ရာမို့စ်အနေနဲ့ လာမယ့် အပြောင်းအရွေ့မှာ အသင်းကနေ ထွက်တော့မယ်လို့ အတည်ပြုလိုက်ပြီ ဖြစ်တဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းမှာ ကာလရှည် (၁၆) နှစ်ကြာ ကစားပြီး ဖြစ်တဲ့ ဗဟို ခံစစ်မှူး ရာမို့စ်အနေနဲ့ လာမယ့် နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ အသင်းကနေ ထွက်တော့မယ်လို့ အတည်ပြုခဲ့ပြီ ဖြစ်ပါတယ်။

ရီးရဲလ်အသင်းဟာ နောက်ခံလူ ရာမို့စ်ကို စာချုပ် လစာ (၁၀) ရာခိုင်နှုန်း လျှော့ပေးပြီး နောက်ထပ် (၁) နှစ်ကြာ အသင်းမှာ ဆက်ကစားပေးဖို့အတွက် ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားဖက်ကနေ လက်မခံခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ် နောက်ခံလူ ရာမို့စ်ဟာ ယခုလ ဇွန်လ (၃၀) ရက်နေ့မှာ ရီးရဲလ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ လက်ရှိ စာချုပ် ကုန်ဆုံးသွားတော့မှာ ဖြစ်ပြီး စာချုပ်သစ် ထပ်တိုးဖို့အတွက် နှစ်ဖက်စလုံး သဘောတူညီမှု မရခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်အသင်းဟာ ယနေ့၊ ဇွန် (၁၇) ရက်နေ့၊ ကြာသပတေးနေ့၊ စပိန် စံတော်ချိန်၊ နေ့လည် (၁၂း၃၀) အချိန်မှာ နောက်ခံလူ ရာမို့စ်ကို နှုတ်ဆက် ဂုဏ်ပြုမှု ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့ တရားဝင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ် အသင်းခေါင်းဆောင် နောက်ခံလူ ရာမို့်စ်ဟာ ရီးရဲလ်အသင်းမှာ (၁၆) ရာသီကြာ ကစားခဲ့ပြီး ပြိုင်ပွဲစုံ ပွဲစဉ် စုစုပေါင်း (၆၇၁) ပွဲ ကစားထားရာမှာတော့ ပြိုင်ပွဲစုံ သွင်းဂိုး စုစုပေါင်း (၁၀၁) ဂိုးအထိ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

နောက်ခံလူ ရာမို့စ်ဟာ ရီးရဲလ်အသင်းနဲ့ အတူ လာလီဂါ (၅) ကြိမ်၊ ချန်ပီယံလိဂ် (၄) ကြိမ်၊ ကိုပါဒယ်ရေးလ် (၂) ကြိမ်၊ စပိန်စူပါဖလား (၃) ကြိမ်၊ UEFA စူပါဖလား (၃) ကြိမ် နဲ့ ဖီဖာ ကမ္ဘာ့ ဖလား (၄) ကြိမ်တို့ကို ရရှိခဲ့ပါတယ်။

စပိန် ဝါရင့် နောက်ခံလူ ရာမို့စ်ဟာ ရီးရဲလ်အသင်းကနေ ထွက်သွားပြီးရင် လီးဂူးဝမ်း ပြိုင်ပွဲက ပီအက်စ်ဂျီအသင်း ဒါမှမဟုတ်ရင် ပရီးမီးယားလိဂ် ပြိုင်ပွဲက မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ အလားအလာ အများဆုံး ဖြစ်နေပါတယ်။

အသက် (၃၅) နှစ်အရွယ် နောက်ခံလူ ရာမို့စ်ဟာ အမြင့်ဆုံး အဆင့်နဲ့ ကစားနိုင်သေးပေမယ့် စပိန် လက်ရွေးစင် နည်းပြ အင်းနရစ်ကတော့ ယူရို (၂၀၂၀) ပြိုင်ပွဲအတွက် နောက်ခံလူ ရာမို့စ်ကို မရွေးချယ်ဘဲ ချန်လှပ်ခဲ့ပါတယ်။

Zawgyi

ရာမို႔စ္အေနနဲ႔ လာမယ့္ အေျပာင္းအေ႐ြ႕မွာ အသင္းက ထြက္ေတာ့မယ္လို႔ အတည္ျပဳလိုက္ၿပီ ျဖစ္တဲ့ ရီးရဲလ္

