ရည်မှန်းချက်ကြီးတဲ့ ဘရူနိုဖာနန်ဒက်ရဲ့ (၂၀၂၁) မှာ ရယူလိုတဲ့ စံချိန် မှတ်တမ်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အခုအချိန်မှာ ယူနိုက်တက်ပရိသတ်တွေရဲ့ သူရဲကောင်းတစ်ဦးလို ခြေစွမ်းပြ ကစားနေတဲ့ ဖာနန်ဒက်ဟာ ဒီနှစ် ဇန်နဝါရီကမှ စပို့တင်းကနေ ပြောင်းရွေ့ကြေး ယူရို ( ၅၅ ) သန်းနဲ့ ယူနိုက်တက်အသင်းကိုရောက်ရှိလာခဲ့တာဖြစ်ပေမယ့် အသင်းရဲ့ အကယ်ဒမီထွက်ကစားသမားတစ်ဦးလိုဖြစ်နေပါတယ်။

သူဟာ ကွင်းထဲမှာ မခိုမကပ်ပဲကစားနေသလို သူ့ရဲ့ ကွင်းလယ်မှာ ဘောလုံးကို ခြေထဲမှာအကြာကြီးထားမကစားဘဲ အသင်းဖော်တွေနဲ့ ကစားကွက်ကိုချိတ်ဆက်ပြီး ကစားတာတွေ၊ ဘောလုံးအမြင်ကောင်းမွန်မှုတွေကြောင့် ယူနိုက်တက်ပရိသတ်တွေက သူ့ကို သဘောကျနှစ်ခြိုက်နေကြတာလည်း ဖြစ်ပါတယ်။

သူဟာ ယူနိုက်တက်မှာ ကစားခွင့်ရတာကို ပျော်ရွှင်နေတဲ့ သူတစ်ယောက်လည်းဖြစ်ပြီး ဒီနှစ် ဘောလုံးရာသီအတွင်းမှာ ရယူလိုတဲ့ သူ့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရည်မှန်းချက်ကိုလည်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဖာနန်ဒက်စ်က သူ့အနေနဲ့ အိုးထရတ်ဖိုဒ်မှာ ခြေစွမ်းပြကစားနိုင်နေပေမယ့် သူ့ရဲ့ခြေစွမ်းဟာ ဒီထက်ပိုပြီး တိုးတက်နိုင်သေးကြောင်း၊ ၂၀၂၁ ခုနှစ်မှာ ပွဲစဉ်အရေအတွက်ထက် သူ့ရဲ့ သွင်းဂိုး နှင့် ဂိုးဖန်တီးမှုကို ပိုမိုများပြားလိုကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဖာနန်ဒက်ဟာ လက်ရှိအချိန်ထိ ယူနိုက်တက်အသင်းအတွက် ( ၄၂ ) ပွဲ ကစားပေးထားပြီး ( ၂၅ ) ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ( ၁၅ ) ကြိမ် ပြုလုပ်ပေးထားပါတယ်။ လိဒ်အသင်းကို (၆-၂) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ပင်နယ်တီအပါအဝင် သွင်းဂိုး(၂)ဂိုးရယူပေးနိုင်ခဲ့တဲ့ ဖာနန်ဒက်ဟာ ဒီရာသီ ပြည်တွင်းလိဂ် ပြိုင်ပွဲမှာ ( ၉ ) ဂိုး ထိ သွင်းယူထားနိုင်တဲ့အတွက် ရွှေဖိနပ်ဆု ယှဉ်ပြိုင်မှုမှာလည်း အဆင့် (၅)နေရာမှာ ရပ်တည်နေပါတယ်။

ဖာနန်ဒက်က MUTV နဲ့ တွေ့ဆုံခဲ့ရာမှာ ” ကျွန်တော် အရင်က ပြောခဲ့သလိုပါပဲ ယူနိုက်တက်လို အသင်းမှာ ကစားရတဲ့အခါ ကစားသမားကောင်းတွေ ဝန်းရံနေတဲ့အတွက် ကွင်းထဲမှာ ကစားရတာ လွယ်ကူပါတယ်။ သူတို့က ကျွန်တော့်ကို ပိုကောင်းအောင် ကူညီပေးသလို ကျွန်တော် ကလည်း သူတို့ကို ကူညီပေးဖို့ ဒီကို ရောက်ရှိနေတာပါ။ အခုလို မှတ်တမ်းတွေ ရရှိထားတာ ကောင်းပါတယ်။

ဒါပေမယ့် ကျွန်တော် ဒီထက်ပိုမို တိုးတက်ဖို့ လိုအပ်ပါသေးတယ်။ ကျွန်တော် ဒီလို မှတ်တမ်းတွေ ရရှိတဲ့အပေါ် အရမ်းပျော်ပါတယ်။ အခုလို အခြေအနေမျိုးရောက်ဖို့ဆိုတာ အရမ်းတော့လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ဒီထက်ပိုပြီး တိုးတက်အောင် စွမ်းဆောင်ပြချင်ပါသေးတယ်။

ကျွန်တော် ဒီနှစ် ဘောလုံးရာသီမှာ ပွဲစဉ်တွေထက် သွင်းဂိုး နှင့် ဖန်တီးမှု က ပိုများတဲ့ အနေအထားနဲ့ အဆုံးသတ်ချင်ပါတယ်။ ” လို့ ဖြေကြားသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ရည္မွန္းခ်က္ၾကီးတဲ႕ ဘ႐ူႏိုဖာနန္ဒက္ရဲ႕ (၂၀၂၁) မွာ ရယူလိုတဲ့ စံခ်ိန္ မွတ္တမ္းတစ္ခု

