ရမှတ်လျှော့ပြစ်ဒဏ်ကျခံရဖို့ရှိနေတဲ့ ဒါဘီ တန်းဆင်းရမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရ

အင်္ဂလန်လိဂ်ချန်ပီယံရှစ်ရာသီပိတ်ပွဲမှာ အဖိုးတန်သရေတစ်မှတ်ကြောင့် တန်းဆင်းရမယ့်အရေးကနေ ရှောင်လွဲှနိုင်ခဲ့တဲ့ ရွန်နီရဲ့ ဒါဘီအသင်းဟာ အခုအချိန်မှာ ရမှတ်လျှော့ပြစ်ဒဏ်ကျခံရဖို့ရှိနေတာကြောင့် Leauge One ကို တန်းဆင်းရမယ့်အန္တရာယ်နဲ့ပြန်ရင်ဆိုင်နေရပြန်ပါပြီ။

ဒါဘီအသင်းဟာ လိဂ်ချန်ပီယံရှစ်ရာသီပိတ်ပွဲမှာ ရှက်ဖီးဝင့်စ်ဒေးအသင်းကို အနိုင်မရခဲ့ဘဲ (၃)ဂိုးစီသရေကျခဲ့ပေမယ့် တန်းဆင်းဇုန်ထဲက ရော့သာဟမ်အသင်းကလည်း ကာဒစ်ဖ်နဲ့သရေကျခဲ့တာကြောင့် ကံကောင်းထောက်မပြီး လိဂ်ချန်ပီယံရှစ်မှာ အသက်ဆက်ခွင့်ရခဲ့တာပါ။

ဒါပေမဲ့ အခုအချိန်မှာ ဒါဘီအသင်းဟာ ဘဏ္ဍာရေးမျှခြေစည်းမျဉ်း(FFP)ကို ချိုးဖောက်ခဲ့တယ်လို့ တွေ့ရှိခဲ့ရတာကြောင့် ရမှတ်လျှော့ခံရဖို့ရှိနေတဲ့အတွက် ရွန်နီအတွက် တန်းဆင်းအိပ်မက်ဆိုးက ပြန်လည်ခြိမ်းခြောက်လာတာလည်းဖြစ်ပါတယ်။

ဒါဘီအသင်းပိုင်ရှင် မဲလ်မောရစ်ဟာ အသင်းရဲ့ဘဏ္ဍာရေးအရှုံးပြမှုကို ဖုံးဖိနိုင်ဖို့အတွက် မသမာတဲ့နည်းလမ်းတွေအသုံးပြုခဲ့တယ်လို့ အင်္ဂလန်ဘောလုံးလိဂ်အဖွဲ့ချုပ်(EFL)က စစ်ဆေးတွေ့ရှိခဲ့ရပြီး ဘယ်လိုပြစ်ဒဏ်မျိုးချမှတ်မလဲဆိုတာတော့ မသိရသေးပါဘူး။

ဒါဘီအသင်းဟာ ပြီးခဲ့တဲ့နှစ်၊ သြဂုတ်လတုန်းကလည်း EFL ရဲ့စည်းမျဉ်းနှစ်ခုကို ချိုးဖောက်ခဲ့လို့ စွဲချက်တင်ခံခဲ့ရပေမယ့် လွတ်လပ်တဲ့စည်းကမ်းထိမ်းသိန်းရေးကော်မရှင်က ဒါဘီအသင်းအပေါ် စွဲချက်တွေကို သက်သေမထင်ရှားတာကြောင့် ပယ်ဖျက်ပေးခဲ့လို့သာ ရမှတ်လျှော့ပြစ်ဒဏ်ချမှတ်မခံခဲ့ရတာပါ။

အင်္ဂလန်အောက်တန်းလိဂ်ပြိုင်ပွဲတွေမှာ သတ်မှတ်ထားတဲ့စည်းမျဉ်းတွေချိုးဖောက်လို့ ရမှတ်လျှော့ခံခဲ့ရတဲ့အသင်းတွေ အများကြီးရှိခဲ့ဖူးသလို အနီးစပ်ဆုံးကတော့

