ရန်နစ်ခ်အား နည်းပြအဖြစ်ခန့်အပ်လိုက်မှုမှာ အခြားအသင်းများအတွက်သတင်းကောင်းမဟုတ်ကြောင်း ကလော့ပ် ပြောကြား

ဂျာဂင်ကလော့ပ်ကယူနိုက်တက်နည်းပြအဖြစ်ရေးဖ်ရန်နစ်ခ်အား

ခန့်အပ်လိုက်မှုမှာအခြားအသင်းများအတွက်သတင်းကောင်းမဟုတ်ကြောင်း

ပြောကြားလာပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာဆိုးလ်ရှားနေရာတွင်

ဂျာမန်လူမျိုးနည်းပြရေးဖ်ရန်နစ်ခ်အားရာသီအကုန်အထိယာယီနည်းပြအဖြစ်

ခန့်အပ်လိုက်ပါတယ်။ အသက်၆၃နှစ်ရှိရေးဖ်ရန်နစ်ခ်ဟာမန်ယူတွင်

ခြောက်လကြာယာယီနည်းပြအဖြစ်ကိုင်တွယ်ပြီးပါကအကြံပေးအဖြစ်

နောက်ထပ်၂ နှစ်စာချုပ်ချုပ်ဆိုနိုင်ပါသေးတယ်။

ဝါရင့်နည်းပြဟာ Gegenpressing စတိုင်ကိုတီထွင်သူများထဲမှတစ်ဦးဖြစ်ပြီး

ကလော့ပ်ရဲ့နည်းဗျူဟာအပေါ်များစွာလွှမ်းမိုးသူလည်းဖြစ်ပါတယ်။

ကလော့ပ်ဟာရန်နစ်ခ်ရဲ့စီမံခန့်ခွဲမှုစတိုင်ကိုချီးကျူးလိုက်ပြီးယူနိုက်တက်မှာ

ယခင်ကထက်ပိုမိုကျစ်လစ်လာမည်ဖြစ်ကြောင်းပြောကြားလာပါတယ်။

ကလော့ပ်က “အတည်မပြုသေးတာနဲ့ပတ်သက်ပြီးပြောလေ့မရှိကြပါဘူး။

ဒါပေမယ့်ကံဆိုးစွာဘဲနည်းပြကောင်းတစ်ဦးဟာမန်ချက်စတာယူနိုက်တက်သို့

လာနေပါပြီ။သူဟာဂျာမနီမှာအရေးပါတဲ့အရာနှစ်ခုကိုတည်ဆောက်ခဲ့တယ်။

သူ့မှာအတွေ့အကြုံအများကြီးရှိတယ်။ယူနိုက်တက်ဟာအရမ်းစုစည်းမှု

ကောင်းလာပါမယ်”လို့ပြောကြားသွားပါတယ်။

ဆက်လက်ပြီးကလော့ပ်က “သူဟာဟော်ဖန်ဟမ်းနဲ့လိုက်ဇစ်ကို

တည်ဆောက်ခဲ့တယ်။သူ့ရဲ့ဦးစားပေးအလုပ်ချင်ဆုံးကနည်းပြတစ်ဦးအဖြစ်

လုပ်ဆောင်ရေးပါ။ဒါကသူ့ကျွမ်းကျင်မှုလည်းဖြစ်တယ်။

သူဟာနည်းပြအကြားမှာအထင်ကြီးလေးစားခံရသူလည်းဖြစ်ပါတယ်။

နည်းပြအဖြစ်သူဟာတကယ့်ကိုကြီးကျယ်ခမ်းနားတာတွေလုပ်ပြခဲ့တယ်။

ဂျာမနီကဘောလုံးကမ္ဘာမှာသူကအရမ်းကိုစံနမူယူစရာနည်းပြ

တစ်ဦးဖြစ်ပါတယ်”လို့ပြောကြားသွားပါတယ်။

လက်ရှိအချိန်တွင်ယူနိုက်တက်ယာယီနည်းပြအဖြစ်မိုက်ကယ်ကာရစ်

ကိုင်တွယ်နေပြီးပထမဆုံးကိုင်တွယ်တဲ့ဗီလာရီးရဲလ်နှင့်ပွဲမှာ၂-ဝဂိုးဖြင့်

အနိုင်ရရှိခဲ့ပါတယ်။သူဟာတနင်္ဂနွေနေ့မှာချဲလ်ဆီးနှင့်ကစားမယ့်

ပွဲကိုလည်းကိုင်တွယ်သွားပါဦးမယ်။

ရေးဖ်ရန်နစ်ခ်ဟာမန်ချက်စတာသို့ရောက်ရှိနေပြီဖြစ်ပြီးအလုပ်လုပ်ခွင့်

ပါမစ်ရရှိပြီးပါကမန်ချက်စတာယူနိုက်တက်နည်းပြအဖြစ်တာဝန်ကြေညာသွားပါမယ်။

zawgyi

ရန္နစ္ခ္အား နည္းျပအျဖစ္ခန႔္အပ္လိုက္မႈမွာ အျခားအသင္းမ်ားအတြက္သတင္းေကာင္းမဟုတ္ေၾကာင္း ကေလာ့ပ္