အခုအခ်ိန္မွာ ယူႏိုက္တက္ပရိသတ္ေတြရဲ႕ သူရဲေကာင္းတစ္ဦးလို ေျခစြမ္းျပ ကစားေနတဲ႔ ဖာနန္ဒက္ဟာ ဒီႏွစ္ ဇန္နဝါရီကမွ စပို႔တင္းကေန ေျပာင္းေ႐ြ႕ေၾကး ယူ႐ို ( ၅၅ ) သန္းနဲ႕ ယူႏိုက္တက္အသင္းကိုေရာက္ရွိလာခဲ့တာျဖစ္ေပမယ့္ အသင္းရဲ႕ အကယ္ဒမီထြက္ကစားသမားတစ္ဦးလိုျဖစ္ေနပါတယ္။ သူဟာ ကြင္းထဲမွာ မခိုမကပ္ပဲကစားေနသလို သူ႕ရဲ႕ ကြင္းလယ္မွာ ေဘာလံုးကို ေျခထဲမွာအၾကာၾကီးထားမကစားဘဲ အသင္းေဖာ္ေတြနဲ႕ ကစားကြက္ကိုခ်ိတ္ဆက္ၿပီး ကစားတာေတြ၊ ေဘာလံုးအျမင္ေကာင္းမြန္မႈေတြေၾကာင့္ ယူႏိုက္တက္ပရိသတ္ေတြက သူ႕ကို သေဘာက်ႏွစ္ျခိဳက္ေနၾကတာလည္း ျဖစ္ပါတယ္။ သူဟာ ယူႏိုက္တက္မွာ ကစားခြင့္ရတာကို ေပ်ာ္ရႊင္ေနတဲ့ သူတစ္ေယာက္လည္းျဖစ္ၿပီး ဒီႏွစ္ ေဘာလုံးရာသီအတြင္းမွာ ရယူလိုတဲ့ သူ႔ရဲ႕ ပုဂၢိဳလ္ေရးဆိုင္ရာ ရည္မွန္းခ်က္ကိုလည္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ဖာနန္ဒက္စ္က သူ႔အေနနဲ႔ အိုးထရတ္ဖိုဒ္မွာ ေျခစြမ္းျပကစားႏိုင္ေနေပမယ့္ သူ႕ရဲ႕ေျခစြမ္းဟာ ဒီထက္ပိုၿပီး တိုးတက္ႏိုင္ေသးေၾကာင္း၊ ၂၀၂၁ ခုႏွစ္မွာ ပြဲစဥ္အေရအတြက္ထက္ သူ႕ရဲ႕ သြင္းဂိုး ႏွင့္ ဂိုးဖန္တီးမႈကို ပိုမိုမ်ားျပားလိုေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ဖာနန္ဒက္ဟာ လက္ရွိအခ်ိန္ထိ ယူႏိုက္တက္အသင္းအတြက္ ( ၄၂ ) ပြဲ ကစားေပးထားၿပီး ( ၂၅ ) ဂိုး သြင္းယူထားကာ ဂိုးဖန္တီးမႈ ( ၁၅ ) ႀကိမ္ ျပဳလုပ္ေပးထားပါတယ္။ လိဒ္အသင္းကို (၆-၂) ဂိုးနဲ႕ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ ပင္နယ္တီအပါအဝင္ သြင္းဂိုး(၂)ဂိုးရယူေပးႏိုင္ခဲ့တဲ့ ဖာနန္ဒက္ဟာ ဒီရာသီ ျပည္တြင္းလိဂ္ ၿပိဳင္ပြဲမွာ ( ၉ ) ဂိုး ထိ သြင္းယူထားႏိုင္တဲ့အတြက္ ေ႐ႊဖိနပ္ဆု ယွဥ္ၿပိဳင္မႈမွာလည္း အဆင့္ (၅)ေနရာမွာ ရပ္တည္ေနပါတယ္။

ဖာနန္ဒက္က MUTV နဲ႔ ေတြ႕ဆုံခဲ့ရာမွာ ” ကြၽန္ေတာ္ အရင္က ေျပာခဲ့သလိုပါပဲ ယူႏိုက္တက္လို အသင္းမွာ ကစားရတဲ့အခါ ကစားသမားေကာင္းေတြ ဝန္းရံေနတဲ့အတြက္ ကြင္းထဲမွာ ကစားရတာ လြယ္ကူပါတယ္။ သူတို႔က ကြၽန္ေတာ့္ကို ပိုေကာင္းေအာင္ ကူညီေပးသလို ကြၽန္ေတာ္ ကလည္း သူတို႔ကို ကူညီေပးဖို႔ ဒီကို ေရာက္ရွိေနတာပါ။ အခုလို မွတ္တမ္းေတြ ရရွိထားတာ ေကာင္းပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ ဒီထက္ပိုမို တိုးတက္ဖို႔ လိုအပ္ပါေသးတယ္။ ကြၽန္ေတာ္ ဒီလို မွတ္တမ္းေတြ ရရွိတဲ့အေပၚ အရမ္းေပ်ာ္ပါတယ္။ အခုလို အေျခအေနမ်ိဳးေရာက္ဖို႔ဆိုတာ အရမ္းေတာ့လြယ္ကူတဲ့ကိစၥမဟုတ္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ ဒီထက္ပိုၿပီး တိုးတက္ေအာင္ စြမ္းေဆာင္ျပခ်င္ပါေသးတယ္။ ကြၽန္ေတာ္ ဒီႏွစ္ ေဘာလုံးရာသီမွာ ပြဲစဥ္ေတြထက္ သြင္းဂိုး ႏွင့္ ဖန္တီးမႈ က ပိုမ်ားတဲ့ အေနအထားနဲ႔ အဆုံးသတ္ခ်င္ပါတယ္။ ” လို႔ ေျဖၾကားသြားခဲ့ပါတယ္။