ရည်မှန်းချက်ကြီးပြီး တွန်းအားပေးတဲ့ မက်ဆီကြောင့် ကစားသမားသစ်တွေ ဖိအားမခံနိုင်ဘဲ ရုန်းကန်နေရတာပါ – အန်ဇူး(ဘာစီလိုနာလက်ထောက်နည်းပြဟောင်း)

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်သလက်တီကိုအသင်းမှာ စတားတစ်ယောက်ဖြစ်ခဲ့တဲ့ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကိုရောက်တဲ့အချိန်မှာ ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်နေခဲ့ရတာဟာ မက်ဆီရဲ့လောင်းရိပ်မိတဲ့အနေအထားကြောင့်ဖြစ်တဲ့အပြင် မက်ဆီရဲ့ဖိအားဒဏ် ကို မခံနိုင်တာကြောင့်လည်းဖြစ်တယ်လို့ နည်းပြအင်းနရစ်နဲ့အတူ လက်တွဲခဲ့ဖူးတဲ့ ဘာစီလိုနာလက်ထောက်နည်းပြ ဟွမ်ကားလို့စ်အန်ဇူးက ပြောကြားသွားခဲ့ပါ တယ်။

အန်ဇူးဟာ အင်းနရစ် ဘာစီလိုနာကိုကိုင်တွယ်ခဲ့တဲ့အချိန်တုန်းက လက် ထောက်အဖြစ် ဘောလုံးရာသီ ၃ ရာသီ လုပ်ကိုင်ခဲ့ဖူးပြီး လာလီဂါဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်နဲ့ ကိုပါဒယ်ရေး ၂ ကြိမ် အောင်မြင်မှုတွေရယူနိုင်ခဲ့ ပါတယ်။

အဲဒီအချိန်တုန်းက ဘာစီလိုနာရဲ့အင်ပါယာဟာ အတောက်ပဆုံးအချိန် လို့ဆိုနိုင်ပြီး ကွင်းလယ်မှာ ဇာဗီ၊ အင်နီယေစတာအတွဲ ခြေစွမ်းပြနေတာလည်း ဖြစ်ပါတယ်။ ရှေ့တန်းမှာ နေမာ ထွက်ခွာသွားပြီး ဘာစီလိုနာရဲ့အနေအထားက အကျဘက်ကိုစရောက်လာခဲ့တယ်လို့ ဆိုနိုင်တာပါ။

မက်ဆီဟာ ဘာစီလိုနာ အတွက် အမြဲတမ်းကြိုးစားကစားပေမယ့် အခြားအသင်းသားတွေနဲ့ အတွဲအဖက် ချိတ်ဆက်မှုအားနည်းခဲ့တာတွေရှိခဲ့ပြီး အဓိကပြိုင်ပွဲတချို့မှာ ရလဒ်မကောင်းခဲ့ တာတွေ ရှိလာခဲ့တာပါ။ ဘာစီလိုနာဟာ နေမာကို ရောင်းချခဲ့ပြီး ဒမ်ဘီလီ၊ ကော် တင်ဟိုနဲ့ ဂရစ်ဇ်မန်းတို့လိုကစားသမားကောင်းတွေကို ပြန်ဖြည့်ခဲ့ပေမယ့် မက်ဆီ နဲ့ အတွဲမမိခဲ့ပါဘူး။

တကယ်တော့ ဒီကစားသမား ၃ ယောက်စလုံးဟာ ဒေါ့မန်၊ လီဗာပူးနဲ့ အက်သလက်တီကိုတို့မှာ ခြေစွမ်းပြအားထားနေရတဲ့ အဓိက ကစားသမားတွေဖြစ်ခဲ့ပေမယ့် ဘာစီလိုနာရောက်မှ သူတို့ရဲ့ခြေစွမ်းဟာ မယုံနိုင် လောက်အောင် ကျဆင်းသွားတာမျိုးတွေကြုံခဲ့ရတာပါ။

