
တစ်ခါတစ်လေမှာ တချို့အဖြစ်အပျက်တွေဟာ မယုံနိုင်စရောကောင်းလွန်းပါတယ်။
ပြီးခဲ့တဲ့အပတ် ဘိုလော့ဂ်နာနဲ့စီးရီးအေပွဲမှာ အတ္တလန္တာအတွက်
တစ်လုံးတည်းသောနောက်ကျအနိုင်ဂိုးသွင်းသွားခဲ့တဲ့
လူငယ်ကစားသမားလေးဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က
အီတတီဘောလုံးလိဂ်ရဲ့အောက်ဆုံးဖြစ်တဲ့ ၈ တန်းမြောက်က ဒုက္ခအသင်းမှာ ကစားခဲ့သူပါ။
အဲဒီ ၁၈ နှစ်အရွယ် ဂူနီယာနိုင်ငံသားဟာ ပြီခဲ့တဲ့ဖေဖော်ဝါရီလကုန်ကမှ
အတ္တလန္တာအကယ်ဒမီကို ရောက်လာခဲ့သူဖြစ်ပါတယ်။
ဒါပေမဲ့ မယုံနိုင်ဖွယ်ခြေစွမ်းကြောင့် ရက်ပိုင်းအတွင်းမှာပဲ
အတ္တလန္တာအသင်းကြီးနဲ့အတူ လေ့ကျင့်ခွင့်ရခဲ့တာပါ။
တိုက်စစ်မှာ အဓိကကျသူဇာပါတာ ဒဏ်ရာရသွားလို့
ဂျီနိုအာနဲ့ဂိုးမရှိသရေကျတဲ့ပွဲမှာဆိုရင် နည်းပြဂက်စ်ပါရီနီဟာ
လူငယ်လေးမူစတာဖာဆစ်ဆီကို အရန်စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။
နောက်တစ်ပတ်အကြာ ဘိုလော့ဂ်နာနဲ့ပွဲမှာလည်း အတ္တလန္တာဟာ
နောက်ထပ်ဂိုးမရှိသရေပွဲနဲ့ ကြုံရမလိုဖြစ်ခဲ့ပေမယ့် လူစားဝင်လာတဲ့
ဆယ်ကျော်သက်ကစားသမားလေး ဆစ်ဆီက ၈၂ မိနစ်မှာ
တစ်လုံးတည်းသောအနိုင်ဂိုးသွင်းပေးသွားခဲ့တာပါ။
ဆစ်ဆီဟာ သူ့ရဲ့စီးရီးအေပွဲဦးထွက် အတ္တလန္တာအတွက်
အလိုအပ်ဆုံးအချိန်မှာ ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပွဲပြီးတော့ ဆစ်ဆီကို သူ့အတ္တလန္တာအသင်းဖော်တွေက ပခုံးပေါ်တင်သွားပြီး
သူ့ရဲ့ဒီလိုအခိုက်အတန့်အတွက် အောင်ပွဲခံခဲ့ပါတယ်။
ဆစ်ဆီဟာ ၁၆ နှစ်အရွယ်မှာပဲ ပိုကောင်းတဲ့အနာဂါတ်အတွက်
ဂူနီယာကနေ အီတလီကိုထွက်ခွာလာခဲ့တာပါ။
သူဖခင်ကွယ်လွန်သွားပြီးနောက် ဘဝသစ်စနိုင်ဖို့
ရည်ရွယ်ပြီး အခုလိုစွန့်စားခဲ့တာ ဖြစ်ပါတယ်။
zawgyi
