
မန်ချက်စတာစတားနှစ်ဦးတို့ဟာယူနိုက်တက်နည်းပြအဖြစ်ရေးဖ်ရန်နစ်ခ်
ရောက်လာမှုနဲ့အတူဇန်နဝါရီအပြောင်းအရွှေ့တွင်အသင်းပြောင်းရေးစီစဉ်ထားမှုအပေါ်
ဆိုင်းငံ့ထားလိုက်ကြောင်းသိရပါတယ်။
အသက်၆၃နှစ်ရှိဂျာမန်လူမျိုးနည်းပြဟာအိုးထရက်ဖို့ဒ်သို့
ရာသီအကုန်အထိစာချုပ်ဖြင့်ရောက်လာပါမယ်။
သူဟာယာယီနည်းပြအဖြစ်တာဝန်ထမ်းဆောင်ပြီးချိန်တွင်အိုးထရက်ဖို့ဒ်တွင်
အကြံပေးအဖြစ်၂နှစ်ဆက်လက်ထမ်းဆောင်သွားဦးမှာလည်းဖြစ်ပါတယ်။
ရန်နစ်ခ်အားနည်းပြအဖြစ်ခန့်အပ်လိုက်မှုအပေါ်ယူနိုက်တက်ပရိသတ်များ
အကြီးအကျယ်စိတ်လှုပ်ရှားသလိုကစားသမားများမှာလည်းစိတ်လှုပ်ရှားနေကြပါတယ်။
အထူးသဖြင့်ဆိုးလ်ရှားလက်ထက်တုန်းကနေရာပျောက်ခဲ့ကြတဲ့
ဒွန်နီဗန်ဒီဘိခ်နှင့်နှင့်အန်တိုနီမာရှယ်တို့ဟာအစောပိုင်းတုန်းက
ဇန်နဝါရီတွင်အိုးထရက်ဖို့ဒ်မှထွက်ခွာရန်စီစဉ်ထားခဲ့ကြပေမယ့်
နည်းပြသစ်ရောက်လာမှုကြောင့်အစီအစဉ်ကိုဆိုင်းငံ့ထားလိုက်ကြပါတယ်။
ESPN ရဲ့ဖော်ပြချက်အရဗန်ဒီဘိခ်နှင့်မာရှယ်တို့ဟာဆိုးလ်ရှားလက်အောက်တွင်
နေရာမရမှုကြောင့်ဇန်နဝါရီတွင်ထွက်ခွာရန်ဆုံးဖြတ်ထားခဲ့ကြောင်း၊
သို့ရာတွင်နည်းပြသစ်ရန်နစ်ခ်ရောက်လာတော့မှာဖြစ်လို့၎င်းတို့အတွက်
အခွင့်အရေးရရှိလာနိုင်မှုနဲ့အတူအစီအစဉ်ကိုဆိုင်းငံ့လိုက်ကြောင်းသိရပါတယ်။
လက်ရှိယူနိုက်တက်ယာယီနည်းပြမိုက်ကယ်ကာရစ်ဟာဒတ်ချ်ကွင်းလယ်ကစားသမား
ဗန်ဒီဘိခ်ကိုကြားရက်တုန်းကဗီလာရီးရဲလ်ကို၂-ဝဖြင့်အနိုင်ရရှိတဲ့ပွဲမှာ
ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။အသက်၄၀နှစ်ရှိနည်းပြဟာဆိုးလ်ရှားထွက်ခွာသွားပြီးနောက်
အသင်းရှိကစားသမားများပျော်ရွှင်လာစေရန်အတွက်
အခွင့်အရေးပေးရန်ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။
ယခုအခါဗန်ဒီဘိခ်နှင့်မာရှယ်တို့ဟာလာမယ့်ခြောက်လအတွင်း နည်းပြသစ်
ရန်နစ်ခ်လက်အောက်တွင်မည်သို့ဖြစ်လာမယ်ဆိုတာစောင့်ကြည့်ပြီးမှ
နွေရာသီတွင်အနာဂတ်ကိုဆုံးဖြတ်သွားကြတော့မှာဖြစ်ပါတယ်။
zawgyi
