ရာစုနှစ် အကောင်းဆုံးဆုတွေပါ ထည့်သွင်းချီးမြှင့်မယ့် Globe Soccer Awards ဆုဆန်ခါတင်စာရင်းမှာ စီရော်နယ်ဒို၊ မက်ဆီ၊ ဖာဂူဆန်၊ မော်ရင်ဟိုတို့ ပါဝင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နှစ်စဉ် ဒူဘိုင်းနိုင်ငံက သူဌေးတွေနဲ့ စီးပွားရေးလုပ်ငန်းများဦးစီးပြီးပေးအပ်တဲ့ Globe Soccer Awards ဆုရဲ့ ဆန်ခါတင်စာရင်းတွေကို တရားဝင်ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီနှစ်မှာ ကဏ္ဍ ၇ မျိုးအထိခွဲပြီး ဆုတွေကိုပေးအပ်ချီးမြှင့်သွား မှာဖြစ်တယ်လို့ သိရပါတယ်။

Player of the Year 2020 တစ်နှစ်တာအတွက် အကောင်းဆုံးကစားသမားဆုအတွက်ကို နာမည်ကြီးစီရော်နယ်ဒိုနဲ့ မက်ဆီတို့ ၂ ဦးအပြင် ပြိုင်ပွဲပေါင်းစုံ ဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့ လီဝမ်ဒေါစကီးတို့က ဆန်ခါတင် စာရင်းမှာ ပါဝင်နေပါတယ်။

ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီ ကလပ်အသင်းအတွက် စွမ်းဆောင်ရည်နဲ့ အောင်မြင်မှုတွေကိုကြည့်ပြီး ပေးအပ်မယ်ဆိုရင် ဒီဆုကိုရဖို့ လီဝမ်ဒေါစကီး ရေပန်းအစားဆုံးဖြစ်နေတာပါ။

အကောင်းဆုံးကလပ်အသင်းဆု အတွက် ဆန်ခါတင်စာရင်းမှာတော့ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူး၊ ဖလား ၄ လုံးပိုင်ရှင် ဘိုင်ယန်မြူးနစ်၊ လာလီဂါချန်ပီယံ ရီးရဲလ်တို့ပါဝင်နေပေမယ့် ဒီဆုဟာ ဘိုင်ယန်အတွက်ပဲ ဖြစ်လာဖို့ရှိပါတယ်။

တစ်နှစ်တာအတွက် အကောင်းဆုံး နည်းပြဆုဆန်ခါတင်စာရင်းအတွက်ကတော့ အကြိတ်အနယ်ဖြစ်ဖို့ရှိပြီး လီဗာပူး ကို နှစ်ပေါင်း ၃၀ အတွင်း ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ယူပေးတဲ့ ဂျာဂင်ကလော့ပ် ဟာ ဘိုင်ယန်နည်းပြ ဟန်ဆီဖလစ်နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ရဖို့ရှိသလို အတ္တ လန္တာအသင်းကို အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြဂတ်စ်ပါရီနီလည်း ပါဝင်နေပါတယ်။

ဒီနှစ်ဟာ ၂၀၂၀ ဆယ်ပြည့်နှစ်တဲ့အတွက် ရာစုနှစ်တစ်ခုစာ အကောင်းဆုံးဆုတွေ ကိုလည်း ထည့်သွင်းပေးအပ်သွားဖို့ရှိနေပါတယ်။ ဆုတစ်ခုချင်းစီအလိုက် ရေပန်း စားမှုတွေကို ဖော်ပြရမယ်ဆိုရင်တော့…

ရာစုနှစ်အကောင်းဆုံး ကစားသမား (၂၀၀၁-၂၀၂၀)
စီရော်နယ်ဒို၊ မက်ဆီ၊ ရော်နယ်ဒင်ဟို၊ ဆာလက်

ရာစုနှစ်အကောင်းဆုံးကလပ်အသင်း (၂၀၀၁-၂၀၂၀)
ရီးရဲလ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ အယ်လ်ဟာလီ

ရာစုနှစ်အကောင်းဆုံးနည်းပြ (၂၀၀၁-၂၀၂၀)
ဖာဂူဆန်၊ ဇီဒန်း၊ မော်ရင်ဟို၊ ဂွါဒီယိုလာ

ရာစုနှစ်အကောင်းဆုံးဘောလုံးအေးဂျင့် (၂၀၀၁-၂၀၂၀)
ဂျော့ချ်မန်ဒက်၊ ရွိုင်အိုလာ၊ ဘရန်ချီနီ

ရာစုနှစ်အတွက် ပေးအပ်တဲ့ဆုတွေထဲမှာ အကောင်းဆုံးကစားသမားဆုနဲ့ အကောင်းဆုံးနည်းပြဆုတွေဟာ ဝေခွဲဖို့ခက်ပြီး အကြိတ်အနယ်အရှိဆုံး ဖြစ်လာမှာပါ။

နည်းပြဆုအတွက်ဆိုရင် မန်ယူနည်းပြဟောင်း ဖာဂူဆန်က ဖာဂူဆန်ခေတ်လို့ နာမည်တပ်ရလောက်အောင် ခေတ်တစ်ခေတ် ထူထောင်ခဲ့သူ ဖြစ်သလို ဂွါဒီယိုလာကလည်း အချိန်တိုအတွင်း ဖလားအရေအတွက် အများဆုံး ဆွတ်ခူးထားတဲ့သူပါ။

ဇီဒန်းကတော့ ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ဟက်ထရစ်ဆွတ်ခူးထားတဲ့သူဖြစ်ပြီး မော်ရင်ဟိုဟာ အင်္ဂလန်၊ အီတလီနဲ့ စပိန်တို့မှာ နည်းပြရင်း ချန်ပီယံဘွဲ့တွေယူထားတဲ့သူဖြစ်တာကြောင့် လုံးဝကို အကြိတ်အနယ်ပါပဲ။ ဆုပေးပွဲကို လာမယ့်ဒီဇင်ဘာ ၂၇ ရက်နေ့ညမှာ ဒူဘိုင်းနိုင်ငံ မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ရာစုႏွစ္ အေကာင္းဆံုးဆုေတြပါ ထည့္သြင္းခ်ီးျမွင့္မယ့္ Globe Soccer Awards ဆုဆန္ခါတင္စာရင္းမွာ စီေရာ္နယ္ဒို၊ မက္ဆီ၊ ဖာဂူဆန္၊ ေမာ္ရင္ဟိုတို႔ ပါ၀င္

ႏွစ္စဥ္ ဒူဘိုင္းႏိုင္ငံက သူေဌးေတြနဲ႔ စီးပြားေရးလုပ္ငန္းမ်ားဦးစီးၿပီးေပးအပ္တဲ့ Globe Soccer Awards ဆုရဲ႕ ဆန္ခါတင္စာရင္းေတြကို တရား၀င္ထုတ္ျပန္ ေၾကညာခဲ့ပါတယ္။ ဒီႏွစ္မွာ က႑ ၇ မ်ဳိးအထိခြဲၿပီး ဆုေတြကိုေပးအပ္ခ်ီးျမွင့္သြား မွာျဖစ္တယ္လို႔ သိရပါတယ္။

Player of the Year 2020 တစ္ႏွစ္တာအတြက္ အေကာင္းဆံုးကစားသမားဆုအတြက္ကို နာမည္ႀကီးစီေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔ ၂ ဦးအျပင္ ၿပိဳင္ပြဲေပါင္းစံု ဂိုးသြင္းဘုရင္ျဖစ္ခဲ့တဲ့ လီ၀မ္ေဒါစကီးတို႔က ဆန္ခါတင္ စာရင္းမွာ ပါ၀င္ေနပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ေဘာလံုးရာသီ ကလပ္အသင္းအတြက္ စြမ္းေဆာင္ရည္နဲ႔ ေအာင္ျမင္မႈေတြကိုၾကည့္ၿပီး ေပးအပ္မယ္ဆိုရင္ ဒီဆုကိုရဖို႔ လီ၀မ္ေဒါစကီး ေရပန္းအစားဆံုးျဖစ္ေနတာပါ။ အေကာင္းဆံုးကလပ္အသင္းဆု အတြက္ ဆန္ခါတင္စာရင္းမွာေတာ့ ပရီးမီးယားလိဂ္ခ်န္ပီယံ လီဗာပူး၊ ဖလား ၄ လံုးပိုင္ရွင္ ဘိုင္ယန္ျမဴးနစ္၊ လာလီဂါခ်န္ပီယံ ရီးရဲလ္တို႔ပါ၀င္ေနေပမယ့္ ဒီဆုဟာ ဘုိင္ယန္အတြက္ပဲ ျဖစ္လာဖုိ႔ရွိပါတယ္။