ရက္သတၱပတ္အနည္းငယ္က ဒုကၡအသင္းမွာ ကစားခဲ့သူကေန အတၱလႏၲာပြဲဦးထြက္မွာဂိုးသြင္းႏိုင္သူ ၁၈ ႏွစ္သား
တစ္ခါတစ္ေလမွာ တခ်ိဳ႕အျဖစ္အပ်က္ေတြဟာ မယုံႏိုင္စေရာေကာင္းလြန္းပါတယ္။
ၿပီးခဲ့တဲ့အပတ္ ဘိုေလာ့ဂ္နာနဲ႔စီးရီးေအပြဲမွာ အတၱလႏၲာအတြက္
တစ္လုံးတည္းေသာေနာက္က်အႏိုင္ဂိုးသြင္းသြားခဲ့တဲ့
လူငယ္ကစားသမားေလးဟာ လြန္ခဲ့တဲ့ရက္သတၱပတ္အနည္းငယ္က
အီတတီေဘာလုံးလိဂ္ရဲ႕ေအာက္ဆုံးျဖစ္တဲ့ ၈ တန္းေျမာက္က ဒုကၡအသင္းမွာ ကစားခဲ့သူပါ။
အဲဒီ ၁၈ ႏွစ္အ႐ြယ္ ဂူနီယာႏိုင္ငံသားဟာ ၿပီခဲ့တဲ့ေဖေဖာ္ဝါရီလကုန္ကမွ
အတၱလႏၲာအကယ္ဒမီကို ေရာက္လာခဲ့သူျဖစ္ပါတယ္။
ဒါေပမဲ့ မယုံႏိုင္ဖြယ္ေျခစြမ္းေၾကာင့္ ရက္ပိုင္းအတြင္းမွာပဲ
အတၱလႏၲာအသင္းႀကီးနဲ႔အတူ ေလ့က်င့္ခြင့္ရခဲ့တာပါ။
တိုက္စစ္မွာ အဓိကက်သူဇာပါတာ ဒဏ္ရာရသြားလို႔
ဂ်ီႏိုအာနဲ႔ဂိုးမရွိသေရက်တဲ့ပြဲမွာဆိုရင္ နည္းျပဂက္စ္ပါရီနီဟာ
လူငယ္ေလးမူစတာဖာဆစ္ဆီကို အရန္စာရင္းထဲ ထည့္သြင္းခဲ့ပါတယ္။
ေနာက္တစ္ပတ္အၾကာ ဘိုေလာ့ဂ္နာနဲ႔ပြဲမွာလည္း အတၱလႏၲာဟာ
ေနာက္ထပ္ဂိုးမရွိသေရပြဲနဲ႔ ႀကဳံရမလိုျဖစ္ခဲ့ေပမယ့္ လူစားဝင္လာတဲ့
ဆယ္ေက်ာ္သက္ကစားသမားေလး ဆစ္ဆီက ၈၂ မိနစ္မွာ
တစ္လုံးတည္းေသာအႏိုင္ဂိုးသြင္းေပးသြားခဲ့တာပါ။
ဆစ္ဆီဟာ သူ႔ရဲ႕စီးရီးေအပြဲဦးထြက္ အတၱလႏၲာအတြက္
အလိုအပ္ဆုံးအခ်ိန္မွာ ဂိုးသြင္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။
ပြဲၿပီးေတာ့ ဆစ္ဆီကို သူ႔အတၱလႏၲာအသင္းေဖာ္ေတြက ပခုံးေပၚတင္သြားၿပီး
သူ႔ရဲ႕ဒီလိုအခိုက္အတန႔္အတြက္ ေအာင္ပြဲခံခဲ့ပါတယ္။
ဆစ္ဆီဟာ ၁၆ ႏွစ္အ႐ြယ္မွာပဲ ပိုေကာင္းတဲ့အနာဂါတ္အတြက္
ဂူနီယာကေန အီတလီကိုထြက္ခြာလာခဲ့တာပါ။
သူဖခင္ကြယ္လြန္သြားၿပီးေနာက္ ဘဝသစ္စႏိုင္ဖို႔
ရည္႐ြယ္ၿပီး အခုလိုစြန႔္စားခဲ့တာ ျဖစ္ပါတယ္။