ရလဒ်ဆိုးတွေကြောင့် ယခုရာသီအတွင်း ဒုတိယမြောက်အဖြစ် နည်းပြကို ထုတ်ပယ်လိုက်တဲ့ ရှော်လ်ကေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရှော်လ်ကေးအသင်းနည်းပြ မန်နူရယ်ဘမ်းဟာ အသင်းနည်းပြအဖြစ် လိဂ် ၁၀ပွဲသာကိုင်တွယ်ခွင့်ရခဲ့ပြီးနောက် ယခုအခါ နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရပြီဖြစ်ပါတယ်။


ရှော်လ်ကေးဟာ ယခုရာသီအစမှာ ရလဒ်တွေ သိသိသာသာဆိုးရွားခဲ့ပြီးနောက် နည်းပြဒေးဗစ်ဝက်ဂ်နာကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး ဟက်ဒါဖီးလ်နည်းပြဟောင်းရဲ့နေရာမှာ မန်နူရယ်ဘမ်းကို အစားထိုးခန့်အပ်ခဲ့တာဖြစ်ပါတယ်။


ဒါပေမဲ့ မန်နူရယ်ဘမ်းကလည်း ရှော်လ်ကေးကို ရလဒ်ကောင်းတွေ ပြန်လည်ရရှိအောင် ဦးဆောင်နိုင်ခြင်းမရှိဘဲ ဘွန်ဒက်စ်လီဂါမှာ ၄ပွဲသရေ ၆ပွဲရှုံးနိမ့်ခဲ့ပါတယ်။ သူ့နေရာမှာ အသင်းရဲ့ဘုတ်အဖွဲ့ဝင် ဟက်စတီဗင်က ယာယီနည်းပြအဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။

ရှော်လ်ကေးအသင်းတာဝန်ရှိသူတွေဟာ ရာသီအဖွင့်မှာ ဘိုင်ယန်မြူးနစ်ကို ၈-ဝဂိုး၊ ဝါဒါဘရီမင်ကို ၃-၁ ဂိုးတွေနဲ့ အသီးသီးအရှက်တကွဲ အရေးနိမ့်ခဲ့ပြီးနောက် ဝက်ဂ်နာရဲ့နေရာမှာ မန်နူရယ်ဘမ်းကို အစားထိုးခန့်အပ်ခဲ့တာဖြစ်ပါတယ်။
အသင်းတာဝန်ရှိသူတွေက နည်းပြအပြောင်းအလဲပြုလုပ်ခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါမှာ ၁၈ပွဲဆက် နိုင်ပွဲပျောက်နေတဲ့အထိ ရလဒ်တွေဆိုးရွားနေမှုကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်ခဲ့ကြပါတယ်။


ဒါပေမဲ့ မန်နူရယ်ဘမ်းကို ခန့်အပ်ပြီးချိန်မှာလည်း ရှော်လ်ကေးရဲ့ရလဒ်တွေက ဆိုးရွားနေဆဲဖြစ်ပြီး အသင်းက ဘွန်ဒက်စ်လီဂါမှာ ၂၈ပွဲဆက် နိုင်ပွဲပျောက်နေသလို ယခုအခါ ဘွန်ဒက်စ်လီဂါရာသီအဖွင့် ၁၂ပွဲမှာ ရမှတ် ၄ မှတ်နဲ့ ဇယားအောက်ဆုံးရောက်နေရပါတယ်။

သူ့လက်ထက် အသင်းရဲ့တစ်ပွဲတည်းသောနိုင်ပွဲကလည်း ပိုကယ်ဖလားပြိုင်ပွဲမှာဖြစ်ပြီး စတုတ္ထတန်းကလပ် ရှဝိန်းဖတ်အသင်းကိုအနိုင်ရခဲ့တာဖြစ်ပါတယ်။


