ရာသီသစ်မှာ စီးတီးကို အမိဖမ်းဖို့ ဘာတွေလုပ်ရမလဲဆိုတာ ပြောလာတဲ့ ဆိုးလ်ရှား

ယူနိုက်တက်အနေနဲ့ ရာသီသစ်ပရီးမီးယားလိဂ်မှာ ချန်ပီယံစီးတီးကို အမီလိုက်နိုင်ဖို့ဆိုရင် နွေရာသီအတွင်း မဖြစ်မနေအင်အားဖြည့်တင်းရမှာဖြစ်ကြောင်း နည်းပြဆိုးလ်ရှားက ဝန်ခံပါတယ်။
အင်္ဂါညက လက်စတာကို ၁-၂ ဂိုးနဲ့ ယူနိုက်တက်အသင်း အရေးနိမ့်သွားပြီးနောက် မန်စီးတီးလည်း ရာသီကုန်ဖို့ ၃ပွဲအလိုမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာခဲ့ပါတယ်။

စီးတီးဟာ ယူနိုက်တက်ကို ၁၀ မှတ်ဖြတ်ထားပြီး ယူနိုက်တက်ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်အနားယူသွားပြီးချိန်ကတည်းက ရာသီတိုင်းမှာ ယူနိုက်တက်ရဲ့အထက်မှာ စီးတီးအသင်း ရပ်တည်နိုင်ခဲ့ပါတယ်။
”စီးတီးကို စိန်ခေါ်ချင်ရင် ကိုယ့်အသင်းရဲ့အင်အားကို ဖြည့်တင်းရပါမယ်။ ချန်ပီယံဆုအတွက် သူတို့ကို ဂုဏ်ပြုပါတယ်”


”သူတို့ဟာ အံ့အားသင့်စရာကောင်းတဲ့ရာသီကို ဖြတ်သန်းနိုင်ခဲ့ပြီး ကျွန်တော်လည်း ကိုယ့်ကစားသမားတွေနဲ့ပတ်သက်လို့ အရမ်းကျေနပ်မိပါတယ်”

”ကျွန်တော်တို့အနေနဲ့ နောက်ထပ်ခြေလှမ်းသစ် လှမ်းနိုင်ဖို့ ပြင်ဆင်ထားပြီး ကစားသမားအင်အားဖြည့်တင်းဖို့လည်း လိုအပ်နေပါတယ်”လို့ ဆိုးလ်ရှားက ပြောပါတယ်။


ယူနိုက်တက်ဟာ ၅ရက်အတွင်း ကစားရတဲ့ ၃ပွဲမြောက်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်လိုအပ်ချက်ပြင်းထန်နေတဲ့ လက်စတာကို အရေးနိမ့်ခဲ့တာဖြစ်ပြီး ဆိုးလ်ရှားကလည်း အရန်တွေထုတ်သုံးသွားပါတယ်။
ယူနိုက်တက်ဟာ ကြာသပတေးညက ရိုးမားကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့ပေမယ့် နှစ်ကျော့ပေါင်းရလဒ်အရ ယူရိုပါလိဂ်ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သလို တနင်္ဂနွေနေ့ကလည်း ဗီလာကို ၁-၃ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။


ယူနိုက်တက်ဟာ ကြာသပတေးညမှာ လီဗာပူးကို ဧည့်ခံကစားရဦးမှာဖြစ်ပြီး လီဗာပူးအနေနဲ့ ချန်ပီယံလိဂ်မျှော်လင့်ချက်အတွက် အတောင့်တင်းဆုံးလူစာရင်းနဲ့ ပွဲထွက်လာမှာ သေချာပါတယ်။

အဲဒီပွဲပြီးရင် ယူနိုက်တက်ဟာ ၁၀ရက်အတွင်း ဖူလ်ဟမ်၊ ဝုဗ်တို့နဲ့ ကစားရဦးမှာဖြစ်ပြီး ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်အပြီး ၃ ရက်အကြာ မေလ ၂၆ ရက်မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် ဗီလာရီးရဲလ်နဲ့ရင်ဆိုင်ရမှာပါ။