အန်ဇူးက “မက်ဆီဟာ ထိပ်တန်းအဆင့်မှာအမြဲရှိနေစေတာက သူ့ရဲ့ပြင်းပြတဲ့ရည်မှန်းချက်တွေပါ။ သူ ဟာ အသင်းကဘောလုံးသမားတွေ၊ ကာယနည်းပြတွေနဲ့ လက်ထောက်တွေက အစ အားလုံးကိုရည်မှန်းချက်ကြီးကြီးမားမားထားဖို့ အမြဲတွန်းအားပေးတောင်းဆို လေ့ရှိပါတယ်။ ဒီတောင်းဆိုမှုကနေ ပါလာတဲ့ဖိအားတွေကိုမခံနိုင်တဲ့ ကစားသမား တွေက ခြေကျသလိုဖြစ်သွားတာပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

မက်ဆီဟာ လက်ရှိမှာ ဘုတ်အဖွဲ့ရဲ့စီမံခန့်ခွဲမှုအပေါ် စိတ်ပျက်နေပြီး ပြီးခဲ့တဲ့နွေရာသီဈေးကွက်မှာကတည်းက အသင်းက ထွက်ခွာခွင့်တောင်းခဲ့ပေ မယ့် အဆင်မပြေဖြစ်ခဲ့ပြီး ဇန်နဝါရီမှာ အသင်းသစ်တစ်သင်းသင်းနဲ့ ဆွေးနွေးဖို့ ပြင်ဆင်ထားတဲ့သူလည်း ဖြစ်ပါတယ်။

မက်ဆီရဲ့စာချုပ်သက်တမ်းဟာ လာမယ့် နွေရာသီမှာပြည့်မှာဖြစ်ပြီး ဇန်နဝါရီဈေးကွက်မှာ မရောင်းချဖြစ်ခဲ့ရင် ဘာစီလိုနာ ဟာ မက်ဆီအတွက် တစ်ပြားမှရမှာမဟုတ်တော့ပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ရည္မွန္းခ်က္ႀကီးၿပီး တြန္းအားေပးတဲ့ မက္ဆီေၾကာင့္ ကစားသမားသစ္ေတြ ဖိအားမခံႏိုင္ဘဲ ရုန္းကန္ေနရတာပါ – အန္ဇူး(ဘာစီလုိနာလက္ေထာက္နည္းျပေဟာင္း)

အက္သလက္တီကိုအသင္းမွာ စတားတစ္ေယာက္ျဖစ္ခဲ့တဲ့ ဂရစ္ဇ္မန္းဟာ ဘာစီလိုနာကိုေရာက္တဲ့အခ်ိန္မွာ ေျခစြမ္းမျပႏိုင္ဘဲ ရုန္းကန္ေနခဲ့ရတာဟာ မက္ဆီရဲ႕ေလာင္းရိပ္မိတဲ့အေနအထားေၾကာင့္ျဖစ္တဲ့အျပင္ မက္ဆီရဲ႕ဖိအားဒဏ္ ကို မခံႏိုင္တာေၾကာင့္လည္းျဖစ္တယ္လို႔ နည္းျပအင္းနရစ္နဲ႔အတူ လက္တြဲခဲ့ဖူးတဲ့ ဘာစီလိုနာလက္ေထာက္နည္းျပ ဟြမ္ကားလို႔စ္အန္ဇူးက ေျပာၾကားသြားခဲ့ပါ တယ္။

အန္ဇူးဟာ အင္းနရစ္ ဘာစီလိုနာကိုကိုင္တြယ္ခဲ့တဲ့အခ်ိန္တုန္းက လက္ ေထာက္အျဖစ္ ေဘာလံုးရာသီ ၃ ရာသီ လုပ္ကိုင္ခဲ့ဖူးၿပီး လာလီဂါဖလား ၂ ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား တစ္ႀကိမ္နဲ႔ ကိုပါဒယ္ေရး ၂ ႀကိမ္ ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့ ပါတယ္။ အဲဒီအခ်ိန္တုန္းက ဘာစီလိုနာရဲ႕အင္ပါယာဟာ အေတာက္ပဆံုးအခ်ိန္ လို႔ဆုိႏိုင္ၿပီး ကြင္းလယ္မွာ ဇာဗီ၊ အင္နီေယစတာအတြဲ ေျခစြမ္းျပေနတာလည္း ျဖစ္ပါတယ္။ ေရွ႕တန္းမွာ ေနမာ ထြက္ခြာသြားၿပီး ဘာစီလိုနာရဲ႕အေနအထားက အက်ဘက္ကိုစေရာက္လာခဲ့တယ္လို႔ ဆိုႏိုင္တာပါ။

