ရာသီအကုန်မှာ အဂူရို နဲ့ အလာဘာတို့ကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ ဘာစီလိုနာ စီစဉ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သတင်းတွေအရ ဘာစီလိုနာအသင်းဟာ နွေရာသီမှာစာချုပ်သက်တမ်းကုန်ဆုံးကြတော့မယ့် မန်စီးတီးစတား အဂူရို နဲ့ ဘိုင်ယန်စတား အလာဘာတို့ကို အလွတ်နဲ့ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

အဂူရိုဟာ မန်စီးတီးမှာ ၁၀ နှစ်တာကာလကိုဖြတ်သန်းခဲ့ပြီး အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်လာခဲ့သလို အသင်းအတွက် ၂၅၆ ဂိုးအထိ သွင်းယူပေးခဲ့ကာ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်ရယူထားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီရာသီမှာတော့ အသက် ၃၂ နှစ်သားဟာ ဒဏ်ရာကြောင့်ရုန်းကန်နေရပြီး တစ်ဂိုးမှမသွင်းယူနိုင်သေးတာဖြစ်ပါတယ်။

စပိန်သတင်းဌာနတစ်ခုကတော့ ဘာစီလိုနာဟာ ဆွာရက်ဇ်မရှိတော့တဲ့ နံပါတ် ၉ နေရာအတွက် အစားထိုးဖို့ ကစားသမားသစ်ရှာဖွေနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးပြဿနာနဲ့ ရင်ဆိုင်နေရပြီး မူလက ဟာလန်း နဲ့ မာတီနက်ဇ်တို့ကို ပစ်မှတ်ထားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အဂူရိုကို အလွတ်နဲ့သာ ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

အဂူရိုကို ဘာစီလိုနာအသင်းက ၂၀၁၄ တုန်းက လီဗာပူးက ဆွာရက်ဇ်ကိုမခေါ်ယူခင်တုန်းက ခေါ်ယူဖို့ ကြိုးစားခဲ့သေးတာဖြစ်ပါတယ်။

မက်ဆီ နဲ့ အဂူရိုတို့ဟာ အာဂျင်တီးနားမှာ ရင်းနှီးကြတာကြောင့် ဘာစီလိုနာက ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

အလာဘာကလည်း ဘိုင်ယန်အသင်းနဲ့ စာချုပ်သက်တမ်းကုန်မှာဖြစ်ပြီး ဘယ်နောက်ခံလူ နဲ့ ဗဟိုနောက်ခံလူနေရာမှာ ကစားနိုင်တဲ့စွမ်းဆောင်ရည်ကြောင့် ဘာစီလိုနာက ခေါ်ယူချင်နေပါတယ်။

အသက် ၂၈ နှစ်သားဟာ ဒီရာသီဘိုင်ယန်အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်ရရှိနေပြီး ၁၆ ပွဲအထိ ပါဝင်ကစားပေးထားခဲ့တာဖြစ်ပါတယ်။

သတင်းတွေအရ ဘိုင်ယန်နောက်ခံလူ အလာဘာကို ရီးရဲလ်အသင်းကလည်း ချိတ်ဆက်နေပြီး သဘောတူညီမှုတောင် ရရှိခဲ့ပြီလို့ ဖော်ပြနေကြပါတယ်။

ဘာစီလိုနာဟာ ဂါစီယာ ၊ ဝှစ်ချ်နယ်ဒန် နဲ့ ဒီပေးတို့ကိုလည်း ခေါ်ယူဖို့ ပြင်ဆင်နေသလို အဂူရို နဲ့ အလာဘာတို့ကိုပါ ချိတ်ဆက်လာတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ထိပ်ဆုံးနေရာက တီကိုအသင်းနဲ့ ၁၀ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ရာသီအကုန္မွာ အဂူရို နဲ႔ အလာဘာတို႔ကို အလြတ္နဲ႔ ေခၚယူႏိုင္ဖို႔ ဘာစီလိုနာ စီစဥ္ေန

