ရန်နစ်ခ်ဟာ ယူနိုက်တက်နည်းပြတာဝန်ယူလိုက်မှုနဲ့အတူ လုပ်ခနှစ်ဆမြင့်မားစွာရရှိ

ရေးဖ်ရန်နစ်ခ်ဟာမန်ချက်စတာယူနိုက်တက်နည်းပြတာဝန်ယူလိုက်မှုနဲ့အတူ

လုပ်ခနှစ်ဆမြင့်မားစွာရရှိလာခဲ့ကြောင်းသိရပါတယ်။

အသက်၆၃နှစ်ရှိဂျာမန်လူမျိုးနည်းပြဟာလိုကိုမိုးတစ်မော်စကိုရဲ့

အားကစားနှင့်ဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲရာထူးမှနုတ်ထွက်ကာ

ယူနိုက်တက်ယာယီနည်းပြတာဝန်ကိုရယူလာခဲ့တာဖြစ်ပါတယ်။

ရန်နစ်ခ်ဟာဇူလိုင်လတုန်းကမှရုရှားကလပ်သို့တစ်နှစ်လုပ်ခ

ပေါင်၃.၈သန်းဖြင့်ရုရှားကလပ်သို့သုံးနှစ်စာချုပ်ဖြင့်ရောက်လာခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် Daily Star ရဲ့ဖော်ပြချက်အရရန်နစ်ခ်ဟာမန်ချက်စတာယူနိုက်တက်တွင်

တစ်နှစ်လုပ်ခပေါင်၈သန်းအထိရရှိလာမှာဖြစ်ကြောင်းသိရပါတယ်။

သူဟာယခင်ယူနိုက်တက်နည်းပြအိုလီဂန်းနားဆိုးလ်ရှားထက်

လုပ်ခပိုပြီးတော့ရရှိလာပါမယ်။ဆိုးလ်ရှားဟာဇူလိုင်လတုန်းကစာချုပ်သစ်ကြောင့်

ယူနိုက်တက်တွင်တစ်နှစ်လုပ်ခပေါင်၇.၅သန်းရရှိလာခဲ့ပါတယ်။

ရန်နစ်ခ်ဟာယခင်ကလပ်မှာထက်လုပ်ခနှစ်ဆကျော်များပြီးရရှိလာတဲ့အပြင်

ယခင်နည်းပြဆိုးလ်ရှားထက်လုပ်ခပိုရလာတယ်ဆိုပေမယ့်ပရီးမီးယားလိဂ်ရဲ့

လုပ်ခအများဆုံးနည်းပြတော့မဟုတ်ပါဘူး။လက်ရှိအချိန်တွင်ပရီးမီးယားလိဂ်ရဲ့

လုပ်ခအများဆုံးနည်းပြအဖြစ်မန်စီးတီးနည်းပြဂွါဒီယိုလာကတစ်နှစ်လုပ်ခ

ပေါင်သန်း၂၀ဖြင့်ရပ်တည်နေပါတယ်။ပရီးမီးယားလိဂ်ရဲ့ဒုတိယနှင့်

တတိယလုပ်ခအများဆုံးအဖြစ်ကွန်တီနှင့်ကလော့ပ်က

တစ်နှစ်လုပ်ခပေါင်၁၅သန်းဖြင့်ရပ်တည်နေကြပါတယ်။

၎င်းတို့နောက်တွင်ဘရန်ဒန်ရော်ဂျာကတစ်နှစ်လုပ်ခပေါင်၁၀သန်းဖြင့်လည်းကောင်း၊

ဘီရဲလ်ဆာကပေါင်၈သန်းဖြင့်လည်းကောင်းရပ်တည်နေပါတယ်။

ရန်နစ်ခ်ဟာမန်ချက်စတာယူနိုက်တက်ယာယီနည်းပြအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပေမယ့်

