ရာထူးကနေဖြုတ်သင့် မဖြုတ်သင့် ကစားပွဲ ၃ ပွဲနဲ့ ဆုံးဖြတ်ခံရမယ့် အာတီတာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ် အသင်း ရဲ့ ထိပ်တန်းတာဝန်ရှိသူတွေဟာ အသင်းရဲ့ နည်းပြ ဖြစ်သူ အာတီတာ ရဲ့ ဒီရာသီ စွမ်းဆောင်ရည်တွေ အပေါ် အားမလို အားမရ ဖြစ်နေကြပါတယ်။ ဒါကြောင့် ရာထူးကနေ ထုတ်သင့်မထုတ်သင့်စဉ်းစားနေကြပါပြီ။ ကြားသိရတဲ့ သတင်းတွေအရတော့ နည်းပြ အာတီတာရဲ့ အရည်အသွေး ကို အကဲဖြတ်ခံဖို့ နောက်ဆုံး ပွဲစဉ် ၃ ပွဲ အချိန်ပေးခံထားရကြောင်း သိရပါတယ်။

အာတီတာဟာ နည်းပြ ရာထူးက ထုတ်ပယ် မခံရဖို့အတွက် အဲဒီပွဲစဉ် ၃ ပွဲမှာ ကောင်းမွန်တဲ့ ရလဒ်ထွက်ပေါ်အောင် ကြိုးစားဖို့ အရေးကြီးပါတယ်။ အာတီတာ အနေနဲ့ အဲဒီသုံးပွဲမှာ ရလဒ်ဆိုးတွေ ထွက်ပေါ်ခဲ့ရင်တော့ ခရစ်စမတ် မတိုင်ခင် အသင်းကနေ ထုတ်ပယ်ခံရဖွယ် အနေအထား ရှိနေပါတယ်။ အာတီတာနဲ့ ပတ်သက်ပြီး ကာရေဂါက အခုလိုပြောဆိုခဲ့ဖူးပါတယ်။ “မနှစ်က အာတီတာ ရဲ့ စွမ်းဆောင်ရည်တွေကို အများကြီး သဘောကျခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ သူဟာ ပက်ဂွာဒီယိုလာ ရဲ့ စတိုင်ကို အသက်သွင်းဖို့ ကြိုးစားနေတဲ့ အချက်က ကြီးမားလွန်းတဲ့ အမှားကြီးပါပဲ။”

“ကိုယ့်ရဲ့ အသင်းက ကစားသမားတွေက အပတ်တိုင်း ကြိုးစားအားထုတ်မှုကောင်းကောင်းနဲ့ ကစားဖို့ အရည်အသွေး မရှိတဲ့ အချိန်မှာ ပြဿနာတွေ က စတင် ပေါ်ပေါက်လာခဲ့တော့တာပါပဲ။ ပက်ဂွာဒီယိုလာ ရဲ့ အသင်းမှာက ကစားသမားတိုင်းဟာ စုစုစည်းစည်း အလုပ်လုပ်နိုင်စွမ်း ရှိသလို ၊ ဘောလုံး ခြေထဲမှာ မရှိရင်တောင် ခံစစ်အတွက် ၊ ဘောလုံး ပြန်ရဖို့ အတွက် အချိန်တိုင်း ပြေးလွှားနေတဲ့ သူတွေ ဖြစ်ကြတယ်။”ဆိုပြီး ကာရေဂါကပြောဆိုထားပါတယ်။

အာဆင်နယ် အသင်း အနေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အပြီးမှာ ၄ ပွဲသာ အနိုင်ရရှိထားကာ ၆ ပွဲအထိ ရှုံးနိမ့်ထားပြီး၁ ပွဲသရေ ကျထားတာကြောင့် ရမှတ် ၁၃ မှတ် နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာကို ရောက်ရှိနေခဲ့ပါတယ်။ အာဆင်နယ် လို အသင်းမျိုး အနေနဲ့ အဲဒီအနေအထား ဟာ လက်ခံနိုင်စရာ အနေအထားမှာ ရှိမနေတာကြောင့် နည်းပြ အာတီတာ အနေနဲ့ အမျိုးမျိုး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

