
လူငယ် တိုက်စစ်မှုး နှစ်ယောက်ဖြစ်တဲ့ ရက်ရှ်ဖို့ဒ် နဲ့ ဂရင်းဝုဒ်တို့ဟာ ပရီးမီးယားလိဂ်
ရပ်နားထားတဲ့ ရက်သတ္တပတ်ကို ကာရင်တန်လေ့ကျင့်ရေးကွင်းမှာပဲ
ထရိန်နင်းဆင်းရင်း ကုန်ဆုံးနေတယ်လို့ သိရပါတယ်။
နည်းပြ ဆိုးလ်ရှားဟာ အဆိုပါ ရက်သတ္တပတ်မှာ အားလပ်ရက်ယူပြီး
မွေးရပ်မြေဖြစ်တဲ့ နော်ဝေနိုင်ငံကို မိသားစုနဲ့ အတူ ပြန်သွားခဲ့ပေမယ့်
၎င်းရဲ့ ကစားသမားတွေကိုတော့ ကာရင်တန်မှာ ထရိန်နင် ဆက်ဆင်းဖို့
မှာကြားခဲ့တယ်လို့ အချို့သော သတင်းတွေအရ သိရပါတယ်။
ဂရင်းဝုဒ် နဲ့ ရက်ရှ်ဖို့ဒ်တို့ဟာ လက်ရှိ ကာရင်တန်မှာ ဟာနီဘယ် ၊
ချာလီမက်နေးလ် အစရှိတဲ့ ယူနိုက်တက် U-23 နဲ့ U-18 အသင်းတွေက
လူငယ်ကစားသမားတွေနဲ့ အတူ ထရိန်နင်ဆင်းနေတာဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ နည်းပြဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်း လူစာရင်းကနေ
အကြိမ်ကြိမ် ချန်လှပ်ခံခဲ့ရသလို ရက်ရှ်ဖို့ဒ်ကလည်း လူစာရင်းမှာ
အရွေးချယ်ခံရပေမယ့် ကြံ့ခိုင်မှု ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေတာကြောင့်
လူစာရင်းကနေ ပြန်လည်နှုတ်ထွက်ခဲ့တာလို့လည်း သိရပါတယ်။
လက်ရှိ ကာရင်တန်မှာ ဂရင်းဝုဒ် နဲ့ ရက်ရှ်ဖို့ဒ် အပြင် ဗန်ဒီဘိခ် နဲ့ အချို့သော
ယူနိုက်တက် ကစားသမားတွေလည်း ထရိန်နင်ဆက်ဆင်းနေကြတယ်လို့သိရပြီး
နိုင်ငံအသင်း လူစာရင်းမှာရွေးချယ်ခံရပေမယ့်လည်း အသေးစား ဒဏ်ရာကြောင့်
လက်ရှိအချိန်အထိ သွားရောက် မပူးပေါင်းနိုင်ခဲ့တဲ့ လုခ်ရှောကိုလည်း
ကာရင်တန်မှာ မြင်တွေ့ခဲ့ရတယ်လို့ အချို့ သတင်းထောက်တွေက ပြောဆိုထားပါတယ်
zawgyi
ရက္ရွ္ဖို႔ဒ္ နဲ႔ ဂရင္းဝုဒ္တို႔ အားလပ္ရက္ ကာရင္တန္ေလ့က်င့္ေရးကြင္းမွာပဲ ထရိန္နင္းဆင္းရင္း ကုန္ဆုံးေနတယ္လို႔ သိရ
လူငယ္ တိုက္စစ္မႈး ႏွစ္ေယာက္ျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္ နဲ႔ ဂရင္းဝုဒ္တို႔ဟာ ပရီးမီးယားလိဂ္
ရပ္နားထားတဲ့ ရက္သတၱပတ္ကို ကာရင္တန္ေလ့က်င့္ေရးကြင္းမွာပဲ
ထရိန္နင္းဆင္းရင္း ကုန္ဆုံးေနတယ္လို႔ သိရပါတယ္။
နည္းျပ ဆိုးလ္ရွားဟာ အဆိုပါ ရက္သတၱပတ္မွာ အားလပ္ရက္ယူၿပီး
ေမြးရပ္ေျမျဖစ္တဲ့ ေနာ္ေဝႏိုင္ငံကို မိသားစုနဲ႔ အတူ ျပန္သြားခဲ့ေပမယ့္
၎ရဲ႕ ကစားသမားေတြကိုေတာ့ ကာရင္တန္မွာ ထရိန္နင္ ဆက္ဆင္းဖို႔
မွာၾကားခဲ့တယ္လို႔ အခ်ိဳ႕ေသာ သတင္းေတြအရ သိရပါတယ္။
ဂရင္းဝုဒ္ နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ဟာ လက္ရွိ ကာရင္တန္မွာ ဟာနီဘယ္ ၊
ခ်ာလီမက္ေနးလ္ အစရွိတဲ့ ယူႏိုက္တက္ U-23 နဲ႔ U-18 အသင္းေတြက
လူငယ္ကစားသမားေတြနဲ႔ အတူ ထရိန္နင္ဆင္းေနတာျဖစ္ပါတယ္။
ဂရင္းဝုဒ္ဟာ နည္းျပေဆာက္ဂိတ္ရဲ႕ အဂၤလန္အသင္း လူစာရင္းကေန
အႀကိမ္ႀကိမ္ ခ်န္လွပ္ခံခဲ့ရသလို ရက္ရွ္ဖို႔ဒ္ကလည္း လူစာရင္းမွာ
အေ႐ြးခ်ယ္ခံရေပမယ့္ ႀကံ့ခိုင္မႈ ျပန္လည္တည္ေဆာက္ဖို႔ လိုအပ္ေနတာေၾကာင့္
လူစာရင္းကေန ျပန္လည္ႏႈတ္ထြက္ခဲ့တာလို႔လည္း သိရပါတယ္။
လက္ရွိ ကာရင္တန္မွာ ဂရင္းဝုဒ္ နဲ႔ ရက္ရွ္ဖို႔ဒ္ အျပင္ ဗန္ဒီဘိခ္ နဲ႔ အခ်ိဳ႕ေသာ
ယူႏိုက္တက္ ကစားသမားေတြလည္း ထရိန္နင္ဆက္ဆင္းေနၾကတယ္လို႔သိရၿပီး
ႏိုင္ငံအသင္း လူစာရင္းမွာေ႐ြးခ်ယ္ခံရေပမယ့္လည္း အေသးစား ဒဏ္ရာေၾကာင့္
လက္ရွိအခ်ိန္အထိ သြားေရာက္ မပူးေပါင္းႏိုင္ခဲ့တဲ့ လုခ္ေရွာကိုလည္း
ကာရင္တန္မွာ ျမင္ေတြ႕ခဲ့ရတယ္လို႔ အခ်ိဳ႕ သတင္းေထာက္ေတြက ေျပာဆိုထားပါတယ္