
မန်ချက်စတာ စီးတီးအသင်းဟာ စပိန်ကွင်းလယ်လူ ရိုဒရီကို
စာချုပ်သစ်ချုပ်ဆိုပြီး ချီးမြှင့်သွားဖို့ရှိတယ်လို့
Daily Star သတင်းဌာနအရ သိရပါတယ်။
စီးတီးကွင်းလယ်ကစားသမားဟာ လက်ရှိစာချုပ်မှာ
နောက်ထပ် ( ၂ ) နှစ် သက်တမ်း ကျန်ရှိနေသေးပေမယ့်
အသင်းက သူ့ကို ကာလကြာရှည်ဆက်ထိန်းထားဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။
သူတို့က ယခုနှစ်ရာသီကုန်တွင် ကွင်းလယ်ကစားသမားကို အီတီဟတ်မှာ
( ၂၀၂၆ ) ဇွန်ထိ ဆက်ထိန်းထားနိုင်မယ့် စာချုပ်သစ်နဲ့
ပတ်သက်ပြီး ဆွေးနွေးသွားဖို့ရှိနေပါတယ်။
အသက် ( ၂၅ ) နှစ်အရွယ် ရိုဒရီဟာ အဆိုပါ စာချုပ်အရ
လက်ရှိရရှိနေတဲ့ လစာပမာဏ တစ်ပတ်လုပ်ခ ေပါင် ( ၇၀ ၀၀၀ ) ကနေ
ပေါင် ( ၁၂၅ ၀၀၀ ) ထိ တိုးမြင့်ခံစားခွင့်ရမယ်လို့ သိရပါတယ်။
( ၂၀၁၉ ) ဇူလိုင်လအတွင်း ပေါင် ( ၆၂.၈ ) သန်းနဲ့ မန်စီးတီးကို ရောက်ရှိလာတဲ့
အက်သလက်တီကို မက်ဒရစ် ကစားသမားဟောင်းဟာ
ပရီးမီးယားလိဂ်ကို ပြောင်းရွေ့လာချိန်ကစပြီး ပုံမှန်ခြေစွမ်းပြသလျက်ရှိပါတယ်။
စပိန် လက်ရွေးစင်အသင်းအတွက် ပွဲ ( ၃၀ ) ကစားပေးထားတဲ့
ရိုဒရီဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ချိန်ပီယံဆု သိမ်းပိုက်နိုင်ခဲ့တဲ့
ပက်ဂွာဒီယိုလာရဲ့ အသင်းမှာ အဓိက ကျခဲ့ပါတယ်။
အဆိုပါ ( ၂၀၂၀ /၂၁ ) ရာသီအတွင်း သူက ပြိုင်ပွဲစုံ ( ၅၅ ) ပွဲကစားခဲ့ပြီး
စီးတီးကလည်း ပရီးမီးယားလိဂ်ချန်ပီယံဆု ၊ ကာရာဘောင်ဖလားတို့ကို
သိမ်းပိုက်နိုင်ခဲ့သလို ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုလည်း တက်ရောက်နိုင်ခဲ့ပါတယ်။
zawgyi
႐ိုဒရီကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုၿပီး လစာတိုးေပးေတာ့မယ့္ မန္စီးတီး
မန္ခ်က္စတာ စီးတီးအသင္းဟာ စပိန္ကြင္းလယ္လူ ႐ိုဒရီကို
စာခ်ဳပ္သစ္ခ်ဳပ္ဆိုၿပီး ခ်ီးျမႇင့္သြားဖို႔ရွိတယ္လို႔
Daily Star သတင္းဌာနအရ သိရပါတယ္။
စီးတီးကြင္းလယ္ကစားသမားဟာ လက္ရွိစာခ်ဳပ္မွာ
ေနာက္ထပ္ ( ၂ ) ႏွစ္ သက္တမ္း က်န္ရွိေနေသးေပမယ့္
အသင္းက သူ႔ကို ကာလၾကာရွည္ဆက္ထိန္းထားဖို႔ ဆႏၵရွိေနတာျဖစ္ပါတယ္။
သူတို႔က ယခုႏွစ္ရာသီကုန္တြင္ ကြင္းလယ္ကစားသမားကို အီတီဟတ္မွာ
( ၂၀၂၆ ) ဇြန္ထိ ဆက္ထိန္းထားႏိုင္မယ့္ စာခ်ဳပ္သစ္နဲ႔
ပတ္သက္ၿပီး ေဆြးေႏြးသြားဖို႔ရွိေနပါတယ္။
အသက္ ( ၂၅ ) ႏွစ္အ႐ြယ္ ႐ိုဒရီဟာ အဆိုပါ စာခ်ဳပ္အရ
လက္ရွိရရွိေနတဲ့ လစာပမာဏ တစ္ပတ္လုပ္ခ ေပါင္ ( ၇၀ ၀၀၀ ) ကေန
ေပါင္ ( ၁၂၅ ၀၀၀ ) ထိ တိုးျမင့္ခံစားခြင့္ရမယ္လို႔ သိရပါတယ္။
( ၂၀၁၉ ) ဇူလိုင္လအတြင္း ေပါင္ ( ၆၂.၈ ) သန္းနဲ႔ မန္စီးတီးကို ေရာက္ရွိလာတဲ့
အက္သလက္တီကို မက္ဒရစ္ ကစားသမားေဟာင္းဟာ
ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ြ႕လာခ်ိန္ကစၿပီး ပုံမွန္ေျခစြမ္းျပသလ်က္ရွိပါတယ္။
စပိန္ လက္ေ႐ြးစင္အသင္းအတြက္ ပြဲ ( ၃၀ ) ကစားေပးထားတဲ့
႐ိုဒရီဟာ ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္ခ်ိန္ပီယံဆု သိမ္းပိုက္ႏိုင္ခဲ့တဲ့
ပက္ဂြာဒီယိုလာရဲ႕ အသင္းမွာ အဓိက က်ခဲ့ပါတယ္။
အဆိုပါ ( ၂၀၂၀ /၂၁ ) ရာသီအတြင္း သူက ၿပိဳင္ပြဲစုံ ( ၅၅ ) ပြဲကစားခဲ့ၿပီး
စီးတီးကလည္း ပရီးမီးယားလိဂ္ခ်န္ပီယံဆု ၊ ကာရာေဘာင္ဖလားတို႔ကို
သိမ္းပိုက္ႏိုင္ခဲ့သလို ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကိုလည္း တက္ေရာက္ႏိုင္ခဲ့ပါတယ္။