတ်တွေအရူးအမူးဖြစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဝုဗ်ကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အနိုင်ဂိုးကို ရက်ရှ်ဖို့ဒ်ကသွင်းယူခဲ့ပြီးနောက် ဖာနန်ဒက်စ်ဟာ တကယ့်ကိုအားရဝမ်းသာစွာ အောင်ပွဲခံခဲ့လို့ ဒါကိုပရိသတ်တွေက အရူးအမူးဖြစ်နေပြီး ဒီပေါ်တူဂီသားဟာ အချိန်ကြာလေ မန်ယူနဲ့ တစ်သားတည်းဖြစ်လေ လို့ဆိုနေကြပါတယ်။

အိုးလ်ထရက်ဖို့ဒ်ကို လာကစားခဲ့ရတဲ့အတွက် ဝုဗ်ဟာ မန်ယူကို အခွင့်အရေးမပေးရအောင် ဦးစားပေးခဲ့သလို မန်ယူကလည်း ကစားပုံသိပ်မကောင်းခဲ့ပါဘူး။ ဒါပေမယ့် ဖာနန်ဒက်စ်ဟာ မန်ယူရဲ့အရေးအပါဆုံးသူဖြစ်တယ်ဆိုတာကို ဆက်လက်ပြသခဲ့ပြီး ရက်ရှ်ဖို့ရဲ့ ပြေးလမ်းထဲကိုအမြောက်ဘော ပေးပို့ကာ ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့စွန့်စားမှုပါတဲ့ ဖန်တီးမှုသာမရှိခဲ့ရင် မန်ယူဟာလည်း ဂိုးရစရာအကြောင်းမရှိတော့ဘဲ ဂိုးမရှိသရေကျခဲ့မှာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ ကန်ချက်ဂိုးသွားတယ်လို့ သိလိုက်ရချိန်မှာ ဂိုးဧရိယာ ထိပ်နားမှာ ရှိနေတဲ့ ဖာနန်ဒက်စ်ဟာ အားရဝမ်းသာဖြစ်ပြီး ခုန်ပေါက်လုနီးပါး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

သူဟာ ဒီဂိုးအတွက် ကာယကံရှင် ရက်ရှ်ဖို့ဒ်ထက်တောင် ပိုမိုဝမ်းသာနေပုံပေါက်နေသလိုပါဘဲ။

ဖာနန်ဒက်စ်ဟာ သူ့ဖန်တီးပေးမှုနဲ့ ကစားဖော်တွေဂိုးရသွားတာ၊ မန်ယူကိုထိပ်ဆုံးနေရာနဲ့အနီးဆုံးရောက်အောင် ပို့ပေးနိုင်ခဲ့တာတွေကို ကျေနပ်နေပုံရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေက ဖာနန်ဒက်စ်အောင်ပွဲခံတာကို သူတို့တွေအရူးအမူးဖြစ်နေပြီး ”မန်ယူနဲ့ အသားကျနေတဲ့သူ” ” အချိန်တိုအတွင်း သရဲနီစိတ်ဓါတ်ပြင်းထန်လာတဲ့သူ” အစရှိသဖြင့် အွန်လိုင်းမှာ မှတ်ချက်ပေးနေကြပါတယ်။

ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီက ဝုဗ်နဲ့ပွဲစဉ်မှာဘဲ မန်ယူနဲ့ပွဲဦးထွက်ကစားခဲ့သူဖြစ်ပါတယ်။ သူ မန်ယူကိုရောက်လာပြီးနောက် ပရီးမီးယားလိဂ်မှာ မန်ယူရခဲ့တဲ့ဂိုးတွေအတွက် တိုက်ရိုက်ပတ်သက်မှုက ၃၂ ကြိမ်တောင်ရှိနေလို့ အဲဒီကာလအတွင်းကျန်တဲ့ ဘယ်ကစားသမားမှ လိုက်မမီတဲ့ မှတ်တမ်းဖြစ်နေပါတယ်။ သူဟာ ၁၈ ဂိုးသွင်းပြီး ၁၄ ဂိုးဖန်တီးပေးနိုင်ခဲ့သူပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ရက္ရွ္ဖို႔ဒ္ ဂိုးအတြက္ ဖာနန္ဒက္စ္ရဲ႕ေအာင္ပြဲခံပုံကို ပရိသတ္ေတြအ႐ူးအမူးျဖစ္

