ရယ်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ဖြင့် အနီကတ်ပြခံရတဲ့ ဂျိမ်းစ်ရိုဒရိုဂွက်ဇ်

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာစနေနေ့တုန်းကအယ်လ်ရေယန်ကအယ်အာရာဘီကို

၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်မှာတစ်စုံတစ်ရာအမှားအယွင်းမလုပ်မိဘဲ ရယ်စရာ

ကောင်းလောက်အောင် ဒိုင်လူကြီးရဲ့အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ဖြင့်

အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

အသက်၃၀နှစ်ရှိရီးရဲလ်မက်ဒရစ်စတားဟောင်းဟာ ကာတာစူပါလိဂ်မှာ

သုံးပွဲမြောက်ပွဲအဖြစ်ပါဝင်ကစားခဲ့တာဖြစ်ပြီးဒိုင်လူကြီးရဲ့ထူးဆန်းတဲ့

ဆုံးဖြတ်ချက်နှစ်ခုကြောင့်အမှားမှားအယွင်းယွင်းနဲ့စတင်မှုဖြစ်ခဲ့ရပါတယ်။

အဆိုပါပွဲစဉ်မှာကိုလံဘီယာလက်ရွေးစင်ဟာပြိုင်ဘက်အသင်းဘက်သို့

ထိုးဖောက်စဉ်ပင်နယ်တီဧရိယာထိပ်နားမှာပြိုင်ဘက်ကစားသမားရဲ့

ကြမ်းတမ်းစွာကစားခြင်းခံခဲ့ရပြီးကွင်းမြက်ခင်းမှာလူးလိမ့်နေခဲ့ပါတယ်။

ယင်းအချိန်မှာနှစ်ဖက်ကစားသမားများရုန်းရင်းဆန်ခဲ့ဖြစ်ကာဒိုင်လူကြီးက

ထိန်းသိမ်းမှုပြုလုပ်ခဲ့ပါတယ်။ဒါပေမယ့်ဒိုင်လူကြီးဟာဖရီးကစ်ကန်ဖို့

ပြင်ဆင်လာတဲ့ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကိုလည်းမဆီမဆိုင်အဝါကတ်ပြသမှု

ပြုလုပ်ပါတယ်။

အဲဗာတန်စတားဟောင်းဟာမဆီမဆိုင်အဝါကတ်ပြသခံရမှုအတွက်

ဒေါတကြီးစောဒကတက်ချိန်မှာအဝါကတ်နောက်တစ်ကြိမ်ထပ်မံ

ပြသခြင်းခံခဲ့ရပါတယ်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာဒိုင်လူကြီးရဲ့ရယ်စရာကောင်းလွန်းလှတဲ့

ဆုံးဖြတ်ချက်ကိုရွဲ့တဲ့အနေဖြင့်ကွင်းအတွင်းမှမထွက်ခွာမီဒိုင်လူကြီး

အနားသို့သွားရောက်ကာလက်ခုပ်တီးခဲ့ပါသေးတယ်။

ချန်ပီယံလိဂ်နှစ်ကြိမ်ရဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာစက်တင်ဘာလတုန်းက

အဲဗာတန်မှထွက်ခွာကာအရှေ့အလယ်ပိုင်းကလပ်အယ်ရေယန်သို့

ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

Zawgyi

ရယ္စရာေကာင္းတဲ့ ဆုံးျဖတ္ခ်က္ျဖင့္ အနီကတ္ျပခံရတဲ့ ဂ်ိမ္းစ္႐ိုဒ႐ိုဂြက္ဇ္

ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ဟာစေနေန႔တုန္းကအယ္လ္ေရယန္ကအယ္အာရာဘီကို ၂-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္မွာတစ္စုံတစ္ရာအမွားအယြင္းမလုပ္မိဘဲ ရယ္စရာေကာင္းေလာက္ေအာင္ ဒိုင္လူႀကီးရဲ႕အျငင္းပြားဖြယ္ ဆုံးျဖတ္ခ်က္ျဖင့္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

အသက္၃၀ႏွစ္ရွိရီးရဲလ္မက္ဒရစ္စတားေဟာင္းဟာကာတာစူပါလိဂ္မွာသုံးပြဲေျမာက္ပြဲအျဖစ္ပါဝင္ကစားခဲ့တာျဖစ္ၿပီးဒိုင္လူႀကီးရဲ႕ထူးဆန္းတဲ့ဆုံးျဖတ္ခ်က္ႏွစ္ခုေၾကာင့္အမွားမွားအယြင္းယြင္းနဲ႔စတင္မႈျဖစ္ခဲ့ရပါတယ္။

အဆိုပါပြဲစဥ္မွာကိုလံဘီယာလက္ေ႐ြးစင္ဟာၿပိဳင္ဘက္အသင္းဘက္သို႔ထိုးေဖာက္စဥ္ပင္နယ္တီဧရိယာထိပ္နားမွာၿပိဳင္ဘက္ကစားသမားရဲ႕ၾကမ္းတမ္းစြာကစားျခင္းခံခဲ့ရၿပီးကြင္းျမက္ခင္းမွာလူးလိမ့္ေနခဲ့ပါတယ္။

ယင္းအခ်ိန္မွာႏွစ္ဖက္ကစားသမားမ်ား႐ုန္းရင္းဆန္ခဲ့ျဖစ္ကာဒိုင္လူႀကီးကထိန္းသိမ္းမႈျပဳလုပ္ခဲ့ပါတယ္။ဒါေပမယ့္ဒိုင္လူႀကီးဟာဖရီးကစ္ကန္ဖို႔ျပင္ဆင္လာတဲ့ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ကိုလည္းမဆီမဆိုင္အဝါကတ္ျပသမႈျပဳလုပ္ပါတယ္။

အဲဗာတန္စတားေဟာင္းဟာမဆီမဆိုင္အဝါကတ္ျပသခံရမႈအတြက္ေဒါတႀကီးေစာဒကတက္ခ်ိန္မွာအဝါကတ္ေနာက္တစ္ႀကိမ္ထပ္မံျပသျခင္းခံခဲ့ရပါတယ္။

ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ဟာဒိုင္လူႀကီးရဲ႕ရယ္စရာေကာင္းလြန္းလွတဲ့ဆုံးျဖတ္ခ်က္ကို႐ြဲ႕တဲ့အေနျဖင့္ကြင္းအတြင္းမွမထြက္ခြာမီဒိုင္လူႀကီးအနားသို႔သြားေရာက္ကာလက္ခုပ္တီးခဲ့ပါေသးတယ္။

ခ်န္ပီယံလိဂ္ႏွစ္ႀကိမ္ရဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ဟာစက္တင္ဘာလတုန္းကအဲဗာတန္မွထြက္ခြာကာအေရွ႕အလယ္ပိုင္းကလပ္အယ္ေရယန္သို႔ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။