
မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေက အသင်းယာယီနည်းပြ
ရန်နစ်ခ်အနေနဲ့ အခုဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း
ကစားသမားသစ်ခေါ်ယူလိုတယ်ဆိုရင် အားပေးထောက်ပံ့သွားမှာ
ဖြစ်တယ်လို့ အာမခံချက်ပေးခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဇန်နဝါရီကာလအတွင်း ကွင်းလယ်လူတစ်ဦးခေါ်မယ်လို့
သတင်းတွေမျိုးစုံထွက်နေပေမယ့် ရန်နစ်ခ်ကတော့
ဘာမှတရားဝင်လှုပ်ရှားမှုမရှိသလို ကစားသမားသစ်ခေါ်ချင်မှ
ခေါ်မယ်လို့ မကြာသေးခင်က ပြောကြားခဲ့ဖူးပါတယ်။
ဒါပေမဲ့ ယူနိုက်တက်အသင်းရဲ့လက်ရှိကွင်းလယ်အစုအဖွဲ့အရ
ကွင်းလယ်လူတစ်ယောက်ကို ရန်နစ်ခ် မဖြစ်မနေခေါ်ယူရမှာဖြစ်ပြီး
လိုက်ပ်ဇစ်ကွင်းလယ်လူဟိုင်ဒါရာကို ပေါင်(၃၃)သန်းနဲ့
ကမ်းလှမ်းသွားဖို့ရှိနေတယ်လို့ သတင်းထွက်နေပါတယ်။
ဒ့ါအပြင် တခြားကွင်းလယ်လူတွေဖြစ်တဲ့ မာဆေးလ်ကစားသမားကာမာရာ၊
ဝက်စ်ဟမ်းက ပေါင်သန်း(၁၀၀)တန်ကစားသမား
ဒီကလန်ရိုက်စ် အေစီမီလန်ကွင်းလယ်လူကက်ဆီး၊
အင်တာမီလန်အသင်းရဲ့ ခရိုအေးရှားဝါရင့်ကစားသမား
ဘရိုဇိုဗစ်တို့ကိုလည်း ပစ်မှတ်ထားနေပါတယ်။
တကယ်လို့ ရန်နစ်ခ်သာ ကစားသမားသစ်ခေါ်ယူချင်တယ်ဆိုရင်
ယူနိုက်တက်ဘုတ်အဖွဲ့က လိုအပ်တဲ့ပြောင်းရွှေ့ကြေးကို
ပေးသွားဖို့လည်းရှိနေပါတယ်။
zawgyi
ရန်နစ်ခ်ကို လူဝယ်ချင်ရင် ဝယ်ယူခွင့်ပြုထားတဲ့ ယူနိုက်တက်