ဗီဇာနှင့်ကိုဗစ်ကန့်သတ်ချက်များကြောင့်ကြာသပတေးနေ့

အာဆင်နယ်နှင့်ပွဲကိုကိုင်တွယ်နိုင်ဦးမှာမဟုတ်သေးပါဘူး။

zawgyi

ရန္နစ္ခ္ဟာ ယူႏိုက္တက္နည္းျပတာဝန္ယူလိုက္မႈနဲ႔အတူ လုပ္ခႏွစ္ဆျမင့္မားစြာရရွိ

ေရးဖ္ရန္နစ္ခ္ဟာမန္ခ်က္စတာယူႏိုက္တက္နည္းျပတာဝန္ယူလိုက္မႈနဲ႔အတူ

လုပ္ခႏွစ္ဆျမင့္မားစြာရရွိလာခဲ့ေၾကာင္းသိရပါတယ္။

အသက္၆၃ႏွစ္ရွိဂ်ာမန္လူမ်ိဳးနည္းျပဟာလိုကိုမိုးတစ္ေမာ္စကိုရဲ႕အ

ားကစားႏွင့္ဖြံ႕ၿဖိဳးတိုးတက္ေရးအႀကီးအကဲရာထူးမွႏုတ္ထြက္ကာ

ယူႏိုက္တက္ယာယီနည္းျပတာဝန္ကိုရယူလာခဲ့တာျဖစ္ပါတယ္။

ရန္နစ္ခ္ဟာဇူလိုင္လတုန္းကမွ႐ုရွားကလပ္သို႔တစ္ႏွစ္လုပ္ခ

ေပါင္၃.၈သန္းျဖင့္႐ုရွားကလပ္သို႔သုံးႏွစ္စာခ်ဳပ္ျဖင့္ေရာက္လာခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္ Daily Star ရဲ႕ေဖာ္ျပခ်က္အရရန္နစ္ခ္ဟာမန္ခ်က္စတာယူႏိုက္တက္တြင္

တစ္ႏွစ္လုပ္ခေပါင္၈သန္းအထိရရွိလာမွာျဖစ္ေၾကာင္းသိရပါတယ္။

သူဟာယခင္ယူႏိုက္တက္နည္းျပအိုလီဂန္းနားဆိုးလ္ရွားထက္

လုပ္ခပိုၿပီးေတာ့ရရွိလာပါမယ္။ဆိုးလ္ရွားဟာဇူလိုင္လတုန္းကစာခ်ဳပ္သစ္ေၾကာင့္

ယူႏိုက္တက္တြင္တစ္ႏွစ္လုပ္ခေပါင္၇.၅သန္းရရွိလာခဲ့ပါတယ္။

ရန္နစ္ခ္ဟာယခင္ကလပ္မွာထက္လုပ္ခႏွစ္ဆေက်ာ္မ်ားၿပီးရရွိလာတဲ့အျပင္

ယခင္နည္းျပဆိုးလ္ရွားထက္လုပ္ခပိုရလာတယ္ဆိုေပမယ့္ပရီးမီးယားလိဂ္ရဲ႕

လုပ္ခအမ်ားဆုံးနည္းျပေတာ့မဟုတ္ပါဘူး။လက္ရွိအခ်ိန္တြင္ပရီးမီးယားလိဂ္ရဲ႕

လုပ္ခအမ်ားဆုံးနည္းျပအျဖစ္မန္စီးတီးနည္းျပဂြါဒီယိုလာကတစ္ႏွစ္လုပ္ခ

ေပါင္သန္း၂၀ျဖင့္ရပ္တည္ေနပါတယ္။ပရီးမီးယားလိဂ္ရဲ႕ဒုတိယႏွင့္

တတိယလုပ္ခအမ်ားဆုံးအျဖစ္ကြန္တီႏွင့္ကေလာ့ပ္က

တစ္ႏွစ္လုပ္ခေပါင္၁၅သန္းျဖင့္ရပ္တည္ေနၾကပါတယ္။

၎တို႔ေနာက္တြင္ဘရန္ဒန္ေရာ္ဂ်ာကတစ္ႏွစ္လုပ္ခေပါင္၁၀သန္းျဖင့္လည္းေကာင္း၊

ဘီရဲလ္ဆာကေပါင္၈သန္းျဖင့္လည္းေကာင္းရပ္တည္ေနပါတယ္။

ရန္နစ္ခ္ဟာမန္ခ်က္စတာယူႏိုက္တက္ယာယီနည္းျပအျဖစ္ခန႔္အပ္ျခင္းခံခဲ့ရေပမယ့္

ဗီဇာႏွင့္ကိုဗစ္ကန႔္သတ္ခ်က္မ်ားေၾကာင့္ၾကာသပေတးေန႔

အာဆင္နယ္ႏွင့္ပြဲကိုကိုင္တြယ္ႏိုင္ဦးမွာမဟုတ္ေသးပါဘူး။