သူသာ ဘာစီလိုနာ ဥက္ကဌ ဖြစ်လာရင် ဟာလန်း အသင်းကို ရောက်လာစေရမယ်ဆိုပြီး အာမခံခဲ့သူ…..

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရိုဆက်ရဲ့အကြံပေးကတော့ တကယ်လို့ အီမီလီရိုဆက်သာ ဘာစီလိုနာဥက္ကဌဖြစ်လာရင် ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းဟာ ဘာစီလိုနာကစားသမားဖြစ်လာနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။
ဒေါ့မွန်စတားဟာ ဂျာမန်မြေမှာ ခြေစွမ်းပြနေကာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြစ်လာခဲ့ပြီး စပိန် ၊ အင်္ဂလန် နဲ့ အီတလီကလပ်အသင်းတွေက အလိုရှိနေပါတယ်။

အသက် ၂၀ အရွယ်ကစားသမားဟာ ၂၀၂၀ ဇန်နဝါရီတုန်းက ဆဲလ်ဘတ်ကနေ ဒေါ့မွန်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့ ၁ နှစ်ခွဲစာချုပ်ကျန်ရှိနေပါတယ်။ နော်ဝေသားဟာ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ အသင်းအတွက် ၃၂ ပွဲမှာ ၃၃ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

ဇန်နဝါရီ ၁၈ က ပထမဆုံးပွဲထွက်ခဲ့ပြီးနောက် ဟာလန်းထက်ဂိုးပိုသွင်းထားတဲ့ကစားသမားအဖြစ် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးသာရှိနေပါတယ်။ ရိုဆက်ကတော့ သူသာဘာစီလိုနာဥက္ကဌဖြစ်လာခဲ့ရင် ဟာလန်းရဲ့အေးဂျင့် ရွိုင်းအိုလာနဲ့ဆွေးနွေးပြီး ခေါ်ယူဖွယ်ရှိနေတာဖြစ်ပါတယ်။

“ကျွန်တော်တို့အနိုင်ရရှိခဲ့ရင် ဟာလန်းရဲ့အေးဂျင့်နဲ့ အဆက်အသွယ်ရှိထားတာကြောင့် ခေါ်ယူဖို့ ပြင်ဆင်ထားပါတယ်။ ရိုဆက်ကိုလည်း ကျွန်တော်အကြံပေးထားပြီးပါပြီ။ ရိုဆက်မှာလည်း ဘာစီလိုနာကိုပြောင်းလဲဖို့ အစီအစဉ်တွေရှိပါတယ်”လို့ သူ့ရဲ့အကြံပေး မင်ဂွယ်လာကပြောကြားခဲ့ပါတယ်။မင်ဂွယ်လာကတော့ ဘာစီလိုနာဒုဥက္ကဌ ရိုဆက်ဟာ ဘာစီလိုနာဥက္ကဌဖြစ်လာနိုင်တယ်လို့ ဆိုခဲ့ပြီး မက်ပီကိုလည်း ခေါ်ယူဖို့ အစီအစဉ်ရှိတယ်လို့ ဆိုခဲ့ပါတယ်။

မက်ပီဟာ ဒီရာသီလီဂူးဝမ်းမှာ အသင်းအတွက် ၁၆ ဂိုးအထိပါဝင်ပတ်သက်ထားကာ ၁၂ ဂိုးသွင်း ၄ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ “မက်ပီရဲ့စာချုပ်အခြေအနေက ရှုပ်ထွေးပါတယ်။ အဲ့တာကြောင့် ခေါ်ယူနိုင်ဖို့တော့ ခက်ခဲနိုင်ပါတယ်”လို့ မင်ဂွယ်လာက ပြောကြားခဲ့ပါတယ်။

၂၀၂၁ ရဲ့ဘာစီလိုနာဥက္ကဌရွေးချယ်ပွဲကို လာမယ့်ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ကျင်းပမှာဖြစ်ကာ ယခင်ဥက္ကဌ ဘာတိုမြူကတော့ နုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သူသာ ဘာစီလိုနာ ဥကၠဌ ျဖစ္လာရင္ ဟာလန္း အသင္းကို ေရာက္လာေစရမယ္ဆိုၿပီး အာမခံခဲ့သူ…..

႐ိုဆက္ရဲ႕အႀကံေပးကေတာ့ တကယ္လို႔ အီမီလီ႐ိုဆက္သာ ဘာစီလိုနာဥကၠဌျဖစ္လာရင္ ေဒါ့မြန္တိုက္စစ္မႉး ဟာလန္းဟာ ဘာစီလိုနာကစားသမားျဖစ္လာႏိုင္တယ္လို႔ ေျပာၾကားလိုက္ပါတယ္။ ေဒါ့မြန္စတားဟာ ဂ်ာမန္ေျမမွာ ေျခစြမ္းျပေနကာ ထိပ္တန္းတိုက္စစ္မႉးတစ္ဦးျဖစ္လာခဲ့ၿပီး စပိန္ ၊ အဂၤလန္ နဲ႔ အီတလီကလပ္အသင္းေတြက အလိုရွိေနပါတယ္။

အသက္ ၂၀ အ႐ြယ္ကစားသမားဟာ ၂၀၂၀ ဇန္နဝါရီတုန္းက ဆဲလ္ဘတ္ကေန ေဒါ့မြန္ကို ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး အသင္းနဲ႔ ၁ ႏွစ္ခြဲစာခ်ဳပ္က်န္ရွိေနပါတယ္။ ေနာ္ေဝသားဟာ ေဒါ့မြန္အသင္းအတြက္ ၿပိဳင္ပြဲစုံ အသင္းအတြက္ ၃၂ ပြဲမွာ ၃၃ ဂိုးအထိ သြင္းယူေပးထားႏိုင္ခဲ့ပါတယ္။
ဇန္နဝါရီ ၁၈ က ပထမဆုံးပြဲထြက္ခဲ့ၿပီးေနာက္ ဟာလန္းထက္ဂိုးပိုသြင္းထားတဲ့ကစားသမားအျဖစ္ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး လီဝန္ေဒါစကီးသာရွိေနပါတယ္။ ႐ိုဆက္ကေတာ့ သူသာဘာစီလိုနာဥကၠဌျဖစ္လာခဲ့ရင္ ဟာလန္းရဲ႕ေအးဂ်င့္ ႐ြိဳင္းအိုလာနဲ႔ေဆြးေႏြးၿပီး ေခၚယူဖြယ္ရွိေနတာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔အႏိုင္ရရွိခဲ့ရင္ ဟာလန္းရဲ႕ေအးဂ်င့္နဲ႔ အဆက္အသြယ္ရွိထားတာေၾကာင့္ ေခၚယူဖို႔ ျပင္ဆင္ထားပါတယ္။ ႐ိုဆက္ကိုလည္း ကြၽန္ေတာ္အႀကံေပးထားၿပီးပါၿပီ။ ႐ိုဆက္မွာလည္း ဘာစီလိုနာကိုေျပာင္းလဲဖို႔ အစီအစဥ္ေတြရွိပါတယ္”လို႔ သူ႔ရဲ႕အႀကံေပး မင္ဂြယ္လာကေျပာၾကားခဲ့ပါတယ္။မင္ဂြယ္လာကေတာ့ ဘာစီလိုနာဒုဥကၠဌ ႐ိုဆက္ဟာ ဘာစီလိုနာဥကၠဌျဖစ္လာႏိုင္တယ္လို႔ ဆိုခဲ့ၿပီး မက္ပီကိုလည္း ေခၚယူဖို႔ အစီအစဥ္ရွိတယ္လို႔ ဆိုခဲ့ပါတယ္။

မက္ပီဟာ ဒီရာသီလီဂူးဝမ္းမွာ အသင္းအတြက္ ၁၆ ဂိုးအထိပါဝင္ပတ္သက္ထားကာ ၁၂ ဂိုးသြင္း ၄ ဂိုးဖန္တီးထားႏိုင္ခဲ့ပါတယ္။ “မက္ပီရဲ႕စာခ်ဳပ္အေျခအေနက ရႈပ္ေထြးပါတယ္။ အဲ့တာေၾကာင့္ ေခၚယူႏိုင္ဖို႔ေတာ့ ခက္ခဲႏိုင္ပါတယ္”လို႔ မင္ဂြယ္လာက ေျပာၾကားခဲ့ပါတယ္။

၂၀၂၁ ရဲ႕ဘာစီလိုနာဥကၠဌေ႐ြးခ်ယ္ပြဲကို လာမယ့္ဇန္နဝါရီလ ၂၄ ရက္ေန႔မွာ က်င္းပမွာျဖစ္ကာ ယခင္ဥကၠဌ ဘာတိုျမဴကေတာ့ ႏုတ္ထြက္သြားခဲ့ၿပီျဖစ္ပါတယ္။