သတင္းေတြအရ ဘာစီလိုနာအသင္းဟာ ေႏြရာသီမွာစာခ်ဳပ္သက္တမ္းကုန္ဆံုးၾကေတာ့မယ့္ မန္စီးတီးစတား အဂူရို နဲ႔ ဘုိ္င္ယန္စတား အလာဘာတို႔ကို အလြတ္နဲ႔ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ အဂူရိုဟာ မန္စီးတီးမွာ ၁၀ ႏွစ္တာကာလကိုျဖတ္သန္းခဲ့ျပီး အသင္းရဲ႕ထိပ္တန္းဂိုးသြင္းရွင္ျဖစ္လာခဲ့သလို အသင္းအတြက္ ၂၅၆ ဂိုးအထိ သြင္းယူေပးခဲ့ကာ ပရီးမီးယားလိဂ္ဖလား ၄ ၾကိမ္ရယူထားႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ ဒီရာသီမွာေတာ့ အသက္ ၃၂ ႏွစ္သားဟာ ဒဏ္ရာေၾကာင့္ရုန္းကန္ေနရျပီး တစ္ဂိုးမွမသြင္းယူႏုိင္ေသးတာျဖစ္ပါတယ္။ စပိန္သတင္းဌာနတစ္ခုကေတာ့ ဘာစီလုိနာဟာ ဆြာရက္ဇ္မရွိေတာ့တဲ့ နံပါတ္ ၉ ေနရာအတြက္ အစားထိုးဖို႔ ကစားသမားသစ္ရွာေဖြေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ဘာစီလိုနာအသင္းဟာ ဘ႑ာေရးျပႆနာနဲ႔ ရင္ဆိုင္ေနရျပီး မူလက ဟာလန္း နဲ႔ မာတီနက္ဇ္တို႔ကို ပစ္မွတ္ထားခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ အဂူရိုကို အလြတ္နဲ႔သာ ေခၚယူဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

အဂူရိုကို ဘာစီလုိနာအသင္းက ၂၀၁၄ တုန္းက လီဗာပူးက ဆြာရက္ဇ္ကိုမေခၚယူခင္တုန္းက ေခၚယူဖို႔ ၾကိဳးစားခဲ့ေသးတာျဖစ္ပါတယ္။ မက္ဆီ နဲ႔ အဂူရိုတို႔ဟာ အာဂ်င္တီးနားမွာ ရင္းႏွီးၾကတာေၾကာင့္ ဘာစီလိုနာက ေခၚယူႏုိင္မယ္လုိ႔ ေမွ်ာ္လင့္ေနပါတယ္။ အလာဘာကလည္း ဘိုင္ယန္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္မွာျဖစ္ျပီး ဘယ္ေနာက္ခံလူ နဲ႔ ဗဟိုေနာက္ခံလူေနရာမွာ ကစားႏိုင္တဲ့စြမ္းေဆာင္ရည္ေၾကာင့္ ဘာစီလိုနာက ေခၚယူခ်င္ေနပါတယ္။

အသက္ ၂၈ ႏွစ္သားဟာ ဒီရာသီဘိုင္ယန္အသင္းအတြက္ ပံုမွန္ပြဲထြက္ခြင့္ရရွိေနျပီး ၁၆ ပြဲအထိ ပါ၀င္ကစားေပးထားခဲ့တာျဖစ္ပါတယ္။ သတင္းေတြအရ ဘိုင္ယန္ေနာက္ခံလူ အလာဘာကို ရီးရဲလ္အသင္းကလည္း ခ်ိတ္ဆက္ေနျပီး သေဘာတူညီမႈေတာင္ ရရွိခဲ့ျပီလို႔ ေဖာ္ျပေနၾကပါတယ္။ ဘာစီလုိနာဟာ ဂါစီယာ ၊ ၀ွစ္ခ်္နယ္ဒန္ နဲ႔ ဒီေပးတို႔ကိုလည္း ေခၚယူဖို႔ ျပင္ဆင္ေနသလို အဂူရို နဲ႔ အလာဘာတို႔ကိုပါ ခ်ိတ္ဆက္လာတာျဖစ္ပါတယ္။ဘာစီလိုနာအသင္းဟာ ထိပ္ဆံုးေနရာက တီကိုအသင္းနဲ႔ ၁၀ မွတ္အကြာ အဆင့္ ၃ ေနရာမွာ ရပ္တည္ေနပါတယ္။