မက္ဆီဟာ ဘာစီလိုနာ အတြက္ အၿမဲတမ္းႀကိဳးစားကစားေပမယ့္ အျခားအသင္းသားေတြနဲ႔ အတြဲအဖက္ ခ်ိတ္ဆက္မႈအားနည္းခဲ့တာေတြရွိခဲ့ၿပီး အဓိကၿပိဳင္ပြဲတခ်ဳိ႕မွာ ရလဒ္မေကာင္းခဲ့ တာေတြ ရွိလာခဲ့တာပါ။ ဘာစီလိုနာဟာ ေနမာကို ေရာင္းခ်ခဲ့ၿပီး ဒမ္ဘီလီ၊ ေကာ္ တင္ဟိုနဲ႔ ဂရစ္ဇ္မန္းတို႔လိုကစားသမားေကာင္းေတြကို ျပန္ျဖည့္ခဲ့ေပမယ့္ မက္ဆီ နဲ႔ အတြဲမမိခဲ့ပါဘူး။ တကယ္ေတာ့ ဒီကစားသမား ၃ ေယာက္စလံုးဟာ ေဒါ့မန္၊ လီဗာပူးနဲ႔ အက္သလက္တီကိုတို႔မွာ ေျခစြမ္းျပအားထားေနရတဲ့ အဓိက ကစားသမားေတြျဖစ္ခဲ့ေပမယ့္ ဘာစီလိုနာေရာက္မွ သူတို႔ရဲ႕ေျခစြမ္းဟာ မယံုႏိုင္ ေလာက္ေအာင္ က်ဆင္းသြားတာမ်ဳိးေတြႀကံဳခဲ့ရတာပါ။

အန္ဇူးက “မက္ဆီဟာ ထိပ္တန္းအဆင့္မွာအၿမဲရွိေနေစတာက သူ႕ရဲ႕ျပင္းျပတဲ့ရည္မွန္းခ်က္ေတြပါ။ သူ ဟာ အသင္းကေဘာလံုးသမားေတြ၊ ကာယနည္းျပေတြနဲ႔ လက္ေထာက္ေတြက အစ အားလံုးကိုရည္မွန္းခ်က္ႀကီးႀကီးမားမားထားဖို႔ အၿမဲတြန္းအားေပးေတာင္းဆို ေလ့ရွိပါတယ္။ ဒီေတာင္းဆိုမႈကေန ပါလာတဲ့ဖိအားေတြကိုမခံႏိုင္တဲ့ ကစားသမား ေတြက ေျခက်သလိုျဖစ္သြားတာပါပဲ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။ မက္ဆီဟာ လက္ရွိမွာ ဘုတ္အဖြဲ႕ရဲ႕စီမံခန္႔ခြဲမႈအေပၚ စိတ္ပ်က္ေနၿပီး ၿပီးခဲ့တဲ့ေႏြရာသီေစ်းကြက္မွာကတည္းက အသင္းက ထြက္ခြာခြင့္ေတာင္းခဲ့ေပ မယ့္ အဆင္မေျပျဖစ္ခဲ့ၿပီး ဇန္န၀ါရီမွာ အသင္းသစ္တစ္သင္းသင္းနဲ႔ ေဆြးေႏြးဖို႔ ျပင္ဆင္ထားတဲ့သူလည္း ျဖစ္ပါတယ္။ မက္ဆီရဲ႕စာခ်ဳပ္သက္တမ္းဟာ လာမယ့္ ေႏြရာသီမွာျပည့္မွာျဖစ္ၿပီး ဇန္န၀ါရီေစ်းကြက္မွာ မေရာင္းခ်ျဖစ္ခဲ့ရင္ ဘာစီလိုနာ ဟာ မက္ဆီအတြက္ တစ္ျပားမွရမွာမဟုတ္ေတာ့ပါဘူး။