အာတီတာ အနေနဲ့ ယခုတစ်ပတ်မှာ ဘန်လေ အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားသွားရမှာ ဖြစ်ပြီး၊ နောက်သုံးရက် အကြာမှာတော့ ဆောက်တမ်တန် အသင်း နဲ့ ကစားရမှာ ဖြစ်ကာ နောက်တစ်ပတ် စနေနေ့မှာတော့ အဲဗာတန် နဲ့ ရင်ဆိုင် ကစားသွားရမှာ ဖြစ်ပါတယ်။အာတီတာ အနေနဲ့ အဲဒီ သုံးပွဲမှာ ရလဒ်ကောင်း ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ရင် ထိုင်ခုံကနေဖယ်ပေးရတော့မယ်ဆိုပြီးသတင်းတွေထွက်နေတာပါ။

အာတီတာ နေရာကို ရယူနိုင်တဲ့ သူအဖြစ်ရေပန်းစားနေတာကတော့ ဂျူဗင်တပ် အသင်းနည်းပြဟောင်း ဖြစ်သူ မာစီမီလီယာနို အလက်ဂရီ ပါ။မာစီမီလီယာနို အလက်ဂရီ အနေနဲ့ ဂျူဗင်တပ် အသင်းကို နည်းပြခဲ့တာဟာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ဖြစ်ပါတယ်။

မာစီမီလီယာနို အလက်ဂရီ ဟာ ဂျူဗင်တပ် အသင်းကို စီးရီးအေ ဖလား လေးကြိမ်ဆက် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို သူ့ရဲ့ နောက်ဆုံး ရာသီမှာလည်း အသင်းကို အဆင့် ၅ နေရာအထိ ရောက်ရှိအောင် ပို့ဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင်သူဟာ ၂၀၁၅ ခုနှစ်က ဖီဖာရဲ့ ကမ္ဘာ့အကောင်းဆုံးနည်းပြ ၁၀ ယောက် စာရင်းမှာလည်း ပါဝင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ရာထူးကေနျဖဳတ္သင့္ မျဖဳတ္သင့္ ကစားပြဲ ၃ ပြဲနဲ႔ ဆုံးျဖတ္ခံရမယ့္ အာတီတာ

အာဆင္နယ္ အသင္း ရဲ႕ ထိပ္တန္းတာဝန္ရွိသူေတြဟာ အသင္းရဲ႕ နည္းျပ ျဖစ္သူ အာတီတာ ရဲ႕ ဒီရာသီ စြမ္းေဆာင္ရည္ေတြ အေပၚ အားမလို အားမရ ျဖစ္ေနၾကပါတယ္။ ဒါေၾကာင့္ ရာထူးကေန ထုတ္သင့္မထုတ္သင့္စဥ္းစားေနၾကပါၿပီ။ ၾကားသိရတဲ့ သတင္းေတြအရေတာ့ နည္းျပ အာတီတာရဲ႕ အရည္အေသြး ကို အကဲျဖတ္ခံဖို႔ ေနာက္ဆံုး ပြဲစဥ္ ၃ ပြဲ အခ်ိန္ေပးခံထားရေၾကာင္း သိရပါတယ္။ အာတီတာဟာ နည္းျပ ရာထူးက ထုတ္ပယ္ မခံရဖို႔အတြက္ အဲဒီပြဲစဥ္ ၃ ပြဲမွာ ေကာင္းမြန္တဲ့ ရလဒ္ထြက္ေပၚေအာင္ ႀကိဳးစားဖို႔ အေရးႀကီးပါတယ္။ အာတီတာ အေနနဲ႔ အဲဒီသုံးပြဲမွာ ရလဒ္ဆိုးေတြ ထြက္ေပၚခဲ့ရင္ေတာ့ ခရစ္စမတ္ မတိုင္ခင္ အသင္းကေန ထုတ္ပယ္ခံရဖြယ္ အေနအထား ရွိေနပါတယ္။ အာတီတာနဲ႔ ပတ္သက္ၿပီး ကာေရဂါက အခုလိုေျပာဆိုခဲ့ဖူးပါတယ္။ “မႏွစ္က အာတီတာ ရဲ႕ စြမ္းေဆာင္ရည္ေတြကို အမ်ားႀကီး သေဘာက်ခဲ့ပါတယ္။ ဒါေပမယ့္ ဒီရာသီမွာေတာ့ သူဟာ ပက္ဂြာဒီယိုလာ ရဲ႕ စတိုင္ကို အသက္သြင္းဖို႔ ႀကိဳးစားေနတဲ့ အခ်က္က ႀကီးမားလြန္းတဲ့ အမွားႀကီးပါပဲ။”