ဝုဗ္ကို ၁-၀ နဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ အႏိုင္ဂိုးကို ရက္ရွ္ဖို႔ဒ္ကသြင္းယူခဲ့ၿပီးေနာက္ ဖာနန္ဒက္စ္ဟာ တကယ့္ကိုအားရဝမ္းသာစြာ ေအာင္ပြဲခံခဲ့လို႔ ဒါကိုပရိသတ္ေတြက အ႐ူးအမူးျဖစ္ေနၿပီး ဒီေပၚတူဂီသားဟာ အခ်ိန္ၾကာေလ မန္ယူနဲ႔ တစ္သားတည္းျဖစ္ေလ လို႔ဆိုေနၾကပါတယ္။ အိုးလ္ထရက္ဖို႔ဒ္ကို လာကစားခဲ့ရတဲ့အတြက္ ဝုဗ္ဟာ မန္ယူကို အခြင့္အေရးမေပးရေအာင္ ဦးစားေပးခဲ့သလို မန္ယူကလည္း ကစားပုံသိပ္မေကာင္းခဲ့ပါဘူး။ ဒါေပမယ့္ ဖာနန္ဒက္စ္ဟာ မန္ယူရဲ႕အေရးအပါဆုံးသူျဖစ္တယ္ဆိုတာကို ဆက္လက္ျပသခဲ့ၿပီး ရက္ရွ္ဖို႔ရဲ႕ ေျပးလမ္းထဲကိုအေျမာက္ေဘာ ေပးပို႔ကာ ဖန္တီးေပးခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕စြန႔္စားမႈပါတဲ့ ဖန္တီးမႈသာမရွိခဲ့ရင္ မန္ယူဟာလည္း ဂိုးရစရာအေၾကာင္းမရွိေတာ့ဘဲ ဂိုးမရွိသေရက်ခဲ့မွာ ျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္ရဲ႕ ကန္ခ်က္ဂိုးသြားတယ္လို႔ သိလိုက္ရခ်ိန္မွာ ဂိုးဧရိယာ ထိပ္နားမွာ ရွိေနတဲ့ ဖာနန္ဒက္စ္ဟာ အားရဝမ္းသာျဖစ္ၿပီး ခုန္ေပါက္လုနီးပါး ေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။ သူဟာ ဒီဂိုးအတြက္ ကာယကံရွင္ ရက္ရွ္ဖို႔ဒ္ထက္ေတာင္ ပိုမိုဝမ္းသာေနပုံေပါက္ေနသလိုပါဘဲ။ ဖာနန္ဒက္စ္ဟာ သူ႔ဖန္တီးေပးမႈနဲ႔ ကစားေဖာ္ေတြဂိုးရသြားတာ၊ မန္ယူကိုထိပ္ဆုံးေနရာနဲ႔အနီးဆုံးေရာက္ေအာင္ ပို႔ေပးႏိုင္ခဲ့တာေတြကို ေက်နပ္ေနပုံရွိတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္လည္း ပရိသတ္ေတြက ဖာနန္ဒက္စ္ေအာင္ပြဲခံတာကို သူတို႔ေတြအ႐ူးအမူးျဖစ္ေနၿပီး ”မန္ယူနဲ႔ အသားက်ေနတဲ့သူ” ” အခ်ိန္တိုအတြင္း သရဲနီစိတ္ဓါတ္ျပင္းထန္လာတဲ့သူ” အစရွိသျဖင့္ အြန္လိုင္းမွာ မွတ္ခ်က္ေပးေနၾကပါတယ္။

ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ ေဖေဖၚဝါရီက ဝုဗ္နဲ႔ပြဲစဥ္မွာဘဲ မန္ယူနဲ႔ပြဲဦးထြက္ကစားခဲ့သူျဖစ္ပါတယ္။ သူ မန္ယူကိုေရာက္လာၿပီးေနာက္ ပရီးမီးယားလိဂ္မွာ မန္ယူရခဲ့တဲ့ဂိုးေတြအတြက္ တိုက္႐ိုက္ပတ္သက္မႈက ၃၂ ႀကိမ္ေတာင္ရွိေနလို႔ အဲဒီကာလအတြင္းက်န္တဲ့ ဘယ္ကစားသမားမွ လိုက္မမီတဲ့ မွတ္တမ္းျဖစ္ေနပါတယ္။ သူဟာ ၁၈ ဂိုးသြင္းၿပီး ၁၄ ဂိုးဖန္တီးေပးႏိုင္ခဲ့သူပါ။