ရန်းနစ်ခ်ရဲ့အယုံကြည်ရဆုံး လက်ထောက်နည်းပြ ယူနိုက်တက်ကို လာဖို့ ငြင်းဆန်

ရေးဖ်ရန်နစ်ခ်ဟာသူအလွန်ယုံကြည်ရတဲ့လက်ထောက်နည်းပြဟောင်းကို

အိုးထရက်ဖို့ဒ်တွင်သူနဲ့အတူတာဝန်ထမ်းဆောင်ရန်ကမ်းလှမ်းခဲ့ပေမယ့်

ပယ်ချခြင်းခံခဲ့ရပါတယ်။ လိုက်ဇစ်နည်းပြဟောင်းဟာယခုရာသီအကုန်တွင်

ယူနိုက်တက်တွင်ယာယီနည်းပြအဖြစ်တာဝန်ထမ်းဆောင်သွားပါမယ်။

သူဟာယူနိုက်တက်သို့သူနဲ့ယခင်လက်တွဲခဲ့တဲ့လက်ထောက်နည်းပြများ

ကိုလည်းတပါတည်းခေါ်ဆောင်လိုနေပါတယ်။

ရန်နစ်ခ်နှင့်ကော်နက်ကာတို့ဟာ၂၀၀၇ခုနှစ်ကတည်းကအတူလက်တွဲလာ

ခဲ့ကြတာဖြစ်ပြီးယူနိုက်တက်နည်းပြသစ်ကသူ့လက်ထောက်ကို ဂျာမနီရဲ့

အကောင်းဆုံးဗီဒီယိုလေ့လာဆန်းစစ်သူလို့ချီးကျူးခဲ့ပါတယ်။

အစောပိုင်းတုန်းကကော်နက်ကာဟာရန်နစ်ခ်နဲ့အတူ မန်ချက်စတာ

ယူနိုက်တက်သို့တပါတည်းလိုက်ပါလာမယ်လို့ယူဆခဲ့ရပါတယ်။

ဒါပေမယ့်ယခုအခါရုရှားကလပ်လိုကိုမိုးတစ်မော်စကိုကကော်နက်ကာမှာ

ကလပ်တွင်ရှိနေမှာဖြစ်ပြီးရန်နစ်ခ်ထွက်ခွာသွားမှုကြောင့်လစ်လပ်နေတဲ့

အားကစားနှင့်ဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်မယ်လို့

ကြေညာလာပါတယ်။ ရန်နစ်ခ်ဟာအလုပ်လုပ်ခွင့်ဗီဇာရရှိရန်စောင့်ဆိုင်းနေရမှု၊

ကိုဗစ်ကန့်သတ်ချက်အသစ်တို့ကြောင့်ကြာသပတေးနေ့တွင်အာဆင်နယ်အား

ဧည့်ခံကစားရမယ့်ပွဲတွင်ယူနိုက်တက်ကိုကြီးကြပ်နိုင်ဦးမှာမဟုတ်ပါဘူး။

အာဆင်နယ်နှင့်ပွဲစဉ်ကိုမိုက်ကယ်ကာရစ်ကပဲဆက်လက်ကြီးကြပ်သွားပါမယ်။

zawgyi

ရန္းနစ္ခ္ရဲ႕အယုံၾကည္ရဆုံး လက္ေထာက္နည္းျပ ယူႏိုက္တက္ကို လာဖို႔ ျငင္းဆန္

ေရးဖ္ရန္နစ္ခ္ဟာသူအလြန္ယုံၾကည္ရတဲ့လက္ေထာက္နည္းျပေဟာင္းကို

အိုးထရက္ဖို႔ဒ္တြင္သူနဲ႔အတူတာဝန္ထမ္းေဆာင္ရန္ကမ္းလွမ္းခဲ့ေပမယ့္

ပယ္ခ်ျခင္းခံခဲ့ရပါတယ္။ လိုက္ဇစ္နည္းျပေဟာင္းဟာယခုရာသီအကုန္တြင္

ယူႏိုက္တက္တြင္ယာယီနည္းျပအျဖစ္တာဝန္ထမ္းေဆာင္သြားပါမယ္။

သူဟာယူႏိုက္တက္သို႔သူနဲ႔ယခင္လက္တြဲခဲ့တဲ့လက္ေထာက္နည္းျပမ်ား

ကိုလည္းတပါတည္းေခၚေဆာင္လိုေနပါတယ္။

ရန္နစ္ခ္ႏွင့္ေကာ္နက္ကာတို႔ဟာ၂၀၀၇ခုႏွစ္ကတည္းကအတူလက္တြဲလာ

ခဲ့ၾကတာျဖစ္ၿပီးယူႏိုက္တက္နည္းျပသစ္ကသူ႔လက္ေထာက္ကို ဂ်ာမနီရဲ႕

အေကာင္းဆုံးဗီဒီယိုေလ့လာဆန္းစစ္သူလို႔ခ်ီးက်ဴးခဲ့ပါတယ္။

အေစာပိုင္းတုန္းကေကာ္နက္ကာဟာရန္နစ္ခ္နဲ႔အတူ မန္ခ်က္စတာ

ယူႏိုက္တက္သို႔တပါတည္းလိုက္ပါလာမယ္လို႔ယူဆခဲ့ရပါတယ္။

ဒါေပမယ့္ယခုအခါ႐ုရွားကလပ္လိုကိုမိုးတစ္ေမာ္စကိုကေကာ္နက္ကာမွာ

ကလပ္တြင္ရွိေနမွာျဖစ္ၿပီးရန္နစ္ခ္ထြက္ခြာသြားမႈေၾကာင့္လစ္လပ္ေနတဲ့

အားကစားႏွင့္ဖြံ႕ၿဖိဳးတိုးတက္ေရးအႀကီးအကဲအျဖစ္တာဝန္ထမ္းေဆာင္မယ္လို႔

ေၾကညာလာပါတယ္။ ရန္နစ္ခ္ဟာအလုပ္လုပ္ခြင့္ဗီဇာရရွိရန္ေစာင့္ဆိုင္းေနရမႈ၊

ကိုဗစ္ကန႔္သတ္ခ်က္အသစ္တို႔ေၾကာင့္ၾကာသပေတးေန႔တြင္အာဆင္နယ္အား

ဧည့္ခံကစားရမယ့္ပြဲတြင္ယူႏိုက္တက္ကိုႀကီးၾကပ္ႏိုင္ဦးမွာမဟုတ္ပါဘူး။

အာဆင္နယ္ႏွင့္ပြဲစဥ္ကိုမိုက္ကယ္ကာရစ္ကပဲဆက္လက္ႀကီးၾကပ္သြားပါမယ္။