ရန်နစ်ခ် ပေါင် ၈ သန်းရဖို့ ဟာလန်းပေါ်မူတည်တယ်

ရေးဖ်ရန်နစ်ခ်ဟာဒေါ့မွန်တိုက်စစ်မှူးအာလင်းဟာလန်းကိုအိုးထရက်ဖို့ဒ်သို့

ခေါ်ဆောင်ပေးနိုင်ပါကအပိုဆုကြေးပေါင်၈သန်းရရှိလာမှာဖြစ်ကြောင်းသိရပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ၂၀၂၀ခုနှစ်၊ဇန်နဝါရီကတည်းကယူနိုက်တက်ရဲ့

ပစ်မှတ်ထားခြင်းခံခဲ့ရသူဖြစ်ပြီးယူနိုက်တက်ကိုငြင်းပယ်ကာဒေါ့မွန်ကို

ရွေးချယ်ခဲ့သူဖြစ်ပါတယ်။ဟာလန်းဟာဒေါ့မွန်သို့ရောက်လာပြီးနောက်

ပွဲ၇၀ကစားထားရာမှာ၇၁ဂိုးအထိသွင်းယူထားနိုင်ပြီးသူ့ကိုရီးရဲလ်မက်ဒရစ်၊

ဘာစီလိုနာ၊မန်စီးတီး၊ဘိုင်ယန်မြူးနစ်နှင့်ယူနိုက်တက်တို့ကခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။

ယူနိုက်တက်ယာယီနည်းပြဖြစ်လာတဲ့ရန်နစ်ခ်ဟာဆဲလ်ဘတ်နှင့်

လိုက်ဇစ်တို့ရဲ့ဘောလုံးဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

Bild ရဲ့ဖော်ပြချက်အရယူနိုက်တက်ရဲ့ရန်နစ်ခ်အားခန့်အပ်ရတဲ့

အဓိကအကြောင်းရင်းများတွင်ဟာလန်းရဲ့အေးဂျင့်များဖြစ်တဲ့ဖခင်ဖြစ်သူ

အယ်ဖင်းဟာလန်း၊အေးဂျင့်မီနိုရိုင်အိုလာတို့နဲ့ခိုင်မာတဲ့ရင်းနှီးမှုရှိခြင်းကြောင့်လည်း

သိရပါတယ်။ရန်နစ်ခ် လိုက်ဇစ်တွင်တာဝန်ယူတုန်းကဟာလန်းမှာ

ဆဲလ်ဘတ်တွင်ကစားနေပါတယ်။သူဟာအယ်ဖင်း၊မီနိုရိုင်အိုလာတို့နှင့်

အကြိမ်ကြိမ်ဆွေးနွေးကာဟာလန်းကိုလိုက်ဇစ်သို့ခေါ်ဆောင်ကြိုးပမ်းခဲ့ပါတယ်။

သူ့ရဲ့အစွမ်းကုန်ကြိုးပမ်းမှုကမအောင်မြင်ခဲ့ပေမယ့်ဟာလန်းနှင့်

အပေါင်းပါတို့ရဲ့အထင်ကြီးလေးစားမှုရရှိခဲ့ပါတယ်။ရန်နစ်ခ်ဟာ

လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ဟာလန်းကို အိုးထရက်ဖို့ဒ်သို့

ခေါ်ဆောင်နိုင်ပါကအပိုဆုကြေးပေါင်၈သန်းရရှိလာမယ်လို့သိရပါတယ်။

ဟာလန်းရဲ့ဒေါ့မွန်နှင့်စာချုပ်တွင်၂၀၂၂ခုနှစ်တွင်နွေရာသီတွင်

ပြောင်းရွှေ့ကြေးပေါင်၆၄သန်းဖြင့်ထွက်ခွာနိုင်မယ့်အချက်ပါဝင်ပါတယ်။

ရန်နစ်ခ်ဟာယူနိုက်တက်ယာယီနည်းပြရာထူးအတွက်တစ်နှစ်လုပ်ခ

ပေါင်၈သန်းအထိရရှိလာပါမယ်။သူဟာယခင်ကလပ်လိုကိုမိုးတစ်တွင်

အားကစားနှင့်ဖွံ့ဖြိုးရေးဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်စဉ်က