သတင်းတွေရဲ့ဖော်ပြချက်အရ ရှော်လ်ကေးအသင်းဘုတ်အဖွဲ့ဝင် စတီဗင်က ၂၀၂၀ အတွင်း ကစားရမယ့် လက်ကျန် ၂ပွဲမှာ ယာယီနည်းပြအဖြစ် တာဝန်ယူသွားမယ်လို့ သိရပြီး စနေညမှာကစားမယ့် ဘီလီဖီးလ်နဲ့လိဂ်ပွဲရယ်၊ Ulm အသင်းနဲ့ ပိုကယ်ဖလားပွဲတွေဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ရလဒ္ဆုိးေတြေၾကာင့္ ယခုရာသီအတြင္း ဒုတိယေျမာက္အျဖစ္ နည္းျပကို ထုတ္ပယ္လုိက္တဲ့ ေရွာ္လ္ေကး
ေရွာ္လ္ေကးအသင္းနည္းျပ မန္ႏူရယ္ဘမ္းဟာ အသင္းနည္းျပအျဖစ္ လိဂ္ ၁၀ပြဲသာကုိင္တြယ္ခြင့္ရခဲ့ၿပီးေနာက္ ယခုအခါ နည္းျပရာထူးကေန ထုတ္ပယ္ခံလုိက္ရၿပီျဖစ္ပါတယ္။
ေရွာ္လ္ေကးဟာ ယခုရာသီအစမွာ ရလဒ္ေတြ သိသိသာသာဆုိးရြားခဲ့ၿပီးေနာက္ နည္းျပေဒးဗစ္၀က္ဂ္နာကို ရာထူးကေန ထုတ္ပယ္လုိက္ၿပီး ဟက္ဒါဖီးလ္နည္းျပေဟာင္းရဲ႕ေနရာမွာ မန္ႏူရယ္ဘမ္းကို အစားထုိးခန္႔အပ္ခဲ့တာျဖစ္ပါတယ္။
ဒါေပမ့ဲ မန္ႏူရယ္ဘမ္းကလည္း ေရွာ္လ္ေကးကို ရလဒ္ေကာင္းေတြ ျပန္လည္ရရွိေအာင္ ဦးေဆာင္ႏိုင္ျခင္းမရွိဘဲ ဘြန္ဒက္စ္လီဂါမွာ ၄ပဲြသေရ ၆ပြဲ႐ံႈးနိမ့္ခဲ့ပါတယ္။ သူ႕ေနရာမွာ အသင္းရဲ႕ဘုတ္အဖြဲ႕၀င္ ဟက္စတီဗင္က ယာယီနည္းျပအျဖစ္ တာ၀န္ယူမွာျဖစ္ပါတယ္။
ေရွာ္လ္ေကးအသင္းတာ၀န္ရွိသူေတြဟာ ရာသီအဖြင့္မွာ ဘိုင္ယန္ျမဴးနစ္ကို ၈-၀ဂိုး၊ ၀ါဒါဘရီမင္ကို ၃-၁ ဂိုးေတြနဲ႔ အသီးသီးအရွက္တကဲြ အေရးနိမ့္ခဲ့ၿပီးေနာက္ ၀က္ဂ္နာရဲ႕ေနရာမွာ မန္ႏူရယ္ဘမ္းကို အစားထုိးခန္႔အပ္ခဲ့တာျဖစ္ပါတယ္။

အသင္းတာ၀န္ရွိသူေတြက နည္းျပအေျပာင္းအလဲျပဳလုပ္ခဲ့ၿပီးေနာက္ ဘြန္ဒက္စ္လီဂါမွာ ၁၈ပဲြဆက္ ႏုိင္ပြဲေပ်ာက္ေနတဲ့အထိ ရလဒ္ေတြဆုိးရြားေနမႈကို အဆုံးသတ္ႏိုင္ဖို႔ ေမွ်ာ္လင့္ခဲ့ၾကပါတယ္။
ဒါေပမဲ့ မန္ႏူရယ္ဘမ္းကို ခန္႔အပ္ၿပီးခ်ိန္မွာလည္း ေရွာ္လ္ေကးရဲ႕ရလဒ္ေတြက ဆုိးရြားေနဆဲျဖစ္ၿပီး အသင္းက ဘြန္ဒက္စ္လီဂါမွာ ၂၈ပြဲဆက္ ႏိုင္ပြဲေပ်ာက္ေနသလုိ ယခုအခါ ဘြန္ဒက္စ္လီဂါရာသီအဖြင့္ ၁၂ပြဲမွာ ရမွတ္ ၄ မွတ္နဲ႔ ဇယားေအာက္ဆုံးေရာက္ေနရပါတယ္။
သူ႕လက္ထက္ အသင္းရဲ႕တစ္ပြဲတည္းေသာႏုိင္ပြဲကလည္း ပိုကယ္ဖလားၿပိဳင္ပဲြမွာျဖစ္ၿပီး စတုတၳတန္းကလပ္ ရွ၀ိန္းဖတ္အသင္းကိုအႏိုင္ရခဲ့တာျဖစ္ပါတယ္။
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ေရွာ္လ္ေကးအသင္းဘုတ္အဖြဲ႕၀င္ စတီဗင္က ၂၀၂၀ အတြင္း ကစားရမယ့္ လက္က်န္ ၂ပြဲမွာ ယာယီနည္းျပအျဖစ္ တာ၀န္ယူသြားမယ္လုိ႔ သိရၿပီး စေနညမွာကစားမယ့္ ဘီလီဖီးလ္နဲ႔လိဂ္ပြဲရယ္၊ Ulm အသင္းနဲ႔ ပုိကယ္ဖလားပြဲေတြျဖစ္ပါတယ္။