ရပ်ရှ်ဖို့ဒ်ဟာ မင်းသားဝီလျှံထံမှ MBE ဘွဲ့လက်ခံရယူရာတွင် မိခင်ဖြစ်သူကိုပါ ဂုဏ်ယူရအောင် ခေါ်ဆောင်သွားခဲ့

မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာမင်းသားဝီလျှံထံမှ MBE ဆုတံဆိပ်လက်ခံရယူရာအခမ်းအနားသို့

မိခင်ဖြစ်သူကိုပါတပါတည်းခေါ်ဆောင်ပြီးသူ့အတွက်ဂုဏ်ယူရအောင်လုပ်ဆောင်ခဲ့ပါတယ်။

အသက်၂၄နှစ်ရှိအင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ Duke of Cambridge က

ကျင်းပတဲ့အခမ်းအနားသို့မတက်ရောက်မီ ဝင်ဆာနန်းတော်ရှေ့တွင်မိခင်ဖြစ်သူ

မီလာနီရပ်ရှ်ဖို့ဒ်နှင့်အတူတွဲကာဓာတ်ပုံရိုက်ကူးခဲ့ပါသေးတယ်။

ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကကိုဗစ်ကာလအတွင်းတွင်နွမ်းပါးတဲ့ကလေးငယ်

၁.၃သန်းကိုအဟာရပြည့်အစားအစာများအခမဲ့စားသောက်ခွင့်ရရှိစေရန်

လုပ်ဆောင်ခဲ့မှုကြောင့် MBE ဘွဲ့ချီးမြှင့်ခံရတာလည်းဖြစ်ပါတယ်။

ရပ်ရှ်ဖို့ဒ်ရဲ့ကြိုးစားအားထုတ်မှုကြောင့်ဗြိတိန်အစိုးရဟာလည်းပေါ်လစီ

ပြောင်းလဲကာလော့ဒ်ဒေါင်းကာလအတွင်းတွင်နွမ်းပါးတဲ့ကလေးများအတွက်

အခမဲ့စားသောက်ခွင့်ရရှိမယ့်ဘောင်ချာဖြန့်ဝေခဲ့ရကာမန်ယူတိုက်စစ်မှူးမှာလည်း

နိုင်ငံ့သူရဲကောင်းတစ်ဦးဖြစ်လာခဲ့ပါတယ်။ရပ်ရှ်ဖို့ဒ်ဟာပြီးခဲ့တဲ့လတုန်းကလည်း

မန်ချက်စတာတက္ကသိုလ်ရဲ့ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ချီးမြှင့်ခြင်းခံခဲ့ရကာ

ယင်းတက္ကသိုလ်ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကိုရရှိတဲ့အသက်အငယ်ဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင်သူဟာပြီးခဲ့တဲ့ရက်တုန်းကလည်းကလေးငယ်များစာဖတ်နိုင်ရေးတွက်

လုပ်ဆောင်မှုကြောင့် The Bookseller ရဲ့ Person of The Year အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

zawgyi

ရပ္ရွ္ဖို႔ဒ္ဟာ မင္းသားဝီလွ်ံထံမွ MBE ဘြဲ႕လက္ခံရယူရာတြင္ မိခင္ျဖစ္သူကိုပါ ဂုဏ္ယူရေအာင္ ေခၚေဆာင္သြားခဲ့

မားကပ္စ္ရပ္ရွ္ဖို႔ဒ္ဟာမင္းသားဝီလွ်ံထံမွ MBE ဆုတံဆိပ္လက္ခံရယူရာအခမ္းအနားသို႔

မိခင္ျဖစ္သူကိုပါတပါတည္းေခၚေဆာင္ၿပီးသူ႔အတြက္ဂုဏ္ယူရေအာင္လုပ္ေဆာင္ခဲ့ပါတယ္။

အသက္၂၄ႏွစ္ရွိအဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ Duke of Cambridge က

က်င္းပတဲ့အခမ္းအနားသို႔မတက္ေရာက္မီ ဝင္ဆာနန္းေတာ္ေရွ႕တြင္မိခင္ျဖစ္သူ

မီလာနီရပ္ရွ္ဖို႔ဒ္ႏွင့္အတူတြဲကာဓာတ္ပုံ႐ိုက္ကူးခဲ့ပါေသးတယ္။ရပ္ရွ္ဖို႔ဒ္ဟာ

ၿပီးခဲ့တဲ့ႏွစ္ေႏြရာသီတုန္းကကိုဗစ္ကာလအတြင္းတြင္ႏြမ္းပါးတဲ့ကေလးငယ္

၁.၃သန္းကိုအဟာရျပည့္အစားအစာမ်ားအခမဲ့စားေသာက္ခြင့္ရရွိေစရန္

လုပ္ေဆာင္ခဲ့မႈေၾကာင့္ MBE ဘြဲ႕ခ်ီးျမႇင့္ခံရတာလည္းျဖစ္ပါတယ္။

ရပ္ရွ္ဖို႔ဒ္ရဲ႕ႀကိဳးစားအားထုတ္မႈေၾကာင့္ၿဗိတိန္အစိုးရဟာလည္းေပၚလစီ

ေျပာင္းလဲကာေလာ့ဒ္ေဒါင္းကာလအတြင္းတြင္ႏြမ္းပါးတဲ့ကေလးမ်ားအတြက္

အခမဲ့စားေသာက္ခြင့္ရရွိမယ့္ေဘာင္ခ်ာျဖန႔္ေဝခဲ့ရကာမန္ယူတိုက္စစ္မႉးမွာလည္း

ႏိုင္ငံ့သူရဲေကာင္းတစ္ဦးျဖစ္လာခဲ့ပါတယ္။ရပ္ရွ္ဖို႔ဒ္ဟာၿပီးခဲ့တဲ့လတုန္းကလည္း

မန္ခ်က္စတာတကၠသိုလ္ရဲ႕ဂုဏ္ထူးေဆာင္ေဒါက္တာဘြဲ႕ခ်ီးျမႇင့္ျခင္းခံခဲ့ရကာ

ယင္းတကၠသိုလ္ခ်ီးျမႇင့္တဲ့ ဂုဏ္ထူးေဆာင္ဘြဲ႕ကိုရရွိတဲ့အသက္အငယ္ဆုံးပုဂၢိဳလ္ျဖစ္လာခဲ့ပါတယ္။

ဒါ့အျပင္သူဟာၿပီးခဲ့တဲ့ရက္တုန္းကလည္းကေလးငယ္မ်ားစာဖတ္ႏိုင္ေရးတြက္

လုပ္ေဆာင္မႈေၾကာင့္ The Bookseller ရဲ႕ Person of The Year အျဖစ္သတ္မွတ္ျခင္းခံခဲ့ရပါတယ္။