ပြီးခဲ့တဲ့နှစ်တုန်းက ရှက်ဖီးဝင့်စ်ဒေးအသင်းဟာ EFL က ချမှတ်ထားတဲ့စည်းမျဉ်းကို ချိုးဖောက်ပြီး ငွေကြေးအများကြီးသုံးစွဲခဲ့တာကြောင့် (၁၂)မှတ်အထိလျှော့ချခံခဲ့ရပေမယ့် နောက်ပိုင်းမှာ အယူခံတင်သွင်းခဲ့လို့ (၆)မှတ်လျှော့ပြစ်ဒဏ်ကျခံခဲ့ရဖူးပါတယ်။

ဒါ့အပြင် ၂၀၁၉ ခုနှစ်တုန်းကလည်း မက်ကလက်စ်ဖီးလ်၊ ဘော်လ်တန်၊ ဘူရီ၊ ဘာမင်ဂမ်အသင်းတို့ဟာ သတ်မှတ်ထားတဲ့စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့လို့ ရမှတ်လျှော့ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရဖူးတာဖြစ်ပါတယ်။

အဲဒါကြောင့် ဒါဘီအသင်းအနေနဲ့ ရမှတ်လျှော့ပြစ်ဒဏ်ကျခံရပြီး လာမယ့်ရာသီမှာ League One ကို တန်းဆင်းခဲ့ရရင် နည်းပြရွန်နီအတွက် နည်းပြဘဝအစမှာပဲ စိတ်ပျက်စရာမှတ်တမ်းဆိုးနဲ့ ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။

Zawgyi

ရမွတ္ေလွ်ာ့ျပစ္ဒဏ္က်ခံရဖို႔ရွိေနတဲ့ ဒါဘီ တန္းဆင္းရမယ့္အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရ

အဂၤလန္လိဂ္ခ်န္ပီယံရွစ္ရာသီပိတ္ပြဲမွာ အဖိုးတန္သေရတစ္မွတ္ေၾကာင့္ တန္းဆင္းရမယ့္အေရးကေန ေရွာင္လြဲွႏိုင္ခဲ့တဲ့ ႐ြန္နီရဲ႕ ဒါဘီအသင္းဟာ အခုအခ်ိန္မွာ ရမွတ္ေလွ်ာ့ျပစ္ဒဏ္က်ခံရဖို႔ရွိေနတာေၾကာင့္ Leauge One ကို တန္းဆင္းရမယ့္အႏၲရာယ္နဲ႔ျပန္ရင္ဆိုင္ေနရျပန္ပါၿပီ။

ဒါဘီအသင္းဟာ လိဂ္ခ်န္ပီယံရွစ္ရာသီပိတ္ပြဲမွာ ရွက္ဖီးဝင့္စ္ေဒးအသင္းကို အႏိုင္မရခဲ့ဘဲ (၃)ဂိုးစီသေရက်ခဲ့ေပမယ့္ တန္းဆင္းဇုန္ထဲက ေရာ့သာဟမ္အသင္းကလည္း ကာဒစ္ဖ္နဲ႔သေရက်ခဲ့တာေၾကာင့္ ကံေကာင္းေထာက္မၿပီး လိဂ္ခ်န္ပီယံရွစ္မွာ အသက္ဆက္ခြင့္ရခဲ့တာပါ။ ဒါေပမဲ့ အခုအခ်ိန္မွာ ဒါဘီအသင္းဟာ ဘ႑ာေရးမွ်ေျခစည္းမ်ဥ္း(FFP)ကို ခ်ိဳးေဖာက္ခဲ့တယ္လို႔ ေတြ႕ရွိခဲ့ရတာေၾကာင့္ ရမွတ္ေလွ်ာ့ခံရဖို႔ရွိေနတဲ့အတြက္ ႐ြန္နီအတြက္ တန္းဆင္းအိပ္မက္ဆိုးက ျပန္လည္ၿခိမ္းေျခာက္လာတာလည္းျဖစ္ပါတယ္။