တစ္ႏွစ္တာအတြက္ အေကာင္းဆံုး နည္းျပဆုဆန္ခါတင္စာရင္းအတြက္ကေတာ့ အႀကိတ္အနယ္ျဖစ္ဖို႔ရွိၿပီး လီဗာပူး ကို ႏွစ္ေပါင္း ၃၀ အတြင္း ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ယူေပးတဲ့ ဂ်ာဂင္ကေလာ့ပ္ ဟာ ဘိုင္ယန္နည္းျပ ဟန္ဆီဖလစ္နဲ႔ အႀကိတ္အနယ္ယွဥ္ၿပိဳင္ရဖို႔ရွိသလို အတၱ လႏၱာအသင္းကို အသင္းရဲ႕သမိုင္းတစ္ေလွ်ာက္ ပထမဆံုးအႀကိမ္ ခ်န္ပီယံလိဂ္ ၀င္ခြင့္ရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တဲ့ နည္းျပဂတ္စ္ပါရီနီလည္း ပါ၀င္ေနပါတယ္။ ဒီႏွစ္ဟာ ၂၀၂၀ ဆယ္ျပည့္ႏွစ္တဲ့အတြက္ ရာစုႏွစ္တစ္ခုစာ အေကာင္းဆံုးဆုေတြ ကိုလည္း ထည့္သြင္းေပးအပ္သြားဖို႔ရွိေနပါတယ္။ ဆုတစ္ခုခ်င္းစီအလိုက္ ေရပန္း စားမႈေတြကို ေဖာ္ျပရမယ္ဆုိရင္ေတာ့…

ရာစုႏွစ္အေကာင္းဆံုး ကစားသမား (၂၀၀၁-၂၀၂၀)
စီေရာ္နယ္ဒို၊ မက္ဆီ၊ ေရာ္နယ္ဒင္ဟို၊ ဆာလက္

ရာစုႏွစ္အေကာင္းဆံုးကလပ္အသင္း (၂၀၀၁-၂၀၂၀)
ရီးရဲလ္၊ ဘာစီလိုနာ၊ ဘိုင္ယန္ျမဴးနစ္၊ အယ္လ္ဟာလီ

ရာစုႏွစ္အေကာင္းဆံုးနည္းျပ (၂၀၀၁-၂၀၂၀)
ဖာဂူဆန္၊ ဇီဒန္း၊ ေမာ္ရင္ဟို၊ ဂြါဒီယိုလာ

ရာစုႏွစ္အေကာင္းဆံုးေဘာလံုးေအးဂ်င့္ (၂၀၀၁-၂၀၂၀)
ေဂ်ာ့ခ်္မန္ဒက္၊ ရြိဳင္အိုလာ၊ ဘရန္ခ်ီနီ

ရာစုႏွစ္အတြက္ ေပးအပ္တဲ့ဆုေတြထဲမွာ အေကာင္းဆံုးကစားသမားဆုနဲ႔ အေကာင္းဆံုးနည္းျပဆုေတြဟာ ေ၀ခြဲဖို႔ခက္ၿပီး အႀကိတ္အနယ္အရွိဆံုး ျဖစ္လာမွာပါ။ နည္းျပဆုအတြက္ဆိုရင္ မန္ယူနည္းျပေဟာင္း ဖာဂူဆန္က ဖာဂူဆန္ေခတ္လို႔ နာမည္တပ္ရေလာက္ေအာင္ ေခတ္တစ္ေခတ္ ထူေထာင္ခဲ့သူ ျဖစ္သလို ဂြါဒီယိုလာကလည္း အခ်ိန္တိုအတြင္း ဖလားအေရအတြက္ အမ်ားဆံုး ဆြတ္ခူးထားတဲ့သူပါ။ ဇီဒန္းကေတာ့ ခ်န္ပီယံလိဂ္ဖလားကို ၃ ႏွစ္ဆက္တိုက္ ဟက္ထရစ္ဆြတ္ခူးထားတဲ့သူျဖစ္ၿပီး ေမာ္ရင္ဟိုဟာ အဂၤလန္၊ အီတလီနဲ႔ စပိန္တုိ႔မွာ နည္းျပရင္း ခ်န္ပီယံဘြဲ႕ေတြယူထားတဲ့သူျဖစ္တာေၾကာင့္ လံုး၀ကို အႀကိတ္အနယ္ပါပဲ။ ဆုေပးပြဲကို လာမယ့္ဒီဇင္ဘာ ၂၇ ရက္ေန႔ညမွာ ဒူဘုိင္းႏိုင္ငံ မွာ က်င္းပသြားမွာျဖစ္ပါတယ္။