ရီးရဲလ္မက္ဒရစ္အသင္းဟာ အသင္းမွာ ကာလရွည္ (၁၆) ႏွစ္ၾကာ ကစားၿပီး ျဖစ္တဲ့ ဗဟို ခံစစ္မႉး ရာမို႔စ္အေနနဲ႔ လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ြ႕ ေဈးကြက္မွာ အသင္းကေန ထြက္ေတာ့မယ္လို႔ အတည္ျပဳခဲ့ၿပီ ျဖစ္ပါတယ္။

ရီးရဲလ္အသင္းဟာ ေနာက္ခံလူ ရာမို႔စ္ကို စာခ်ဳပ္ လစာ (၁၀) ရာခိုင္ႏႈန္း ေလွ်ာ့ေပးၿပီး ေနာက္ထပ္ (၁) ႏွစ္ၾကာ အသင္းမွာ ဆက္ကစားေပးဖို႔အတြက္ ကမ္းလွမ္းခဲ့ေပမယ့္ ကစားသမားဖက္ကေန လက္မခံခဲ့တာ ျဖစ္ပါတယ္။

ရီးရဲလ္ ေနာက္ခံလူ ရာမို႔စ္ဟာ ယခုလ ဇြန္လ (၃၀) ရက္ေန႔မွာ ရီးရဲလ္အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ လက္ရွိ စာခ်ဳပ္ ကုန္ဆုံးသြားေတာ့မွာ ျဖစ္ၿပီး စာခ်ဳပ္သစ္ ထပ္တိုးဖို႔အတြက္ ႏွစ္ဖက္စလုံး သေဘာတူညီမႈ မရခဲ့တာ ျဖစ္ပါတယ္။

ရီးရဲလ္အသင္းဟာ ယေန႔၊ ဇြန္ (၁၇) ရက္ေန႔၊ ၾကာသပေတးေန႔၊ စပိန္ စံေတာ္ခ်ိန္၊ ေန႔လည္ (၁၂း၃၀) အခ်ိန္မွာ ေနာက္ခံလူ ရာမို႔စ္ကို ႏႈတ္ဆက္ ဂုဏ္ျပဳမႈ ျပဳလုပ္ေပးသြားမွာ ျဖစ္တယ္လို႔ တရားဝင္ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

ရီးရဲလ္ အသင္းေခါင္းေဆာင္ ေနာက္ခံလူ ရာမို႔္စ္ဟာ ရီးရဲလ္အသင္းမွာ (၁၆) ရာသီၾကာ ကစားခဲ့ၿပီး ၿပိဳင္ပြဲစုံ ပြဲစဥ္ စုစုေပါင္း (၆၇၁) ပြဲ ကစားထားရာမွာေတာ့ ၿပိဳင္ပြဲစုံ သြင္းဂိုး စုစုေပါင္း (၁၀၁) ဂိုးအထိ သြင္းယူခဲ့တာ ျဖစ္ပါတယ္။

ေနာက္ခံလူ ရာမို႔စ္ဟာ ရီးရဲလ္အသင္းနဲ႔ အတူ လာလီဂါ (၅) ႀကိမ္၊ ခ်န္ပီယံလိဂ္ (၄) ႀကိမ္၊ ကိုပါဒယ္ေရးလ္ (၂) ႀကိမ္၊ စပိန္စူပါဖလား (၃) ႀကိမ္၊ UEFA စူပါဖလား (၃) ႀကိမ္ နဲ႔ ဖီဖာ ကမာၻ႔ ဖလား (၄) ႀကိမ္တို႔ကို ရရွိခဲ့ပါတယ္။

စပိန္ ဝါရင့္ ေနာက္ခံလူ ရာမို႔စ္ဟာ ရီးရဲလ္အသင္းကေန ထြက္သြားၿပီးရင္ လီးဂူးဝမ္း ၿပိဳင္ပြဲက ပီအက္စ္ဂ်ီအသင္း ဒါမွမဟုတ္ရင္ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲက မန္ယူအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ အလားအလာ အမ်ားဆုံး ျဖစ္ေနပါတယ္။

အသက္ (၃၅) ႏွစ္အ႐ြယ္ ေနာက္ခံလူ ရာမို႔စ္ဟာ အျမင့္ဆုံး အဆင့္နဲ႔ ကစားႏိုင္ေသးေပမယ့္ စပိန္ လက္ေ႐ြးစင္ နည္းျပ အင္းနရစ္ကေတာ့ ယူ႐ို (၂၀၂၀) ၿပိဳင္ပြဲအတြက္ ေနာက္ခံလူ ရာမို႔စ္ကို မေ႐ြးခ်ယ္ဘဲ ခ်န္လွပ္ခဲ့ပါတယ္။