Zawgyi

ရာသီသစ္မွာ စီးတီးကို အမိဖမ္းဖို႔ ဘာေတြလုပ္ရမလဲဆုိတာ ေျပာလာတဲ့ ဆုိးလ္ရွား
ယူႏုိက္တက္အေနနဲ႔ ရာသီသစ္ပရီးမီးယားလိဂ္မွာ ခ်န္ပီယံစီးတီးကို အမီလိုက္ႏိုင္ဖို႔ဆုိရင္ ေႏြရာသီအတြင္း မျဖစ္မေနအင္အားျဖည့္တင္းရမွာျဖစ္ေၾကာင္း နည္းျပဆုိးလ္ရွားက ၀န္ခံပါတယ္။
အဂၤါညက လက္စတာကို ၁-၂ ဂိုးနဲ႔ ယူႏုိက္တက္အသင္း အေရးနိမ့္သြားၿပီးေနာက္ မန္စီးတီးလည္း ရာသီကုန္ဖို႔ ၃ပြဲအလုိမွာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္လာခဲ့ပါတယ္။
စီးတီးဟာ ယူႏုိက္တက္ကို ၁၀ မွတ္ျဖတ္ထားၿပီး ယူႏုိက္တက္ဂႏၳ၀င္နည္းျပႀကီး ဖာဂူဆန္အနားယူသြားၿပီးခ်ိန္ကတည္းက ရာသီတုိင္းမွာ ယူႏုိက္တက္ရဲ႕အထက္မွာ စီးတီးအသင္း ရပ္တည္ႏိုင္ခဲ့ပါတယ္။
”စီးတီးကို စိ္န္ေခၚခ်င္ရင္ ကိုယ့္အသင္းရဲ႕အင္အားကို ျဖည့္တင္းရပါမယ္။ ခ်န္ပီယံဆုအတြက္ သူတုိ႔ကို ဂုဏ္ျပဳပါတယ္”

”သူတုိ႔ဟာ အ့ံအားသင့္စရာေကာင္းတဲ့ရာသီကို ျဖတ္သန္းႏိုင္ခဲ့ၿပီး ကၽြန္ေတာ္လည္း ကိုယ့္ကစားသမားေတြနဲ႔ပတ္သက္လုိ႔ အရမ္းေက်နပ္မိပါတယ္”
”ကၽြန္ေတာ္တို႔အေနနဲ႔ ေနာက္ထပ္ေျခလွမ္းသစ္ လွမ္းႏိုင္ဖို႔ ျပင္ဆင္ထားၿပီး ကစားသမားအင္အားျဖည့္တင္းဖုိ႔လည္း လိုအပ္ေနပါတယ္”လုိ႔ ဆိုးလ္ရွားက ေျပာပါတယ္။
ယူႏုိက္တက္ဟာ ၅ရက္အတြင္း ကစားရတဲ့ ၃ပြဲေျမာက္မွာ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ အမွတ္လိုအပ္ခ်က္ျပင္းထန္ေနတဲ့ လက္စတာကို အေရးနိမ့္ခဲ့တာျဖစ္ၿပီး ဆုိးလ္ရွားကလည္း အရန္ေတြထုတ္သုံးသြားပါတယ္။
ယူႏုိက္တက္ဟာ ၾကာသပေတးညက ႐ိုးမားကို အေ၀းကြင္းမွာ အေရးနိမ့္ခဲ့ေပမယ့္ ႏွစ္ေက်ာ့ေပါင္းရလဒ္အရ ယူ႐ိုပါလိဂ္ဗုိလ္လုပြဲ တက္ေရာက္ႏိုင္ခဲ့သလုိ တနဂၤေႏြေန႔ကလည္း ဗီလာကို ၁-၃ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ၾကာသပေတးညမွာ လီဗာပူးကို ဧည့္ခံကစားရဦးမွာျဖစ္ၿပီး လီဗာပူးအေနနဲ႔ ခ်န္ပီယံလိဂ္ေမွ်ာ္လင့္ခ်က္အတြက္ အေတာင့္တင္းဆုံးလူစာရင္းနဲ႔ ပြဲထြက္လာမွာ ေသခ်ာပါတယ္။

အဲဒီပြဲၿပီးရင္ ယူႏုိက္တက္ဟာ ၁၀ရက္အတြင္း ဖူလ္ဟမ္၊ ၀ုဗ္တုိ႔နဲ႔ ကစားရဦးမွာျဖစ္ၿပီး ပရီးမီးယားလိဂ္ရာသီပိတ္ပြဲစဥ္အၿပီး ၃ ရက္အၾကာ ေမလ ၂၆ ရက္မွာ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲအျဖစ္ ဗီလာရီးရဲလ္နဲ႔ရင္ဆိုင္ရမွာပါ။