ပေါင်၃.၈သန်းသာရရှိခဲ့ရာယူနိုက်တက်တွင်လုပ်ခနှစ်ဆကျော်အထိရရှိလာပါမယ်။

zawgyi

ရန္နစ္ခ္ ေပါင္ ၈ သန္းရဖို႔ ဟာလန္းေပၚမူတည္တယ္

ေရးဖ္ရန္နစ္ခ္ဟာေဒါ့မြန္တိုက္စစ္မႉးအာလင္းဟာလန္းကိုအိုးထရက္ဖို႔ဒ္သို႔

ေခၚေဆာင္ေပးႏိုင္ပါကအပိုဆုေၾကးေပါင္၈သန္းရရွိလာမွာျဖစ္ေၾကာင္းသိရပါတယ္။

ေနာ္ေဝတိုက္စစ္မႉးဟာ၂၀၂၀ခုႏွစ္၊ဇန္နဝါရီကတည္းကယူႏိုက္တက္ရဲ႕

ပစ္မွတ္ထားျခင္းခံခဲ့ရသူျဖစ္ၿပီးယူႏိုက္တက္ကိုျငင္းပယ္ကာေဒါ့မြန္ကို

ေ႐ြးခ်ယ္ခဲ့သူျဖစ္ပါတယ္။ဟာလန္းဟာေဒါ့မြန္သို႔ေရာက္လာၿပီးေနာက္

ပြဲ၇၀ကစားထားရာမွာ၇၁ဂိုးအထိသြင္းယူထားႏိုင္ၿပီးသူ႔ကိုရီးရဲလ္မက္ဒရစ္၊

ဘာစီလိုနာ၊မန္စီးတီး၊ဘိုင္ယန္ျမဴးနစ္ႏွင့္ယူႏိုက္တက္တို႔ကေခၚယူရန္စိတ္ဝင္စားေနပါတယ္။

ယူႏိုက္တက္ယာယီနည္းျပျဖစ္လာတဲ့ရန္နစ္ခ္ဟာဆဲလ္ဘတ္ႏွင့္

လိုက္ဇစ္တို႔ရဲ႕ေဘာလုံးဒါ႐ိုက္တာအျဖစ္တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။

Bild ရဲ႕ေဖာ္ျပခ်က္အရယူႏိုက္တက္ရဲ႕ရန္နစ္ခ္အားခန႔္အပ္ရတဲ့

အဓိကအေၾကာင္းရင္းမ်ားတြင္ဟာလန္းရဲ႕ေအးဂ်င့္မ်ားျဖစ္တဲ့ဖခင္ျဖစ္သူ

အယ္ဖင္းဟာလန္း၊ေအးဂ်င့္မီႏို႐ိုင္အိုလာတို႔နဲ႔ခိုင္မာတဲ့ရင္းႏွီးမႈရွိျခင္းေၾကာင့္လည္း

သိရပါတယ္။ရန္နစ္ခ္ လိုက္ဇစ္တြင္တာဝန္ယူတုန္းကဟာလန္းမွာ

ဆဲလ္ဘတ္တြင္ကစားေနပါတယ္။သူဟာအယ္ဖင္း၊မီႏို႐ိုင္အိုလာတို႔ႏွင့္

အႀကိမ္ႀကိမ္ေဆြးေႏြးကာဟာလန္းကိုလိုက္ဇစ္သို႔ေခၚေဆာင္ႀကိဳးပမ္းခဲ့ပါတယ္။

သူ႔ရဲ႕အစြမ္းကုန္ႀကိဳးပမ္းမႈကမေအာင္ျမင္ခဲ့ေပမယ့္ဟာလန္းႏွင့္

အေပါင္းပါတို႔ရဲ႕အထင္ႀကီးေလးစားမႈရရွိခဲ့ပါတယ္။ရန္နစ္ခ္ဟာ

လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ဟာလန္းကို အိုးထရက္ဖို႔ဒ္သို႔

ေခၚေဆာင္ႏိုင္ပါကအပိုဆုေၾကးေပါင္၈သန္းရရွိလာမယ္လို႔သိရပါတယ္။

ဟာလန္းရဲ႕ေဒါ့မြန္ႏွင့္စာခ်ဳပ္တြင္၂၀၂၂ခုႏွစ္တြင္ေႏြရာသီတြင္

ေျပာင္းေ႐ႊ႕ေၾကးေပါင္၆၄သန္းျဖင့္ထြက္ခြာႏိုင္မယ့္အခ်က္ပါဝင္ပါတယ္။

ရန္နစ္ခ္ဟာယူႏိုက္တက္ယာယီနည္းျပရာထူးအတြက္တစ္ႏွစ္လုပ္ခ

ေပါင္၈သန္းအထိရရွိလာပါမယ္။သူဟာယခင္ကလပ္လိုကိုမိုးတစ္တြင္

အားကစားႏွင့္ဖြံ႕ၿဖိဳးေရးဒါ႐ိုက္တာအျဖစ္တာဝန္ထမ္းေဆာင္စဥ္က

ေပါင္၃.၈သန္းသာရရွိခဲ့ရာယူႏိုက္တက္တြင္လုပ္ခႏွစ္ဆေက်ာ္အထိရရွိလာပါမယ္။