ရာမို့စ် နဲ့ ပုံစံတူပေမယ့် ဒီဂျောင်ရဲ့ လက်ထိဘောကိုမှ ပင်နယ်တီပေးခဲ့တဲ့အပေါ် ဘာကာပရိသတ်တွေ မေးခွန်ထုတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ဘာစီလိုနာအသင်း နှင့် ရီးရဲဆိုစီဒက်စ်အသင်းတို့ ကစားခဲ့တဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ကွင်းလယ်ဒိုင် Jose Luis Munera Montero က Oyarzabal ရဲ့ ပေးပို့မှုမှတဆင့် ဖရန်ကီ ဒီဂျောင် လက်ထိသွားခဲ့တဲ့အပေါ် တုံ့ဆိုင်းခြင်း မရှိပဲ ပင်နယ်တီပြစ်ဒဏ်ဘော အဖြစ်သတ်မှတ်ခဲ့ပါတယ်။

ဘာစီလိုနာ ပရိသတ်တွေဟာ အဆိုပါ ပင်နယ်တီအပေါ် လက်ခံမှုရှိကြပေမယ့် နှိုင်းယှဉ်မှု တစ်ခုပြုလုပ်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့လအတွင်း ကစားခဲ့တဲ့ အီဘာ နှင့် ရီးရဲမက်ဒရစ် ပွဲစဉ်မှာ ဒိုင်လူကြီး Montero ကပဲ ကိုင်တွယ်ခဲ့ပေမယ့် ဒီဂျောင် နဲ့ ပုံစံတူအဖြစ်အပျက်တစ်ခုကို ရာမို့ ကျူးလွန်ခဲ့သော်လည်း ပင်နယ်တီပေးခဲ့ခြင်း မရှိကြောင်း ဘာစီလိုနာပရိသတ်တွေက ထောက်ပြ ပြောဆိုခဲ့ကြပါတယ်။

ဘာစီလိုနာ နှင့် ရီးရဲဆိုစီဒက်စ်တို့ ပွဲစဉ်မှာ သာမန်ပွဲကစားချိန် မိနစ် ( ၉၀ ) အတွင်း တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး အချိန်ပို မိနစ် ( ၃၀ ) မှာ နောက်ထက်သွင်းဂိုး ရယူနိုင်ခဲ့ခြင်းမရှိတဲ့အတွက် အဆုံးအဖြတ် ပင်နယ်တီ ကန်သွင်းခဲ့ရပါတယ်။

ဆိုစီဒက်စ်က ပထမဆုံး ပင်နယ်တီ ( ၃ ) လုံးကို လွဲချော်ခဲ့တဲ့အတွက် ဘာစီလိုနာမှ ဒီဂျောင် နှင့် ဂရစ်မန်းတို့ လွဲချော်ခဲ့ပေမယ့် ရီကီပွတ်က အဆုံးအဖြတ် ပင်နယ်တီကို သွင်းယူပြီး ဘာစီလိုနာ ဗိုလ်လုပွဲ တက်ရောက်ခွင့်ရခဲ့ပါတယ်။

နောက်ထပ် စပိန်စူပါဖလား ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ရီးရဲမက်ဒရစ် နှင့် ဘီဘာအိုတို့ ကစားဖို့ရှိနေပြီး ဗိုလ်လုပွဲကို ဇန်နဝါရီ ( ၁၈ ) ရက်နေ့မှာ ကျင်းပသွားဖို့ ရှိပါတယ်။ Source : Mundo Deportivo

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ညက ဘာစီလိုနာအသင္း ႏွင့္ ရီးရဲဆိုစီဒက္စ္အသင္းတို႔ ကစားခဲ့တဲ့ စပိန္စူပါဖလား ဆီမီးဖိုင္နယ္ ပြဲစဥ္မွာ ကြင္းလယ္ဒိုင္ Jose Luis Munera Montero က Oyarzabal ရဲ႕ ေပးပို႔မႈမွတဆင့္ ဖရန္ကီ ဒီေဂ်ာင္ လက္ထိသြားခဲ့တဲ့အေပၚ တုံ႔ဆိုင္းျခင္း မရွိပဲ ပင္နယ္တီျပစ္ဒဏ္ေဘာ အျဖစ္သတ္မွတ္ခဲ့ပါတယ္။ ဘာစီလိုနာ ပရိသတ္ေတြဟာ အဆိုပါ ပင္နယ္တီအေပၚ လက္ခံမႈရွိၾကေပမယ့္ ႏႈိင္းယွဥ္မႈ တစ္ခုျပဳလုပ္သြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့လအတြင္း ကစားခဲ့တဲ့ အီဘာ ႏွင့္ ရီးရဲမက္ဒရစ္ ပြဲစဥ္မွာ ဒိုင္လူႀကီး Montero ကပဲ ကိုင္တြယ္ခဲ့ေပမယ့္ ဒီေဂ်ာင္ နဲ႔ ပုံစံတူအျဖစ္အပ်က္တစ္ခုကို ရာမို႔ က်ဴးလြန္ခဲ့ေသာ္လည္း ပင္နယ္တီေပးခဲ့ျခင္း မရွိေၾကာင္း ဘာစီလိုနာပရိသတ္ေတြက ေထာက္ျပ ေျပာဆိုခဲ့ၾကပါတယ္။

ဘာစီလိုနာ ႏွင့္ ရီးရဲဆိုစီဒက္စ္တို႔ ပြဲစဥ္မွာ သာမန္ပြဲကစားခ်ိန္ မိနစ္ ( ၉၀ ) အတြင္း တစ္ဖက္တစ္ဂိုးစီ သေရက်ခဲ့ၿပီး အခ်ိန္ပို မိနစ္ ( ၃၀ ) မွာ ေနာက္ထက္သြင္းဂိုး ရယူႏိုင္ခဲ့ျခင္းမရွိတဲ့အတြက္ အဆုံးအျဖတ္ ပင္နယ္တီ ကန္သြင္းခဲ့ရပါတယ္။ ဆိုစီဒက္စ္က ပထမဆုံး ပင္နယ္တီ ( ၃ ) လုံးကို လြဲေခ်ာ္ခဲ့တဲ့အတြက္ ဘာစီလိုနာမွ ဒီေဂ်ာင္ ႏွင့္ ဂရစ္မန္းတို႔ လြဲေခ်ာ္ခဲ့ေပမယ့္ ရီကီပြတ္က အဆုံးအျဖတ္ ပင္နယ္တီကို သြင္းယူၿပီး ဘာစီလိုနာ ဗိုလ္လုပြဲ တက္ေရာက္ခြင့္ရခဲ့ပါတယ္။ ေနာက္ထပ္ စပိန္စူပါဖလား ဆီမီးဖိုင္နယ္ ပြဲစဥ္အျဖစ္ ရီးရဲမက္ဒရစ္ ႏွင့္ ဘီဘာအိုတို႔ ကစားဖို႔ရွိေနၿပီး ဗိုလ္လုပြဲကို ဇန္နဝါရီ ( ၁၈ ) ရက္ေန႔မွာ က်င္းပသြားဖို႔ ရွိပါတယ္။ Source : Mundo Deportivo