
မန်ချက်စတာ ယူနိုက်တက်အသင်းက ဂျာမန် ဝါရင့်နည်းပြ ရန်းနစ် ကို
ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်းကို
တရားဝင် ကြေညာသွားခဲ့ပါတယ်။ ရန်းနစ် ဟာ ယူနိုက်တက်အသင်းရဲ့
နည်းပြတာဝန်ကို ရာသီကုန်အထိ တာဝန်ယူပေးမှာဖြစ်ပါတယ်။
ရာသီကုန်မှာတော့ အသင်းရဲ့ အကြံပေးရာထူးနဲ့ နောက်ထပ် ၂ နှစ်လောက်
ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။
ရန်းနစ်က “ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပူးပေါင်းခွင့်ရလို့
ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်။ ဒီရာသီက အသင်းရဲ့ အောင်မြင်တဲ့
ရာသီတခုဖြစ်ဖို့အတွက် အာရုံစိုက်ထားပါတယ်။
အသင်းရဲ့ လူစာရင်းက အရည်အချင်းအပြည့်ပါပဲ။ လူငယ်တွေနဲ့
အတွေ့အကြုံရှိတဲ့ ကစားသမားတွေကို အချိုးကျကျ ပေါင်းစပ်ထားတယ်။
ကျွန်တော် တာဝန်ယူမယ့် နောက် ၆ လအတွင်း ကစားသမားတဦးချင်းရဲ့
စွမ်းရည်တွေကို အမြင့်ဆုံးရောက်အောင် ကူညီပေးသွားပါမယ်။
အရေးကြီးဆုံးကတော့ အသင်းလိုက်အနေနဲ့ပေါ့။
အဲဒီနောက်မှာတော့ အကြံပေးအနေနဲ့ အသင်းကို နှစ်ရှည်ရည်မှန်းချက်နဲ့
ကူညီထောက်ပံ့ပေးနိုင်ဖို့ စောင့်မျှော်နေပါမယ် “ လို့ပြောကြားခဲ့ပါတယ်။
မိုက်ကယ်ကာရစ်တို့နည်းပြအဖွဲ့နဲပတ်သက်လို့လည်း ရန်းနစ်ဟာ
ယူနိုက်တက်ဘုတ်အဖွဲ့က သူ့စိတ်ကြိုက်ဝန်ထမ်းတွေ ခန့်အပ်ခွင့်ပေးထားပေမယ့်
သူက လက်ရှိယူနိုက်တက်ရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ပဲ ဒီရာသီကို
ဆက်သွားမယ်လို့ပြောကြားထားကြောင်း သိရပါတယ်။
ယူနိုက်တက်နဲ့ တရားဝင်သဘောတူညီမှုကိုရယူခဲ့ပြီးတဲ့ ရန်းနစ်ဟာ
ကလော့၊ တူချယ်တို့ရဲ့နောက်မှာ ပရီမီးယားလိဂ်ရဲ့ အသင်းကြီး (၆)သင်းထဲကို
ရောက်ရှိလာတဲ့ တတိယမြောက် ဂျာမန်လူမျိုးနည်းပြ ဖြစ်လာခဲ့ပါတယ်။
zawgyi
ရန္းနစ္ရဲ႕ ယူႏိုက္တတ္ အနာဂတ္
ကြၽန္ေတာ္ တာဝန္ယူမယ့္ ေနာက္ ၆ လအတြင္း ကစားသမားတဦးခ်င္းရဲ႕
စြမ္းရည္ေတြကို အျမင့္ဆုံးေရာက္ေအာင္ ကူညီေပးသြားပါမယ္…” ရန္းနစ္
မန္ခ်က္စတာ ယူႏိုက္တက္အသင္းက ဂ်ာမန္ ဝါရင့္နည္းျပ ရန္းနစ္ ကို
ယာယီနည္းျပအျဖစ္ ခန႔္အပ္လိုက္ၿပီျဖစ္ေၾကာင္းကို
တရားဝင္ ေၾကညာသြားခဲ့ပါတယ္။ ရန္းနစ္ ဟာ ယူႏိုက္တက္အသင္းရဲ႕
နည္းျပတာဝန္ကို ရာသီကုန္အထိ တာဝန္ယူေပးမွာျဖစ္ပါတယ္။
ရာသီကုန္မွာေတာ့ အသင္းရဲ႕ အႀကံေပးရာထူးနဲ႔ ေနာက္ထပ္ ၂ ႏွစ္ေလာက္
ဆက္ရွိေနဦးမွာ ျဖစ္တယ္လို႔ တရားဝင္ ထုတ္ျပန္ခဲ့ပါတယ္။
ရန္းနစ္က “ မန္ခ်က္စတာ ယူႏိုက္တက္အသင္းနဲ႔ ပူးေပါင္းခြင့္ရလို႔
ကြၽန္ေတာ္ စိတ္လႈပ္ရွားေနပါတယ္။ ဒီရာသီက အသင္းရဲ႕ ေအာင္ျမင္တဲ့
ရာသီတခုျဖစ္ဖို႔အတြက္ အာ႐ုံစိုက္ထားပါတယ္။
အသင္းရဲ႕ လူစာရင္းက အရည္အခ်င္းအျပည့္ပါပဲ။ လူငယ္ေတြနဲ႔
အေတြ႕အႀကဳံရွိတဲ့ ကစားသမားေတြကို အခ်ိဳးက်က် ေပါင္းစပ္ထားတယ္။
ကြၽန္ေတာ္ တာဝန္ယူမယ့္ ေနာက္ ၆ လအတြင္း ကစားသမားတဦးခ်င္းရဲ႕
စြမ္းရည္ေတြကို အျမင့္ဆုံးေရာက္ေအာင္ ကူညီေပးသြားပါမယ္။
အေရးႀကီးဆုံးကေတာ့ အသင္းလိုက္အေနနဲ႔ေပါ့။
အဲဒီေနာက္မွာေတာ့ အႀကံေပးအေနနဲ႔ အသင္းကို ႏွစ္ရွည္ရည္မွန္းခ်က္နဲ႔
ကူညီေထာက္ပံ့ေပးႏိုင္ဖို႔ ေစာင့္ေမွ်ာ္ေနပါမယ္ “ လို႔ေျပာၾကားခဲ့ပါတယ္။
မိုက္ကယ္ကာရစ္တို႔နည္းျပအဖြဲ႕နဲပတ္သက္လို႔လည္း ရန္းနစ္ဟာ
ယူႏိုက္တက္ဘုတ္အဖြဲ႕က သူ႔စိတ္ႀကိဳက္ဝန္ထမ္းေတြ ခန႔္အပ္ခြင့္ေပးထားေပမယ့္
သူက လက္ရွိယူႏိုက္တက္ရဲ႕ နည္းျပအဖြဲ႕ဝင္ေတြနဲ႔ပဲ ဒီရာသီကို
ဆက္သြားမယ္လို႔ေျပာၾကားထားေၾကာင္း သိရပါတယ္။
ယူႏိုက္တက္နဲ႔ တရားဝင္သေဘာတူညီမႈကိုရယူခဲ့ၿပီးတဲ့ ရန္းနစ္ဟာ
ကေလာ့၊ တူခ်ယ္တို႔ရဲ႕ေနာက္မွာ ပရီမီးယားလိဂ္ရဲ႕ အသင္းႀကီး (၆)သင္းထဲကို
ေရာက္ရွိလာတဲ့ တတိယေျမာက္ ဂ်ာမန္လူမ်ိဳးနည္းျပ ျဖစ္လာခဲ့ပါတယ္။