ေျပာၾကား

ဂ်ာဂင္ကေလာ့ပ္ကယူႏိုက္တက္နည္းျပအျဖစ္ေရးဖ္ရန္နစ္ခ္အား

ခန႔္အပ္လိုက္မႈမွာအျခားအသင္းမ်ားအတြက္သတင္းေကာင္းမဟုတ္ေၾကာင္း

ေျပာၾကားလာပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဟာဆိုးလ္ရွားေနရာတြင္

ဂ်ာမန္လူမ်ိဳးနည္းျပေရးဖ္ရန္နစ္ခ္အားရာသီအကုန္အထိယာယီနည္းျပအျဖစ္

ခန႔္အပ္လိုက္ပါတယ္။ အသက္၆၃ႏွစ္ရွိေရးဖ္ရန္နစ္ခ္ဟာမန္ယူတြင္

ေျခာက္လၾကာယာယီနည္းျပအျဖစ္ကိုင္တြယ္ၿပီးပါကအႀကံေပးအျဖစ္

ေနာက္ထပ္၂ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ပါေသးတယ္။

ဝါရင့္နည္းျပဟာ Gegenpressing စတိုင္ကိုတီထြင္သူမ်ားထဲမွတစ္ဦးျဖစ္ၿပီး

ကေလာ့ပ္ရဲ႕နည္းဗ်ဴဟာအေပၚမ်ားစြာလႊမ္းမိုးသူလည္းျဖစ္ပါတယ္။

ကေလာ့ပ္ဟာရန္နစ္ခ္ရဲ႕စီမံခန႔္ခြဲမႈစတိုင္ကိုခ်ီးက်ဴးလိုက္ၿပီးယူႏိုက္တက္မွာ

ယခင္ကထက္ပိုမိုက်စ္လစ္လာမည္ျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

ကေလာ့ပ္က “အတည္မျပဳေသးတာနဲ႔ပတ္သက္ၿပီးေျပာေလ့မရွိၾကပါဘူး။

ဒါေပမယ့္ကံဆိုးစြာဘဲနည္းျပေကာင္းတစ္ဦးဟာမန္ခ်က္စတာယူႏိုက္တက္သို႔

လာေနပါၿပီ။သူဟာဂ်ာမနီမွာအေရးပါတဲ့အရာႏွစ္ခုကိုတည္ေဆာက္ခဲ့တယ္။

သူ႔မွာအေတြ႕အႀကဳံအမ်ားႀကီးရွိတယ္။ယူႏိုက္တက္ဟာအရမ္းစုစည္းမႈ

ေကာင္းလာပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဆက္လက္ၿပီးကေလာ့ပ္က “သူဟာေဟာ္ဖန္ဟမ္းနဲ႔လိုက္ဇစ္ကို

တည္ေဆာက္ခဲ့တယ္။သူ႔ရဲ႕ဦးစားေပးအလုပ္ခ်င္ဆုံးကနည္းျပတစ္ဦးအျဖစ္

လုပ္ေဆာင္ေရးပါ။ဒါကသူ႔ကြၽမ္းက်င္မႈလည္းျဖစ္တယ္။

သူဟာနည္းျပအၾကားမွာအထင္ႀကီးေလးစားခံရသူလည္းျဖစ္ပါတယ္။

နည္းျပအျဖစ္သူဟာတကယ့္ကိုႀကီးက်ယ္ခမ္းနားတာေတြလုပ္ျပခဲ့တယ္။

ဂ်ာမနီကေဘာလုံးကမာၻမွာသူကအရမ္းကိုစံနမူယူစရာနည္းျပ

တစ္ဦးျဖစ္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

လက္ရွိအခ်ိန္တြင္ယူႏိုက္တက္ယာယီနည္းျပအျဖစ္မိုက္ကယ္ကာရစ္

ကိုင္တြယ္ေနၿပီးပထမဆုံးကိုင္တြယ္တဲ့ဗီလာရီးရဲလ္ႏွင့္ပြဲမွာ၂-ဝဂိုးျဖင့္

အႏိုင္ရရွိခဲ့ပါတယ္။သူဟာတနဂၤေႏြေန႔မွာခ်ဲလ္ဆီးႏွင့္ကစားမယ့္

ပြဲကိုလည္းကိုင္တြယ္သြားပါဦးမယ္။

ေရးဖ္ရန္နစ္ခ္ဟာမန္ခ်က္စတာသို႔ေရာက္ရွိေနၿပီျဖစ္ၿပီးအလုပ္လုပ္ခြင့္

ပါမစ္ရရွိၿပီးပါကမန္ခ်က္စတာယူႏိုက္တက္နည္းျပအျဖစ္တာဝန္ေၾကညာသြားပါမယ္။