ရာသီအကုန်တွင် ဘာစီလိုနာသို့ပြောင်းရွှေ့ရန် ဆွေးနွေးမှုများစွာတိုးတက်လျက်ရှိတဲ့ အက်ဇ်ပီလီကူတာ

ဆီဇာအက်ဇ်ပီလီကူတာဟာယခုရာသီအကုန်တွင်ဘာစီလိုနာသို့ပြောင်းရွှေ့ရန်

ဆွေးနွေးမှုများစွာတိုးတက်လျက်ရှိကြောင်းသိရပါတယ်။

စပိန်လက်ရွေးစင်ကစားသမားဟာ၂၀၁၂ခုနှစ်တုန်းကမာဆေးလ်မှာ

ချဲလ်ဆီးသို့ရောက်လာပြီးနောက်ဆုဖလားပေါင်းများစွာ

ရရှိအောင်ကူညီထားသူလည်းဖြစ်ပါတယ်။

အသက်၃၂နှစ်ရှိနောက်ခံလူဟာလာမယ့်ဇွန်လတွင်ချဲလ်ဆီးနှင့်

စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးလာမယ့်ဇန်နဝါရီလတွင်

နိုင်ငံခြားကလပ်တစ်ခုနှင့်လွတ်လပ်စွာအကြိုစာချုပ်ချုပ်ဆိုထားနိုင်ပါတယ်။

El Nacional ကသူဟာဘာစီလိုနာသို့ပြောင်းရွှေ့ဆွေးနွေးမှုပြုလုပ်နေရာ

အဆင်ပြေနေကြောင်းသိရပါတယ်။ဘာစီလိုနာနည်းပြဇာဗီးဟာ

အက်ဇ်ပီလီကူတာကိုခေါ်ယူလိုနေပြီးဥက္ကဌလာပေါ်တာကလည်း

ယင်းအပြောင်းအရွှေ့ကိုခွင့်ပြုပေးထားပါတယ်။

အက်ဇ်ပီလီကူတာရောက်လာမယ့်သတင်းကတော့ဒါနီအဲလ်ဗက်စ်အတွက်

သတင်းဆိုးဖြစ်နေပါတယ်။ဘရာဇီးကစားသမားဟာဇန်နဝါရီတွင်

ဘာစီလိုနာသို့ရာသီအကုန်အထိစာချုပ်ဖြင့်ရောက်နေပြီးဇန်နဝါရီလတွင်မှ

စတင်ကစားနိုင်ပါမယ်။တကယ်လို့အက်ဇ်ပီလီကူတာသာရောက်ရှိမည်ဆိုပါက

ဘာစီလိုနာဟာဒါနီအဲလ်ဗက်စ်ကိုစာချုပ်သစ်ထပ်မံချုပ်ဆိုတော့မှာမဟုတ်တော့ပါဘူး။

ချဲလ်ဆီးအသင်းခေါင်းဆောင်အက်ဇ်ပီလီကူတာဟာအင်္ဂလန်နောက်ခံလူ

ရီစီဂျိမ်းစ်အကောင်းဆုံးခြေစွမ်းရရှိလာမှုနဲ့အတူပြီးခဲ့တဲ့ရက်သတ္တပတ်များတွင်

စတမ်းဖို့ဒ်ဘရစ်ချ်မှာနေရာရဖို့ရုန်းကန်လာရပါတယ်။

zawgyi

ရာသီအကုန္တြင္ ဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ရန္ ေဆြးေႏြးမႈမ်ားစြာတိုးတက္လ်က္ရွိတဲ့ အက္ဇ္ပီလီကူတာ

ဆီဇာအက္ဇ္ပီလီကူတာဟာယခုရာသီအကုန္တြင္ဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ရန္

ေဆြးေႏြးမႈမ်ားစြာတိုးတက္လ်က္ရွိေၾကာင္းသိရပါတယ္။

စပိန္လက္ေ႐ြးစင္ကစားသမားဟာ၂၀၁၂ခုႏွစ္တုန္းကမာေဆးလ္မွာ

ခ်ဲလ္ဆီးသို႔ေရာက္လာၿပီးေနာက္ဆုဖလားေပါင္းမ်ားစြာ

ရရွိေအာင္ကူညီထားသူလည္းျဖစ္ပါတယ္။

အသက္၃၂ႏွစ္ရွိေနာက္ခံလူဟာလာမယ့္ဇြန္လတြင္ခ်ဲလ္ဆီးႏွင့္

စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးလာမယ့္ဇန္နဝါရီလတြင္

ႏိုင္ငံျခားကလပ္တစ္ခုႏွင့္လြတ္လပ္စြာအႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုထားႏိုင္ပါတယ္။

El Nacional ကသူဟာဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ေဆြးေႏြးမႈျပဳလုပ္ေနရာ

အဆင္ေျပေနေၾကာင္းသိရပါတယ္။ဘာစီလိုနာနည္းျပဇာဗီးဟာ

အက္ဇ္ပီလီကူတာကိုေခၚယူလိုေနၿပီးဥကၠဌလာေပၚတာကလည္း

ယင္းအေျပာင္းအေ႐ႊ႕ကိုခြင့္ျပဳေပးထားပါတယ္။

အက္ဇ္ပီလီကူတာေရာက္လာမယ့္သတင္းကေတာ့ဒါနီအဲလ္ဗက္စ္အတြက္

သတင္းဆိုးျဖစ္ေနပါတယ္။ဘရာဇီးကစားသမားဟာဇန္နဝါရီတြင္

ဘာစီလိုနာသို႔ရာသီအကုန္အထိစာခ်ဳပ္ျဖင့္ေရာက္ေနၿပီးဇန္နဝါရီလတြင္မွ

စတင္ကစားႏိုင္ပါမယ္။တကယ္လို႔အက္ဇ္ပီလီကူတာသာေရာက္ရွိမည္ဆိုပါက

ဘာစီလိုနာဟာဒါနီအဲလ္ဗက္စ္ကိုစာခ်ဳပ္သစ္ထပ္မံခ်ဳပ္ဆိုေတာ့မွာမဟုတ္ေတာ့ပါဘူး။

ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္အက္ဇ္ပီလီကူတာဟာအဂၤလန္ေနာက္ခံလူ

ရီစီဂ်ိမ္းစ္အေကာင္းဆုံးေျခစြမ္းရရွိလာမႈနဲ႔အတူၿပီးခဲ့တဲ့ရက္သတၱပတ္မ်ားတြင္

စတမ္းဖို႔ဒ္ဘရစ္ခ်္မွာေနရာရဖို႔႐ုန္းကန္လာရပါတယ္။