ရာမို့စ်ရဲ့ နေရာအပြောင်းအလဲကိစ္စကို ဖော်ထုတ်တဲ့ ဂါရတ်ဘေးလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရဲလ် အသင်းခေါင်းဆောင် ရာမို့စ်ဟာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်လို့ အသင်းကနေ အလွတ်နဲ့ ထွက်ခွာလာခဲ့ပြီဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ရာမို့စ်အခြေအနေကိုစောင့်ကြည့်နေပြီး ဆိုးလ်ရှားကလည်း နောက်တန်းနေရာအတွက် ရာမို့စ်ကိုခေါ်ယူချင်နေပါတယ်။

ရီးရဲလ်နောက်ခံလူဟောင်း ရာမို့စ်ဟာ မန်စီးတီးအသင်းထက် ယူနိုက်တက်ကိုသာ ပြောင်းချင်နေတယ်လို့ သတင်းအချို့က ဖော်ပြခဲ့ကြပါတယ်။

ယူနိုက်တက်က ပစ်မှတ်ကစားသမားတွေ များနေပြီး ထိအောင် မပစ်နိုင်သေးပါဘူး။

ရီးရဲလ် အသင်းဖော်ဟောင်း ဂါရတ်ဘေးလ် က ရာမို့စ် ပြောင်းလဲ ကစားမယ့်နေရာကိစ္စကို သူသိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဘေးလ်က အတည်ပေါက်နဲ့ နောက်တဲ့လူ ဇာတ်ကားကို ရိုက်ခဲ့တာပါ။

သူ့ရဲ့ပြောဆိုချက်ဟာ အားလုံးကို ပွဲကျစေခဲ့ပါတယ်။

ဂါရတ်ဘေးလ် က “လာမယ့်ရာသီ ရာမို့စ် ဘယ်နေရာမှာ ကစားမလဲဆိုတာ ကျွန်တော်သိတယ်လို့ “ မီဒီယာတွေကို နားရွက်ထောင်အောင်လုပ်ပါတယ်။

အဲဒါကို သတင်းထောက်က “မင်း ငါတို့ကို ပြောပြနိုင်မလားလို့” ပြန်လည်မေး ခဲ့ပါတယ်။

ဒီအချိန်မှာ ဂါရတ်ဘေးလ် က “သူက ခံစစ်မှာ ကစားလိမ့်မယ်လို့”ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ဂါရတ်ဘေးလ် ရဲ့ပြောဆိုမှုကြောင့် အားလုံးပွဲကျခဲ့ရပါတယ်။

ရာမို့စ် ဟာ ရီးရဲလ် အသင်းမှာ ဂိုးပေါင်း(၁၀၀)ကျော်သွင်းယူခဲ့ပြီး ချန်ပီယံလိဂ်ဖလား (၄)ကြိမ်အပါအဝင် အောင်မြင်မှုအများအပြားရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရာမို့စ် ဟာ ကြံ့ခိုင်မှုပိုင်းကြောင့် ယူရိုပြိုင်ပွဲဝင် စပိန်အသင်းလူစာရင်းမှာ မပါပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi






