ရိစ်ဂျိမ်းစ်ကို ပုလင်းနဲ့ပစ်ပေါက်ခဲ့တဲ့ပရိသတ်ကို ရှာဖွေပြီးအပြစ်ပေးမယ်လို့ အာဆင်နယ်ထုတ်ပြန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးနဲ့ကစားခဲ့တဲ့ပွဲတုန်းက ပြိုင်ဘက်နောက်ခံလူရိစ်ဂျိမ်းကို ပုလင်းနဲ့ပစ်ပေါက်ခဲ့တဲ့ပရိသတ်တစ်ဦးကို အမြန်ဆုံးရှာဖွေသွားမှာဖြစ်ပြီး ပွဲကြည့်ခွင့်ပိတ်ပင်သွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက (၂-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ ရိစ်ဂျိမ်းစ်ဟာ အသင်းအတွက် ဒုတိယအနိုင်ဂိုးကို ပွဲချိန်(၃၄)မိနစ်မှာသွင်းယူခဲ့ပြီး ဂိုးသွင်းပြီးတော့ ထောင့်ကန်ဘောအလံတိုင်နားမှာ အောင်ပွဲခံနေတုန်း အာဆင်နယ်ပရိသတ်တွေရှိတဲ့ ပွဲကြည့်စင်ဘက်ခြမ်းကနေ ပုလင်းနဲ့ပစ်ပေါက်ခဲ့တာဖြစ်ပါတယ်။

အဲဒီပုလင်းက ရိစ်ဂျိမ်းကို မထိခဲ့ဘဲ ကံကောင်းလို့သာ ရိစ်ဂျိမ်းစ်တစ်ယောက် ထိခိုက်အနာတရ မဖြစ်ခဲ့တာပါ။

အဲဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ အာဆင်နယ်အသင်းက ဒီလိုရိုင်းရိုင်းစိုင်းစိုင်းပြုမူခဲ့တဲ့ပရိသတ်ကို ရှာဖွေပြီးတော့ ပွဲကြည့်ခွင့်ပိတ်ပင်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “CCTV ကနေပြန်ကြည့်ပြီး ပုလင်းနဲ့ပစ်ပေါက်ခဲ့တဲ့ပရိသတ်ကို ရှာဖွေနေပြီဖြစ်ပါတယ်။

ဒီလိုအပြုအမူမျိုးကို ကျွန်တော်တို့ လက်သင့်ခံမှာမဟုတ်ဘူး ပြစ်မှုကျူးလွန်ခဲ့သူကို အီမရိတ်စ်ကွင်းမှာ ပွဲကြည့်ခွင့်ပိတ်ပင်သွားမှာပါ”လို့ပြောကြားခဲ့ပါတယ်။

အာဆင်နယ်နဲ့ချယ်လ်ဆီးအသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲမှာ ပထမပိုင်း(၁၅)မိနစ်မှာပဲ ချယ်လ်ဆီးအသင်းတိုက်စစ်မှူးသစ်လူကာကူက အဖွင့်ဂိုးသွင်းယူခဲ့ပြီး ဒုတိယဂိုးကလည်း သူ့ရဲ့ Set Up ကနေ ရိစ်ဂျိမ်းစ်က သွင်းယူခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးနဲ့ပွဲအပြင် ရာသီအဖွင့်ပွဲဖြစ်တဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာလည်း (၂)ဂိုးပြတ်ရှုံးနိမ့်ခဲ့လို့ အသင်းရဲ့အမှတ်ပေးပြိုင်ပွဲသမိုင်းတစ်လျှောက် (၁၁၈)နှစ်အတွင်း အဆိုးရွားဆုံးရာသီအစရလဒ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အခုလောလောဆယ် အဆင့်(၁၉)နေရာမှာသာ ရပ်တည်နေတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ရိစ္ဂ်ိမ္းစ္ကို ပုလင္းနဲ႔ပစ္ေပါက္ခဲ့တဲ့ပရိသတ္ကို ရွာေဖြၿပီးအျပစ္ေပးမယ္လို႔ အာဆင္နယ္ထုတ္ျပန္

အာဆင္နယ္အသင္းဟာ ခ်ယ္လ္ဆီးနဲ႔ကစားခဲ့တဲ့ပြဲတုန္းက ၿပိဳင္ဘက္ေနာက္ခံလူရိစ္ဂ်ိမ္းကို ပုလင္းနဲ႔ပစ္ေပါက္ခဲ့တဲ့ပရိသတ္တစ္ဦးကို အျမန္ဆုံးရွာေဖြသြားမွာျဖစ္ၿပီး ပြဲၾကည့္ခြင့္ပိတ္ပင္သြားမယ္လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းက (၂-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပရီးမီးယားလိဂ္ပြဲမွာ ရိစ္ဂ်ိမ္းစ္ဟာ အသင္းအတြက္ ဒုတိယအႏိုင္ဂိုးကို ပြဲခ်ိန္(၃၄)မိနစ္မွာသြင္းယူခဲ့ၿပီး ဂိုးသြင္းၿပီးေတာ့ ေထာင့္ကန္ေဘာအလံတိုင္နားမွာ ေအာင္ပြဲခံေနတုန္း အာဆင္နယ္ပရိသတ္ေတြရွိတဲ့ ပြဲၾကည့္စင္ဘက္ျခမ္းကေန ပုလင္းနဲ႔ပစ္ေပါက္ခဲ့တာျဖစ္ပါတယ္။ အဲဒီပုလင္းက ရိစ္ဂ်ိမ္းကို မထိခဲ့ဘဲ ကံေကာင္းလို႔သာ ရိစ္ဂ်ိမ္းစ္တစ္ေယာက္ ထိခိုက္အနာတရ မျဖစ္ခဲ့တာပါ။ အဲဒီအျဖစ္အပ်က္နဲ႔ပတ္သက္လို႔ အာဆင္နယ္အသင္းက ဒီလို႐ိုင္း႐ိုင္းစိုင္းစိုင္းျပဳမူခဲ့တဲ့ပရိသတ္ကို ရွာေဖြၿပီးေတာ့ ပြဲၾကည့္ခြင့္ပိတ္ပင္သြားမယ္လို႔ အတည္ျပဳခဲ့ပါတယ္။

အာဆင္နယ္အသင္းရဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက “CCTV ကေနျပန္ၾကည့္ၿပီး ပုလင္းနဲ႔ပစ္ေပါက္ခဲ့တဲ့ပရိသတ္ကို ရွာေဖြေနၿပီျဖစ္ပါတယ္။ ဒီလိုအျပဳအမူမ်ိဳးကို ကြၽန္ေတာ္တို႔ လက္သင့္ခံမွာမဟုတ္ဘူး ျပစ္မႈက်ဴးလြန္ခဲ့သူကို အီမရိတ္စ္ကြင္းမွာ ပြဲၾကည့္ခြင့္ပိတ္ပင္သြားမွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။ အာဆင္နယ္နဲ႔ခ်ယ္လ္ဆီးအသင္းတို႔ရဲ႕ လန္ဒန္ဒါဘီပြဲမွာ ပထမပိုင္း(၁၅)မိနစ္မွာပဲ ခ်ယ္လ္ဆီးအသင္းတိုက္စစ္မႉးသစ္လူကာကူက အဖြင့္ဂိုးသြင္းယူခဲ့ၿပီး ဒုတိယဂိုးကလည္း သူ႔ရဲ႕ Set Up ကေန ရိစ္ဂ်ိမ္းစ္က သြင္းယူခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ခ်ယ္လ္ဆီးနဲ႔ပြဲအျပင္ ရာသီအဖြင့္ပြဲျဖစ္တဲ့ ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာလည္း (၂)ဂိုးျပတ္ရႈံးနိမ့္ခဲ့လို႔ အသင္းရဲ႕အမွတ္ေပးၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ (၁၁၈)ႏွစ္အတြင္း အဆိုး႐ြားဆုံးရာသီအစရလဒ္နဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး အခုေလာေလာဆယ္ အဆင့္(၁၉)ေနရာမွာသာ ရပ္တည္ေနတာျဖစ္ပါတယ္။