ဒါဘီအသင္းပိုင္ရွင္ မဲလ္ေမာရစ္ဟာ အသင္းရဲ႕ဘ႑ာေရးအရႈံးျပမႈကို ဖုံးဖိႏိုင္ဖို႔အတြက္ မသမာတဲ့နည္းလမ္းေတြအသုံးျပဳခဲ့တယ္လို႔ အဂၤလန္ေဘာလုံးလိဂ္အဖြဲ႕ခ်ဳပ္(EFL)က စစ္ေဆးေတြ႕ရွိခဲ့ရၿပီး ဘယ္လိုျပစ္ဒဏ္မ်ိဳးခ်မွတ္မလဲဆိုတာေတာ့ မသိရေသးပါဘူး။ ဒါဘီအသင္းဟာ ၿပီးခဲ့တဲ့ႏွစ္၊ ၾသဂုတ္လတုန္းကလည္း EFL ရဲ႕စည္းမ်ဥ္းႏွစ္ခုကို ခ်ိဳးေဖာက္ခဲ့လို႔ စြဲခ်က္တင္ခံခဲ့ရေပမယ့္ လြတ္လပ္တဲ့စည္းကမ္းထိမ္းသိန္းေရးေကာ္မရွင္က ဒါဘီအသင္းအေပၚ စြဲခ်က္ေတြကို သက္ေသမထင္ရွားတာေၾကာင့္ ပယ္ဖ်က္ေပးခဲ့လို႔သာ ရမွတ္ေလွ်ာ့ျပစ္ဒဏ္ခ်မွတ္မခံခဲ့ရတာပါ။

အဂၤလန္ေအာက္တန္းလိဂ္ၿပိဳင္ပြဲေတြမွာ သတ္မွတ္ထားတဲ့စည္းမ်ဥ္းေတြခ်ိဳးေဖာက္လို႔ ရမွတ္ေလွ်ာ့ခံခဲ့ရတဲ့အသင္းေတြ အမ်ားႀကီးရွိခဲ့ဖူးသလို အနီးစပ္ဆုံးကေတာ့ ၿပီးခဲ့တဲ့ႏွစ္တုန္းက ရွက္ဖီးဝင့္စ္ေဒးအသင္းဟာ EFL က ခ်မွတ္ထားတဲ့စည္းမ်ဥ္းကို ခ်ိဳးေဖာက္ၿပီး ေငြေၾကးအမ်ားႀကီးသုံးစြဲခဲ့တာေၾကာင့္ (၁၂)မွတ္အထိေလွ်ာ့ခ်ခံခဲ့ရေပမယ့္ ေနာက္ပိုင္းမွာ အယူခံတင္သြင္းခဲ့လို႔ (၆)မွတ္ေလွ်ာ့ျပစ္ဒဏ္က်ခံခဲ့ရဖူးပါတယ္။

ဒါ့အျပင္ ၂၀၁၉ ခုႏွစ္တုန္းကလည္း မက္ကလက္စ္ဖီးလ္၊ ေဘာ္လ္တန္၊ ဘူရီ၊ ဘာမင္ဂမ္အသင္းတို႔ဟာ သတ္မွတ္ထားတဲ့စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္ခဲ့လို႔ ရမွတ္ေလွ်ာ့ျပစ္ဒဏ္ေတြ ခ်မွတ္ခံခဲ့ရဖူးတာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ဒါဘီအသင္းအေနနဲ႔ ရမွတ္ေလွ်ာ့ျပစ္ဒဏ္က်ခံရၿပီး လာမယ့္ရာသီမွာ League One ကို တန္းဆင္းခဲ့ရရင္ နည္းျပ႐ြန္နီအတြက္ နည္းျပဘဝအစမွာပဲ စိတ္ပ်က္စရာမွတ္တမ္းဆိုးနဲ႔ ရင္ဆိုင္ရေတာ့မွာလည္းျဖစ္ပါတယ္။