“ကိုယ့္ရဲ႕ အသင္းက ကစားသမားေတြက အပတ္တိုင္း ၾကိဳးစားအားထုတ္မႈေကာင္းေကာင္းနဲ႕ ကစားဖို႔ အရည္အေသြး မရွိတဲ့ အခ်ိန္မွာ ျပႆနာေတြ က စတင္ ေပၚေပါက္လာခဲ့ေတာ့တာပါပဲ။ ပက္ဂြာဒီယိုလာ ရဲ႕ အသင္းမွာက ကစားသမားတိုင္းဟာ စုစုစည္းစည္း အလုပ္လုပ္ႏိုင္စြမ္း ရွိသလို ၊ ေဘာလုံး ေျခထဲမွာ မရွိရင္ေတာင္ ခံစစ္အတြက္ ၊ ေဘာလုံး ျပန္ရဖို႔ အတြက္ အခ်ိန္တိုင္း ေျပးလႊားေနတဲ့ သူေတြ ျဖစ္ၾကတယ္။”ဆိုၿပီး ကာ​ေရဂါက​ေျပာဆိုထားပါတယ္။ အာဆင္နယ္ အသင္း အေနနဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၁ အၿပီးမွာ ၄ ပြဲသာ အႏိုင္ရရွိထားကာ ၆ ပြဲအထိ ရႈံးနိမ့္ထားၿပီး၁ ပြဲသေရ က်ထားတာေၾကာင့္ ရမွတ္ ၁၃ မွတ္ နဲ႔ အမွတ္ေပးဇယားရဲ႕ အဆင့္ ၁၅ ေနရာကို ေရာက္ရွိေနခဲ့ပါတယ္။ အာဆင္နယ္ လို အသင္းမ်ိဳး အေနနဲ႔ အဲဒီအေနအထား ဟာ လက္ခံႏိုင္စရာ အေနအထားမွာ ရွိမေနတာေၾကာင့္ နည္းျပ အာတီတာ အေနနဲ႔ အမ်ိဳးမ်ိဳး ေဝဖန္ခံေနရတာ ျဖစ္ပါတယ္။

အာတီတာ အေနနဲ႔ ယခုတစ္ပတ္မွာ ဘန္ေလ အသင္းကို အိမ္ကြင္းမွာ လက္ခံ ကစားသြားရမွာ ျဖစ္ၿပီး၊ ေနာက္သုံးရက္ အၾကာမွာေတာ့ ေဆာက္တမ္တန္ အသင္း နဲ႔ ကစားရမွာ ျဖစ္ကာ ေနာက္တစ္ပတ္ စေနေန႔မွာေတာ့ အဲဗာတန္ နဲ႔ ရင္ဆိုင္ ကစားသြားရမွာ ျဖစ္ပါတယ္။အာတီတာ အေနနဲ႔ အဲဒီ သုံးပြဲမွာ ရလဒ္ေကာင္း ရရွိေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ရင္ ထိုင္ခုံက​ေနဖယ္​ေပးရေတာ့မယ္ဆိုၿပီးသတင္းေတြထြက္ေနတာပါ။ အာတီတာ ေနရာကို ရယူႏိုင္တဲ့ သူ​အျဖစ္​ေရပန္းစား​ေနတာက​ေတာ့ ဂ်ဴဗင္တပ္ အသင္းနည္းျပေဟာင္း ျဖစ္သူ မာစီမီလီယာႏို အလက္ဂရီ ပါ။မာစီမီလီယာႏို အလက္ဂရီ အေနနဲ႔ ဂ်ဴဗင္တပ္ အသင္းကို နည္းျပခဲ့တာဟာ လြန္ခဲ့တဲ့ တစ္ႏွစ္ခြဲေလာက္က ျဖစ္ပါတယ္။ မာစီမီလီယာႏို အလက္ဂရီ ဟာ ဂ်ဴဗင္တပ္ အသင္းကို စီးရီးေအ ဖလား ေလးႀကိမ္ဆက္ ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သလို သူ႔ရဲ႕ ေနာက္ဆုံး ရာသီမွာလည္း အသင္းကို အဆင့္ ၅ ေနရာအထိ ေရာက္ရွိေအာင္ ပို႔ေဆာင္ႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္သူဟာ ၂၀၁၅ ခုႏွစ္က ဖီဖာရဲ႕ ကမာၻ႔အေကာင္းဆုံးနည္းျပ ၁၀ ေယာက္ စာရင္းမွာလည္း ပါဝင္ႏိုင္ခဲ့သူ ျဖစ္ပါတယ္။