ရပ်ရှ်ဖို့ဒ် အသင်းပြောင်းရွှေ့မှာကို စိုးရိမ်နေကြတဲ့ ယူနိုက်တက်ပရိသတ်တွေ

ရပ်ရှ်ဖို့ဒ် အသင်းပြောင်းရွှေ့မှာကို စိုးရိမ်နေကြတဲ့ ယူနိုက်တက်ပရိသတ်တွေ

ဘာစီလိုနာအသင်းကခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်ဆိုပြီး

သတင်းတွေထွက်နေတဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်ကစားသမားရပ်ရှ်ဖို့ဒ်ဟာ

တစ်ချိန်က ဘာစီလိုနာအသင်းက,ကမ်းလှမ်းလာမယ်ဆိုရင်

ငြင်းဆန်မှာမဟုတ်ဘူးဆိုပြီးတော့ လူသိရှင်ကြားဝန်ခံပြောဆိုခဲ့ဖူးတာကြောင့်

အသင်းပရိသတ်တွေက စိုးရိမ်နေကြပါပြီ။

ဘာစီလိုနာအသင်းနည်းပြဇာဗီဟာ လာမယ့်နွေရာသီကျရင်

အသင်းတိုက်စစ်ပိုင်းကို အားဖြည့်ဖို့ပြင်ဆင်နေပြီး တိုက်စစ်ကစားသမားတချို့ကို

ပစ်မှတ်ထားနေသလို အဲဒီထဲမှာ ရပ်ရှ်ဖို့ဒ်လည်းတစ်ဦးအပါအဝင်ဖြစ်ပါတယ်။

ယူနိုက်တက်အကယ်ဒမီထွက်တစ်ဦးဖြစ်တဲ့အပြင် အသင်းအပေါ်

သံယောဇဉ်ကြီးမားတာကြောင့် ရပ်ရှ်ဖို့ဒ်ကို ယူနိုက်တက်အသင်းမှာပဲ

ဘောလုံးသမားဘဝကုန်ဆုံးတဲ့အထိ ဆက်ကစားသွားဖို့ ပရိသတ်တွေက

မျှော်လင့်နေပေမယ့် ပြီးခဲ့တဲ့မေလက နာမည်ကျော် The Guardian သတင်းစာနဲ့

အင်တာဗျူးမှာ ရပ်ရှ်ဖို့ဒ်က ပြည်ပကလပ်တစ်ခုကို သွားကစားမှာမဟုတ်ဘူးလို့

မပြောနိုင်ဘဲ၊ ယူနိုက်တက်ပြီးရင် ဘာစီလိုနာနဲ့ ရီးယဲလ်အသင်းကို

ကြိုက်နှစ်သက်တယ်လို့ဖြေကြားခဲ့ပါတယ်။

အဲဒါကြောင့် အခု ဘာစီလိုနာအသင်းနဲ့သတင်းတွေထွက်လာချိန်မှာ

ယူနိုက်တက်ပရိသတ်တွေက ရပ်ရှ်ဖို့ဒ် အသင်းပြောင်းရွှေ့မှာကို

စိုးရိမ်တကြီးဖြစ်နေကြတာပါ။

zawgyi

ရပ္ရွ္ဖို႔ဒ္ အသင္းေျပာင္းေ႐ႊ႕မွာကို စိုးရိမ္ေနၾကတဲ့ ယူႏိုက္တက္ပရိသတ္ေတြ

ဘာစီလိုနာအသင္းကေခၚယူဖို႔ ပစ္မွတ္ထားေနတယ္ဆိုၿပီး

သတင္းေတြထြက္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္ကစားသမားရပ္ရွ္ဖို႔ဒ္ဟာ

တစ္ခ်ိန္က ဘာစီလိုနာအသင္းက,ကမ္းလွမ္းလာမယ္ဆိုရင္

ျငင္းဆန္မွာမဟုတ္ဘူးဆိုၿပီးေတာ့ လူသိရွင္ၾကားဝန္ခံေျပာဆိုခဲ့ဖူးတာေၾကာင့္

အသင္းပရိသတ္ေတြက စိုးရိမ္ေနၾကပါၿပီ။

ဘာစီလိုနာအသင္းနည္းျပဇာဗီဟာ လာမယ့္ေႏြရာသီက်ရင္

အသင္းတိုက္စစ္ပိုင္းကို အားျဖည့္ဖို႔ျပင္ဆင္ေနၿပီး တိုက္စစ္ကစားသမားတခ်ိဳ႕ကို

ပစ္မွတ္ထားေနသလို အဲဒီထဲမွာ ရပ္ရွ္ဖို႔ဒ္လည္းတစ္ဦးအပါအဝင္ျဖစ္ပါတယ္။

ယူႏိုက္တက္အကယ္ဒမီထြက္တစ္ဦးျဖစ္တဲ့အျပင္ အသင္းအေပၚ

သံေယာဇဥ္ႀကီးမားတာေၾကာင့္ ရပ္ရွ္ဖို႔ဒ္ကို ယူႏိုက္တက္အသင္းမွာပဲ

ေဘာလုံးသမားဘဝကုန္ဆုံးတဲ့အထိ ဆက္ကစားသြားဖို႔ ပရိသတ္ေတြက

ေမွ်ာ္လင့္ေနေပမယ့္ ၿပီးခဲ့တဲ့ေမလက နာမည္ေက်ာ္ The Guardian သတင္းစာနဲ႔

အင္တာဗ်ဴးမွာ ရပ္ရွ္ဖို႔ဒ္က ျပည္ပကလပ္တစ္ခုကို သြားကစားမွာမဟုတ္ဘူးလို႔

မေျပာႏိုင္ဘဲ၊ ယူႏိုက္တက္ၿပီးရင္ ဘာစီလိုနာနဲ႔ ရီးယဲလ္အသင္းကို

ႀကိဳက္ႏွစ္သက္တယ္လို႔ေျဖၾကားခဲ့ပါတယ္။

အဲဒါေၾကာင့္ အခု ဘာစီလိုနာအသင္းနဲ႔သတင္းေတြထြက္လာခ်ိန္မွာ

ယူႏိုက္တက္ပရိသတ္ေတြက ရပ္ရွ္ဖို႔ဒ္ အသင္းေျပာင္းေ႐ႊ႕မွာကို စိုးရိမ္တႀကီးျဖစ္ေနၾကတာပါ။