ရန္နစ္ခ္ေရာက္လာမႈနဲ႔အတူ အသင္းေျပာင္းေရးစီစဥ္ထားမႈအေပၚ ဆိုင္းငံ့ထားတဲ့ ယူႏိုက္တက္စတားႏွစ္ဦး
မန္ခ်က္စတာစတားႏွစ္ဦးတို႔ဟာယူႏိုက္တက္နည္းျပအျဖစ္ေရးဖ္ရန္နစ္ခ္
ေရာက္လာမႈနဲ႔အတူဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္အသင္းေျပာင္းေရးစီစဥ္ထားမႈအေပၚ
ဆိုင္းငံ့ထားလိုက္ေၾကာင္းသိရပါတယ္။
အသက္၆၃ႏွစ္ရွိဂ်ာမန္လူမ်ိဳးနည္းျပဟာအိုးထရက္ဖို႔ဒ္သို႔
ရာသီအကုန္အထိစာခ်ဳပ္ျဖင့္ေရာက္လာပါမယ္။
သူဟာယာယီနည္းျပအျဖစ္တာဝန္ထမ္းေဆာင္ၿပီးခ်ိန္တြင္အိုးထရက္ဖို႔ဒ္တြင္
အႀကံေပးအျဖစ္၂ႏွစ္ဆက္လက္ထမ္းေဆာင္သြားဦးမွာလည္းျဖစ္ပါတယ္။
ရန္နစ္ခ္အားနည္းျပအျဖစ္ခန႔္အပ္လိုက္မႈအေပၚယူႏိုက္တက္ပရိသတ္မ်ာ
းအႀကီးအက်ယ္စိတ္လႈပ္ရွားသလိုကစားသမားမ်ားမွာလည္းစိတ္လႈပ္ရွားေနၾကပါတယ္။
အထူးသျဖင့္ဆိုးလ္ရွားလက္ထက္တုန္းကေနရာေပ်ာက္ခဲ့ၾကတဲ့
ဒြန္နီဗန္ဒီဘိခ္ႏွင့္ႏွင့္အန္တိုနီမာရွယ္တို႔ဟာအေစာပိုင္းတုန္းက
ဇန္နဝါရီတြင္အိုးထရက္ဖို႔ဒ္မွထြက္ခြာရန္စီစဥ္ထားခဲ့ၾကေပမယ့္
နည္းျပသစ္ေရာက္လာမႈေၾကာင့္အစီအစဥ္ကိုဆိုင္းငံ့ထားလိုက္ၾကပါတယ္။
ESPN ရဲ႕ေဖာ္ျပခ်က္အရဗန္ဒီဘိခ္ႏွင့္မာရွယ္တို႔ဟာဆိုးလ္ရွားလက္ေအာက္တြင္
ေနရာမရမႈေၾကာင့္ဇန္နဝါရီတြင္ထြက္ခြာရန္ဆုံးျဖတ္ထားခဲ့ေၾကာင္း၊
သို႔ရာတြင္နည္းျပသစ္ရန္နစ္ခ္ေရာက္လာေတာ့မွာျဖစ္လို႔၎တို႔အတြက္
အခြင့္အေရးရရွိလာႏိုင္မႈနဲ႔အတူအစီအစဥ္ကိုဆိုင္းငံ့လိုက္ေၾကာင္းသိရပါတယ္။
လက္ရွိယူႏိုက္တက္ယာယီနည္းျပမိုက္ကယ္ကာရစ္ဟာဒတ္ခ်္ကြင္းလယ္ကစားသမား
ဗန္ဒီဘိခ္ကိုၾကားရက္တုန္းကဗီလာရီးရဲလ္ကို၂-ဝျဖင့္အႏိုင္ရရွိတဲ့ပြဲမွ
ာပြဲထြက္ခြင့္ေပးခဲ့ပါတယ္။အသက္၄၀ႏွစ္ရွိနည္းျပဟာဆိုးလ္ရွားထြက္ခြာသြားၿပီးေနာက္
အသင္းရွိကစားသမားမ်ားေပ်ာ္႐ႊင္လာေစရန္အတြက္
အခြင့္အေရးေပးရန္ဆုံးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။
ယခုအခါဗန္ဒီဘိခ္ႏွင့္မာရွယ္တို႔ဟာလာမယ့္ေျခာက္လအတြင္း နည္းျပသစ္
ရန္နစ္ခ္လက္ေအာက္တြင္မည္သို႔ျဖစ္လာမယ္ဆိုတာေစာင့္ၾကည့္ၿပီးမွ
ေႏြရာသီတြင္အနာဂတ္ကိုဆုံးျဖတ္သြားၾကေတာ့မွာျဖစ္ပါတယ္။